မွန်ပြည်နယ်အခြေပြု ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှစ်ခုယနေ့မဟာမိတ်အဖြစ် ပူးပေါင်းလိုက်ကြောင်း သတင်းထုတ်ပြန်သည်။
မွန်ပြည်နယ်၏ အထူးတပ်ဖွဲ့ ရေးဘီလူးအဖွဲ့နှင့် မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSROတို့က မဟာမိတ်အဖြစ် ယနေ့(ဇွန် ၂၈ ရက်)တွင် ပူးပေါင်းခဲ့ခြင်းဖြစ်သည်။

စစ်ဆင်ရေးအချို့ကိုလည်းနောက်ပိုင်းတွင်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး အာဏာရှင်စနစ် အမြစ်ပြတ်သည် အထိ မဟာမိတ်များအဖြစ် အတူတကွလက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်သည်။


“အဓိကကတော့ တော်လှန်ရေးလုပ်နေတဲ့ အဖွဲ့အစည်းဖြစ်တာမို့ပါတော်လှန်ရေးကို သန္ဓေမှန်မှန်နဲ့လုပ်နေတဲ့မည်သည့်တော်လှန်ရေးအဖွဲ့အစည်းမဆို ပူးပေါင်းဖို့ အဆင်သင့်ပါ။ မဟာမိတ်လုပ်ပီးတဲ့နောက်မဟာမိတ်သဘောတူညီချက်တွေအဓိက ၂ ချက် ထားခဲ့တာရှိပါတယ် သတင်းအချက်အလက် မျှဝေရေးနှင့်အချို့စစ်ဆင်ရေးတွေပူးပေါင်းလုပ်ဆောင်သွားမည်ဆိုတဲ့အချက်ပါ။ပြီးတော့ နောက်ပိုင်း စစ်ဆင်ရေးအချို့ကိုလည်း ပူးပေါင်းလုပ်ဆောင်သွားဖို့ရှိသလိုစကစနဲ့ပက်သတ်တဲ့ ဒေါက်တိုင်တွေ ဒလံ တွေ စခ တွေ ရခ တွေကိုလည်း များများချေမှုန်းသွားဖို့ရှိပါတဟ်ခင်ဗျ”ဟု MSROက တာဝန်ရှိသူကပြောသည်။

Public Service Announcement

ရေးဘီလူးအဖွဲ့သည် မွန်ပြည်နယ်၊ရေးမြို့နယ် အခြေစိုက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး MSROသည် မွန်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည်။


















































