Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေးဖြေရှင်းပုံကို ပြောင်းလဲရန် ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးထံ အရပ်ဘက်အဖွဲ့အစည်း ၆၈၈ ဖွဲ့ အိတ်ဖွင့်ပေးစာပေးပို့

မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့်ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးတို့ ဇွန် ၂၈ ရက်ကတွေ့ဆုံစဉ် ဆိုးရွားနေသည့်မြန်မာနိုင်ငံအခြေအနေကို အလွန်အမင်းစိုးရိမ်ကြောင်း ထည့်သွင်းဆွေးဆွေးခဲ့သည်။

မြန်မာစစ်ကောင်စီနှင့် ၎င်း၏စီးပွားရေးလုပ်ငန်းများကိုပစ်မှတ်ထားအရေးယူဒဏ်ခတ်မှုများ ပြုလုပ်ခြင်းအပါအဝင် ဩစတြေးလျ၏ မြန်မာ့အရေးဖြေရှင်းပုံကို ပြောင်းလဲရန် အရပ်ဘက်အဖွဲ့ အစည်း ၆၈၈ ခုက တောင်းဆိုလိုက်သည်။

Justice For Myanmar အပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၆၈၈ ခုက ဩစတြေးလျနိုင်ငံခြား ရေးဝန်ကြီး Penny Wong ထံ တိုက်တွန်းအကြံပြုချက်များအိတ်ဖွင့်ပေးစာ၌ ထည့်သွင်းတောင်း ဆိုခြင်းဖြစ်သည်။

မြန်မာ့အရေးဖြေရှင်းပုံကို ပြောင်းလဲရန် ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးထံ အရပ်ဘက်အဖွဲ့အစည်း ၆၈၈ ဖွဲ့ အိတ်ဖွင့်ပေးစာပေးပို့
မြန်မာ့အရေးဖြေရှင်းပုံကို ပြောင်းလဲရန် ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးထံ အရပ်ဘက်အဖွဲ့အစည်း ၆၈၈ ဖွဲ့ အိတ်ဖွင့်ပေးစာပေးပို့

ဩစတြေးလျသည် မြန်မာ့တရားဝင်အစိုးရ NUG ၊ အမြင့်ဆုံးအတိုင်ပင်ခံကောင်စီ NUCC တို့ကို အသိအမှတ်ပြုကာ ကူညီထောက်ပံ့ရေး၊ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ခံမှုရှိ ရေး ICJ အမှုကို အပြည့်အ၀အကူအညီပေးရေး၊ စစ်ကောင်စီအပေါ် ကမ္ဘာလုံးဆိုင်ရာလက်နက် ပိတ်ဆို့ရေး ကုလလုံခြုံရေးကောင်စီကိုတိုက်တွန်းရေးနှင့် မြန်မာ့နိုင်ငံအခြေအနေကို ICC ကို လွှဲ ပြောင်းရေး အချက်များကို အိတ်ဖွင့်ပေးစာ၌ ဖော်ပြသည်။

ထို့အပြင်အစည်းအဝေးများ၊အစီအစဉ်များနှင့်စစ်ရေးလေ့ကျင့်မှုအားလုံးမှ စစ်ကောင်စီကို ဖယ်ထုတ်ထားရန်နှင့် NUG ၊ NUCC တို့ကို ပါဝင်တက်ရောက်ခွင့်ပေးရန်တို့ကို အာဆီယံအားအရပ်ဘက်အဖွဲ့အစည်းများကတောင်းဆိုသည်။

Public Service Announcement

Public Service Announcement

အထက်ပါ အရပ်ဘက်အဖွဲ့အစည်းများသည် ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong မလေးရှားသို့အလည်အပတ်ရောက်ရှိနေစဉ် ယင်းသို့ အိတ်ဖွင့်ပေးစာပေးပို့ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့်ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးတို့ ဇွန် ၂၈ ရက်ကတွေ့ဆုံစဉ် ဆိုးရွားနေသည့်မြန်မာနိုင်ငံအခြေအနေကို အလွန်အမင်းစိုးရိမ်ကြောင်း ထည့်သွင်းဆွေးဆွေးခဲ့သည်။

စစ်အာဏာသိမ်းချိန်မှစ၍ လက်ရှိအချိန်အထိဩစတြေးလျသည် အကြမ်းဖက်စစ်ကောင်စီအပေါ် အရေးယူဒဏ်ခတ်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့အရေးကို အင်ဒို-ပစိဖိတ်ဒေသ မဟာဗျူဟာမြောက်ဦးစားပေးအဖြစ် အသိအမှတ်ပြုဖို့ အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန် တို့ပါဝင်တဲ့ လေးနိုင်ငံ လုံခြုံရေးဆွေးနွေးဖက်နိုင်ငံများအဖွဲ့ QUAD ကို တော်လှန်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်း ၆၆ ခု ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်လည်း အာဆီယံထိပ်သီးညီလာခံ တက်ရောက်ခွင့်ရဖွယ် မရှိ

နိုင်ငံတကာ

ဘေဂျင်းမြို့တော်ဆီ ရောက်ရှိနေတဲ့ အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီကို တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက လက်ခံ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဩစတြေးလျက လေဆိပ်တစ်ခုမှာ လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့တာကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။