Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်နှစ်စီးအား မြောင်မြို့နယ်တော်လှန်ရေးတပ် မိုင်းဆွဲတိုက်ခိုက်

ယမန်နေ့ညနေ ၅နာရီ၄၅မိနစ်ကလည်း မုံရွာမှ စစ်ကိုင်းမြို့သို့ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်လုံခြုံရေး ရဲများ၏ ပွိုင့်ကားသုံးစီးနှင့် စစ်ကောင်စီတပ်အရာရှိတစ်ဦး၏ အိမ်စီးကားတစ်စီးမှာလည်း PDFများ၏ တိုက်ခိုက်ခံခဲ့ရသေးသည်။

(မိုင်းထိပျက်စီးသွားသော အကြမ်းဖက်စစ်တပ်၏ ယာဥ်တစ်စီးအား တွေ့ရစဥ်။ ဓာတ်ပုံ-MRA)
(မိုင်းထိပျက်စီးသွားသော အကြမ်းဖက်စစ်တပ်၏ ယာဥ်တစ်စီးအား တွေ့ရစဥ်။ ဓာတ်ပုံ-MRA)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီယာဥ်နှစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ခုနစ်ဦးခန့်သေဆုံးကာ ယာဥ်တစ်စီးပျက်စီးသွားကြောင်း မြောင်မြို့နယ်တော်လှန်ရေးတပ် – MRAက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇွန်လ၂၇ရက်) ညနေပိုင်းက မုံရွာမြို့မှထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီနှစ်စီးအား ညနေ၅နာရီခန့်တွင် ချောင်းဦးမြို့နယ်၊ ဂွေးပင်တောကျေးရွာအနီး၌ ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း MRA စစ်ကိုင်းခရိုင်တပ်ရင်း၅၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ ယာဥ်တစ်စီးပျက်စီးသွားကြောင်း၊ ယင်းပျက်စီးသွားသောယာဥ်မှာ ထိုနေရာတွင်ပင်ရှိနေသေးကြောင်း MRAက အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ MRA သို့ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

Public Service Announcement

Public Service Announcement

ယမန်နေ့ နံနက် ၉နာရီခွဲဝန်းကျင်တွင်လည်း မြင်းမူမြို့ မှထွက်လာသော စစ်ကောင်စီ၏ အရာရှိတစ်ဦးပါယာဉ်တန်းအား မုံရွာ – မန္တလေးလမ်းမကြီးပေါ် ဘိုးမင်းကြီးကင်းရွာနှင့် ဂွေးပင်တောရွာကြားတွင် မိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး သုံးဦးထက်မနည်းသေဆုံးနိုင်သည်ဟု ဗိုလ်တောက်ထွန်း(MBTT)အဖွဲ့က ထုတ်ပြန်ထားသည်။

ယမန်နေ့ညနေ ၅နာရီ၄၅မိနစ်ကလည်း မုံရွာမှ စစ်ကိုင်းမြို့သို့ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်လုံခြုံရေး ရဲများ၏ ပွိုင့်ကားသုံးစီးနှင့် စစ်ကောင်စီတပ်အရာရှိတစ်ဦး၏ အိမ်စီးကားတစ်စီးမှာလည်း PDFများ၏ တိုက်ခိုက်ခံခဲ့ရသေးသည်။

ဇွန်လ၂၅ရက် နံနက်မှစ၍ နောက်ထပ်အသိပေးချက် ထပ်မံမထုတ်ပြန်မချင်း မုံရွာ – မန္တလေးလမ်းမကြီး၊ စစ်ကိုင်း – မြင်းမူ – မုံရွာလမ်းပိုင်းအား လုံးဝအသုံးပြုခြင်းမလုပ်ကြရန် ဒေသတွင်းအဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်