Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ကနေ မူလထိန်းသိမ်းထားရာနေရာပြန်ပို့ဖို့ အာဆီယံအထူးကိုယ်စားလှယ် တောင်းဆို

အဲဒီထုတ်ပြန်ချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မူလနေရာဆီပြန်ပို့ဖို့ အာဆီယံအထူးကိုယ်စားလှယ်ဟာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ထံ စာရေးသားပေးပို့ထားတယ်လို့ဖော်ပြထားပါတယ်။

Prak Sokhonn
Prak Sokhonn

အကျဉ်းချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မူလထိန်းသိမ်းထားရာနေရာဆီ ပြန်လည်ပို့ဆောင်ဖို့အတွက် အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆွန်ခွန်က စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ဆီရွှေ့ပြောင်းလိုက်တဲ့အပေါ် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ ဟာအလွန်အမင်းစိုးရိမ်နေပြီး မူလနေရာမှာပဲပြန်လည်ထားရှိဖို့ တောင်းဆိုထားတာတွေ့ရပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မူလနေရာဆီပြန်ပို့ဖို့ အာဆီယံအထူးကိုယ်စားလှယ်ဟာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ထံ စာရေးသားပေးပို့ထားတယ်လို့ဖော်ပြထားပါတယ်။

Prak Sokhonn
Prak Sokhonn

မြန်မာနိုင်ငံ မူလအခြေအနေကို ပြန်ရောက်ဖို့နဲ့အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာအရေးပါတဲ့ ကဏ္ဍ ကနေရှိနေတယ်လို့ နိုင်ငံတကာနဲ့ ပြည်တွင်းက မြန်မာပြည်သူတွေဟာမှတ်ယူထားကြတယ် ဆိုတာကို အာဆီယံအထူးကိုယ်စားလှယ်က စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကိုအသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံအထူးကိုယ်စားလှယ်ဟာ ဒီလကုန်ပိုင်းမှာ မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်ဖို့ရှိနေပါတယ်။အဲဒီခရီးစဉ်အတွင်းမှာစစ်ကောင်စီခေါင်းဆောင်နဲ့တွေ့ဆုံမှာပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရဖို့ကတော့ မသေချာသေးပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးနဲ့ နေထိုင်တဲ့နေရာကနေ အခြားတစ်နေရာကိုပို့လိုက်ပြီး ဖမ်းဆီးထားတာပါ။

အဲဒီနေရာကနေ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ဆီပြောင်းရွှေ့ထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။