Connect with us

Hi, what are you looking for?

သတင်း

မွန်အ​ခြေစိုက်​တော်လှန်​ရေးနှစ်ဖွဲ့ မဟာမိတ်အဖြစ်ပူး​ပေါင်း

စစ်ဆင်ရေးအချို့ကိုလည်းနောက်ပိုင်းတွင်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး အာဏာရှင်စနစ် အမြစ်ပြတ်သည် အထိ မဟာမိတ်များအဖြစ် အတူတကွလက်တွဲ ဆောင်ရွက်သွားမည်ဖြစ်​ကြောင်းထုတ်ပြန်သည်။

(​တော်လှန်​ရေးနှစ်ဖွဲ့မှ မဟာမိတ်အဖြစ်ပူး​ပေါင်း​​ရန်​​တွေ့ဆုံ​ဆွေး​နွေးကြစဥ် ။ ။ဓါတ်ပုံ-​ရေးဘီလူး)
(​တော်လှန်​ရေးနှစ်ဖွဲ့မှ မဟာမိတ်အဖြစ်ပူး​ပေါင်း​​ရန်​​တွေ့ဆုံ​ဆွေး​နွေးကြစဥ် ။ ။ဓါတ်ပုံ-​ရေးဘီလူး)

မွန်ပြည်နယ်အခြေပြု ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှစ်ခုယ​နေ့မဟာမိတ်အဖြစ် ပူးပေါင်းလိုက်ကြောင်း သတင်းထုတ်ပြန်သည်။

မွန်ပြည်နယ်၏ အထူးတပ်ဖွဲ့ ရေးဘီလူးအဖွဲ့နှင့် မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSROတို့က မဟာမိတ်အဖြစ် ယနေ့(ဇွန် ၂၈ ရက်)တွင် ပူးပေါင်းခဲ့ခြင်းဖြစ်သည်။

(​တော်လှန်​ရေးနှစ်ဖွဲ့မှ မဟာမိတ်အဖြစ်ပူး​ပေါင်း​​ရန်​​တွေ့ဆုံ​ဆွေး​နွေးကြစဥ် ။ ။ဓါတ်ပုံ-​ရေးဘီလူး)
(​တော်လှန်​ရေးနှစ်ဖွဲ့မှ မဟာမိတ်အဖြစ်ပူး​ပေါင်း​​ရန်​​တွေ့ဆုံ​ဆွေး​နွေးကြစဥ် ။ ။ဓါတ်ပုံ-​ရေးဘီလူး)

စစ်ဆင်ရေးအချို့ကိုလည်းနောက်ပိုင်းတွင်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး အာဏာရှင်စနစ် အမြစ်ပြတ်သည် အထိ မဟာမိတ်များအဖြစ် အတူတကွလက်တွဲ ဆောင်ရွက်သွားမည်ဖြစ်​ကြောင်းထုတ်ပြန်သည်။

“အဓိကကတော့ တော်လှန်ရေးလုပ်နေတဲ့ အဖွဲ့အစည်းဖြစ်တာမို့ပါတော်လှန်ရေးကို သန္ဓေမှန်မှန်နဲ့လုပ်နေတဲ့မည်သည့်တော်လှန်ရေးအဖွဲ့အစည်းမဆို ပူးပေါင်းဖို့ အဆင်သင့်ပါ။ မဟာမိတ်လုပ်ပီးတဲ့နောက်မဟာမိတ်သဘောတူညီချက်တွေအဓိက ၂ ချက် ထားခဲ့တာရှိပါတယ် သတင်းအချက်အလက် မျှဝေရေးနှင့်အချို့စစ်ဆင်ရေးတွေပူးပေါင်းလုပ်ဆောင်သွားမည်ဆိုတဲ့အချက်ပါ။ပြီးတော့ နောက်ပိုင်း စစ်ဆင်ရေးအချို့ကိုလည်း ပူးပေါင်းလုပ်ဆောင်သွားဖို့ရှိသလိုစကစနဲ့ပက်သတ်တဲ့ ဒေါက်တိုင်တွေ ဒလံ တွေ စခ တွေ ရခ တွေကိုလည်း များများချေမှုန်းသွားဖို့ရှိပါတဟ်ခင်ဗျ”ဟု MSROက တာဝန်ရှိသူက​ပြောသည်။

Public Service Announcement

Public Service Announcement

(​တော်လှန်​ရေးနှစ်ဖွဲ့မှ မဟာမိတ်အဖြစ်ပူး​ပေါင်း​​ရန်​​တွေ့ဆုံ​ဆွေး​နွေးကြစဥ် ။ ။ဓါတ်ပုံ-​ရေးဘီလူး)
(​တော်လှန်​ရေးနှစ်ဖွဲ့မှ မဟာမိတ်အဖြစ်ပူး​ပေါင်း​​ရန်​​တွေ့ဆုံ​ဆွေး​နွေးကြစဥ် ။ ။ဓါတ်ပုံ-​ရေးဘီလူး)

ရေးဘီလူးအဖွဲ့သည် မွန်ပြည်နယ်၊ရေးမြို့နယ် အခြေစိုက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး MSROသည် မွန်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ရွာအခြေစိုက် အမှတ် (၃၁၈) အမြောက်တပ်ရင်းကနေ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ရွာဘက်ဆီ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့ KNU တပ်မဟာ (၆) တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့တယ် ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

နိုင်ငံတကာ

အီသီယိုးပီးယားရဲ့ ကွဲပြားတဲ့ ဒေသတွေမှာ အခြေစိုက် လှုပ်ရှားနေတဲ့ အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင်အင်အားစု ၇ ခုဟာ မဟာမိတ်အဖြစ် ပေါင်းစည်းကြောင်း ကြေညာလိုက်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။