Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်တွင် စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်၍ ကလေးငယ်တစ်ဦး အသက်ဆုံးရှုံး

စစ်ကောင်စီတပ်သည် ထီးလင်းမြို့နယ်မှတစ်ဆင့် မင်းတပ်မြို့နယ်သို့ ဝင်ရောက် စစ်ရေးလှုပ်ရှားစဉ် မင်းတပ် CDF ကင်းအဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

(စစ်​ကောင်စီ၏ မင်းတပ်မြို့ရှိ ခလရ ၂၇၄ အတွင်းပိုင်းရှိလက်နက်ကြီးဆင်ထား​သော​နေရာနှင့်စစ်ကားများကိုအ​ပေါ်စီးမှ​တွေ့ရပုံ။ ။ဓါတ်ပုံ-HKL)
(စစ်​ကောင်စီ၏ မင်းတပ်မြို့ရှိ ခလရ ၂၇၄ အတွင်းပိုင်းရှိလက်နက်ကြီးဆင်ထား​သော​နေရာနှင့်စစ်ကားများကိုအ​ပေါ်စီးမှ​တွေ့ရပုံ။ ။ဓါတ်ပုံ-HKL)

ချင်းပြည်နယ် မင်းတပ်မြို့၌ စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသန်းပစ်ခတ်၍ ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း မင်းတပ် CDFက သတင်းထုတ်ပြန်သည်။

မင်းတပ် အခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၇၄)တပ်က ယနေ့(ဇွန်လ ၂၉ရက်) နံနက်ပိုင်းမှာ မင်းတပ်မြို့နယ် မဒပ်ရွာသို့ လက်နက်ကြီးများရမ်းသန်း ပစ်ခတ်ခဲ့ရာ အသက် ၁၄နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရပြီး နံနက် ၁၁နာရီခွဲတွင် သေဆုံးခဲ့ရသည်ဟု ဖော်ပြထားသည်။ အဆိုပါ ကလေးငယ်သည် ယခင်က စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးထိ၍ ခြေထောက်ပြတ်ခဲ့ရသော ကလေး၏ အကိုဖြစ်သည်ဟု ဆိုသည်။

မင်းတပ်တွင် ယနေ့မနက်မှ စတင်ခဲ့သည့် မင်းတပ် CDFနှင့် စစ်ကောင်စီတပ်တို့၏ တိုက်ပွဲမှာ ယခုနေ့လည်ပိုင်းအထိ ပြင်းထန်နေဆဲဖြစ်ကြောင်း အသိပေးထား သည်။ တိုက်ပွဲ၌ ထိခိုက်ကျဆုံး အခြေအနေများကိုမူ ဖော်ပြမထားပေ။

စစ်ကောင်စီတပ်သည် ထီးလင်းမြို့နယ်မှတစ်ဆင့် မင်းတပ်မြို့နယ်သို့ ဝင်ရောက် စစ်ရေးလှုပ်ရှားစဉ် မင်းတပ် CDF ကင်းအဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်