Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ထိတွေ့မှုများရှိ၍ ဒေသခံပြည်သူများ စစ်ဘေးရှောင်နိုင်ရန် YDF ကူညီပေးနေ

“နယ်မြေစိုးမိုးမှုကို သူတို့ တောက်လျှောက်လုပ်နေတယ်။အဓိကတော့ ပြည်သူတွေ စစ်ဘေးရှောင်နေရတာတွေကြောင့် စိတ်အားမငယ်ဖို့ပါပဲ။မြေပြင်စစ်ရေးအရ အချိန်မရွေးတိုက်ပွဲတွေ ပြင်းထန်ဖို့လည်း ရှိနေတယ်”ဟု ၎င်းက ပြောသည်။

(ယနေ့ နံနက်အစောပိုင်းတွင် စစ်ဘေးရှောင်နေရသည့် ထီးလင်းမြို့နယ်တွင်းမှ ဒေသခံများဖြစ်သည်။ဓာတ်ပုံ - YDF)
(ယနေ့ နံနက်အစောပိုင်းတွင် စစ်ဘေးရှောင်နေရသည့် ထီးလင်းမြို့နယ်တွင်းမှ ဒေသခံများဖြစ်သည်။ဓာတ်ပုံ - YDF)

ထီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ထိတွေ့မှုများရှိနေပြီး ဒေသခံပြည်သူများ စစ်ဘေးရှောင်နိုင်ရန်ကူညီပေးနေကြောင်း YDF(Htilin)တာဝန်ရှိသူက People’s Springသို့ ပြောသည်။

လက်ရှိ ထီးလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းသုံးခုဖြင့် ရွှေအောင်သာ၊ထန်းပင်ကုန်းနှင့် ထီးလင်း – မင်းတပ်ဒေသအစပ် ပလုံတီကျေးရွာတို့တွင် ရှိနေသည်ဟု ဆိုသည်။

(ယနေ့ နံနက်အစောပိုင်းတွင် စစ်ဘေးရှောင်နေရသည့် ထီးလင်းမြို့နယ်တွင်းမှ ဒေသခံများဖြစ်သည်။ဓာတ်ပုံ - YDF)
(ယနေ့ နံနက်အစောပိုင်းတွင် စစ်ဘေးရှောင်နေရသည့် ထီးလင်းမြို့နယ်တွင်းမှ ဒေသခံများဖြစ်သည်။ဓာတ်ပုံ – YDF)

“ဒီမနက် ထန်းပင်ကုန်းရွာ နားမှာ ကျွန်တော်တို့ တပ်ခွဲတစ်ခု စခတပ်ကို ခြုံခိုတိုက်တယ်။သူတို့ဘက်က လက်နက်ကြီးတွေ အသုံးပြုပြန်ပစ်ခတ်နေတယ်။ဒီလောက်ပဲ အကြမ်းဖျင်းပြောနိုင် သေးတယ်။ပြီးတော့ ပလုံတီမှာလည်း CDF မင်းတပ်နဲ့ စခတပ် တိုက်ပွဲဖြစ်နေတယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ထို့ကြောင့် လတ်တလောတွင် ထီးလင်းနယ်ရှိ ထန်းပင်ကုန်းရွာအပါအဝင် နီးစပ်ရာ ဒေသခံများမှာ ယနေ့(ဇွန် ၂၉ ရက်) နံနက်ပိုင်းကစ၍ စစ်ဘေးရှောင်နေရကြောင်း ၎င်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

(ယနေ့ နံနက်အစောပိုင်းတွင် စစ်ဘေးရှောင်နေရသည့် ထီးလင်းမြို့နယ်တွင်းမှ ဒေသခံများဖြစ်သည်။ဓာတ်ပုံ - YDF)
(ယနေ့ နံနက်အစောပိုင်းတွင် စစ်ဘေးရှောင်နေရသည့် ထီးလင်းမြို့နယ်တွင်းမှ ဒေသခံများဖြစ်သည်။ဓာတ်ပုံ – YDF)

မေလ နောက်ဆုံးပတ်ကစ၍ ထီးလင်းမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က အင်အား ၃၀၀ရာ ခန့် ထပ်မံဖြည့်တင်းခဲ့ခြင်းဖြစ်ကာ ဒေသတွင်းနယ်မြေစိုးမိုးမှုကို အသာစီးယူရန် ကြိုးပမ်းနေခြင်းဟု ယောဒေသစစ်ရေးစောင့်ကြည့်သူတစ်ဦးက သုံးသပ်သည်။

(ယနေ့ နံနက်အစောပိုင်းတွင် စစ်ဘေးရှောင်နေရသည့် ထီးလင်းမြို့နယ်တွင်းမှ ဒေသခံများဖြစ်သည်။ဓာတ်ပုံ - YDF)
(ယနေ့ နံနက်အစောပိုင်းတွင် စစ်ဘေးရှောင်နေရသည့် ထီးလင်းမြို့နယ်တွင်းမှ ဒေသခံများဖြစ်သည်။ဓာတ်ပုံ – YDF)

“နယ်မြေစိုးမိုးမှုကို သူတို့ တောက်လျှောက်လုပ်နေတယ်။အဓိကတော့ ပြည်သူတွေ စစ်ဘေးရှောင်နေရတာတွေကြောင့် စိတ်အားမငယ်ဖို့ပါပဲ။မြေပြင်စစ်ရေးအရ အချိန်မရွေးတိုက်ပွဲတွေ ပြင်းထန်ဖို့လည်း ရှိနေတယ်”ဟု ၎င်းက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေချိန်တွင် ဂရုတစိုက်သွားလာနေထိုင်ကြ ရန်လည်း YDF(Shwe Som Nyo)က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

ဆောင်းပါး

မြိုင်မြို့နယ်အနောက်ပိုင်းမှာ စစ်ရှောင်ရင်းနဲ့ ကျန်နေခဲ့တဲ့ နွားကလေးနှစ်ကောင်ဟာ တစ်လနီးပါးအကြာမှာသခင်နဲ့ ပြန်ဆုံခဲ့ကြပါတယ်။