Connect with us

Hi, what are you looking for?

သတင်း

မလေးရှား ဘုရင်အဖြစ် ဘီလီယံနာ သူဌေးကြီး ဆူလ်တန် အီဘရာဟင် ကျမ်းသစ္စာ ကျိန်ဆို

ဆူလ်တန် အီဘရာဟင်ဟာ ပါဟန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဆူလ်တန် အက်ဘ်ဒူလာ ဆူလ်တန် အာမက်ရှားဟ်ရဲ့ ထီးနန်း အရိုက်အရာကို ဆက်ခံခဲ့သူ ဖြစ်ပါတယ်။

မလေးရှား ဘုရင်အဖြစ် ဘီလီယံနာ သူဌေးကြီး ဆူလ်တန် အီဘရာဟင် ကျမ်းသစ္စာ ကျိန်ဆို
မလေးရှား ဘုရင်အဖြစ် ဘီလီယံနာ သူဌေးကြီး ဆူလ်တန် အီဘရာဟင် ကျမ်းသစ္စာ ကျိန်ဆို

ဘီလီယံနာ သူဌေးကြီး တစ်ဦးဖြစ်တဲ့ ဆူလ်တန် အီဘရာဟင် အစ္စကန်ဒါဟာ မလေးရှား နိုင်ငံရဲ့ ဘုရင်သစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

အသက် ၆၅ နှစ်အရွယ် ဆူလ်တန် အီဘရာဟင်ဟာ နိုင်ငံရဲ့ အချမ်းသာဆုံး မိသားစု တစ်ခုကို ဦးဆောင်နေပြီး လက်ရှိ ဂျိုဟော် ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး အဖြစ်လည်း တာဝန်ယူထားသူပါ။ ဇန်နဝါရီ ၃၁ ရက်နေ့မှာတော့ သူဟာ ကွာလာလမ်ပူ မြို့တော်ရဲ့ တော်ဝင် နန်းတော်မှာ ထီးနန်း ဆက်ခံမှုအတွက် ကျမ်းကျိန်ခဲ့ပြီး နန်းတက်ပွဲကိုတော့ မကြာခင် ကျင်းပသွားမှာ ဖြစ်ပါတယ်။

မလေးရှားမှာ ထူးခြားတဲ့ ထီးနန်း စိုးစံမှုမျိုးနဲ့ စည်းမျဉ်းခံ ဘုရင်စနစ်ကို ကျင့်သုံးနေပါတယ်။ အတိတ်တုန်းက သီးခြား မြို့ပြနိုင်ငံငယ်တွေအဖြစ် ရပ်တည်ခဲ့ရာ ပြည်နယ်ပေါင်း ၁၃ ခုထဲမှာ တော်ဝင်မျိုးဆက်တွေက လက်ကျန် ၉ ခုသာ ရှိတော့ပြီး အဲဒီမိသားစုတွေက အလှည့်ကျ ခန့်အပ်တဲ့ ဘုရင်တွေက ၅ နှစ်ခြားပြီး အလှည့်ကျ ထီးနန်း ဆက်ခံကြတာ ဖြစ်ပါတယ်။

ဆူလ်တန် အီဘရာဟင်ဟာ မလေးရှား နိုင်ငံအနှံ့မှာ ကျယ်ပြောတဲ့ ရင်းနှီးမြှုပ်နှံမှု ကွန်ရက်တွေ ဖြန့်ကျက်ထားပြီး အိမ်ခြံမြေလုပ်ငန်း၊ ဆက်သွယ်ရေး နည်းပညာလုပ်ငန်း၊ လျှပ်စစ်စွမ်းအင်လုပ်ငန်း စသဖြင့် ကဏ္ဍအားလုံးနီးပါးနဲ့ မကင်းသလောက်ပါပဲ။

Public Service Announcement

Public Service Announcement

သူဟာ လက်ရှိ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နဲ့လည်း ရင်းနှီးပြီး ဘုရင်မှာ နိုင်ငံရေးဩဇာ မရှိတဲ့တိုင်အောင် သူနန်းတက်တဲ့ ကာလအတွင်း အန်ဝါရဲ့ အစိုးရအတွက် အထောက်အပံ့ကောင်းတွေ အများကြီး ရှိလာစေနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

မလေးရှား ဘုရင်သစ်ရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ ပတ်သက်လို့ ပုံဖော်ထားတဲ့ ဂုဏ်ပုဒ်တွေ အများအပြား ရှိရာမှာ ထူးခြားမြင်သာတဲ့ အချက်တခုကတော့ ဇိမ်ခံကားနဲ့ ပြိုင်ကားပေါင်း အစီး ၃၀၀ လောက် ဝယ်ယူစုဆောင်းထားတယ် ဆိုတာပါပဲ။

မလေးရှားရဲ့ အလှည့်ကျ စည်းမျဉ်းခံ ဘုရင်စနစ်အရ ဆူလ်တန် အီဘရာဟင်ကို ဆက်ခံမယ့် ပီရက်ခ် ပြည်နယ် အုပ်ချုပ်ရေးမှူး ဆူလ်တန် နက်ဇ်ရင်ရှားဟ်က လက်ထောက်ဘုရင်အဖြစ် ခန့်အပ် ခံခဲ့ရပါတယ်။

ဆူလ်တန် အီဘရာဟင်ဟာ ပါဟန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဆူလ်တန် အက်ဘ်ဒူလာ ဆူလ်တန် အာမက်ရှားဟ်ရဲ့ ထီးနန်း အရိုက်အရာကို ဆက်ခံခဲ့သူ ဖြစ်ပါတယ်။

စည်းမျဉ်းတွေအရ ဘုရင်မှာ သီးခြားနိုင်ငံရေး လုပ်ပိုင်ခွင့် မရှိပေမယ့် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း နိုင်ငံရေးအရ ဘုရင်ရဲ့ အရေးပါမှုတွေ မြင့်တက်လာတဲ့ ဖြစ်စဉ် တချို့ကို တွေ့ရပါတယ်။ အထင်ရှားဆုံးကတော့ မလေးရှားမှာ ဝန်ကြီးချုပ်သစ် မခန့်အပ်နိုင်ဘဲ အငြင်းအခုံတွေ ဖြစ်နေတဲ့အချိန် ဘုရင်က အန်ဝါကို ဝန်ကြီးချုပ်တာဝန် အပ်နှင်းဖို့ ပါဝင်ဆုံးဖြတ်ခဲ့တာမျိုးပါ။

ဘုရင်သစ် ဆူလ်တန် အီဘရာဟင်ဟာ မလေးရှား ဖခင်နဲ့ အင်္ဂလိပ် မိခင်က မွေးဖွားခဲ့သူဖြစ်ပြီး ချမ်းသာကြွယ်ဝမှုနဲ့ ပတ်သက်ရင် ဖုံးကွယ်မထားတတ်သူလို့ လူသိများပါတယ်။ ဘုရင်အဖြစ် ဆက်ခံဖို့အတွက် ဂျိုဟော်ကနေ ကွာလာလမ်ပူကို လာရာမှာ ရွှေရောင်နဲ့ အပြာရောင် ခြယ်သထားတဲ့ ကိုယ်ပိုင် Boeing 737 လေယာဉ်ကို စီးနင်းလာခဲ့ပါတယ်။ သူ့မှာ အဖိုးတန်ကား ၃၀၀ ဝန်းကျင်အပြင် မော်တော်ဆိုင်ကယ်တွေလည်း အများအပြား ရှိပါတယ်။ သူဟာ နှစ်စဉ် ဆိုင်ကယ်စီးပြီး ဂျိုဟော် ပြည်နယ်ထဲ လှည့်လည်ရင်း ဒေသခံတွေနဲ့ တွေ့ဆုံ ဆွေးနွေးတာမျိုးတွေ လုပ်တတ်ပါတယ်။

သူ့ဇနီး ရာဂျာ ဇာရစ်သ် ဆိုဖီရာကလည်း တခြား တော်ဝင်မိသားစု တစ်ခုထဲက မင်းသမီးဖြစ်ပြီး အောက်စ်ဖို့ဒ် တက္ကသိုလ် ကျောင်းဆင်း၊ နာမည်ကျော် ကလေးစာပေ စာရေးဆရာမ တစ်ဦးပါ။ သူတို့မှာ သား ၅ ယောက်နဲ့ သမီး ၁ ယောက် ရှိတယ်လို့လည်း သိရပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

သတင်း

လုံခြုံ​ရေးစိုးရိမ်​နေတဲ့အာဏာသိမ်း​ခေါင်း​ဆောင်ဟာ​တွေ့ဆုံပွဲပြီး အမြန်ပြန်ဖွယ်ရှိ

သတင်း

မလေးရှား နိုင်ငံက စျေးတစ်ခုမှာ အာဏာပိုင်တွေက အလစ်ဝင်ရောက် စီးနင်းခဲ့မှုအတွင်း မြန်မာနိုင်ငံသားတွေ အပါအဝင် အထောက်အထားမဲ့ နိုင်ငံခြား အလုပ်သမား ၁၀၃ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

မလေးရှား နိုင်ငံမှာ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုလို့ ယုံကြည်ရတဲ့ အခြေအနေနဲ့အတူ ဧရာမ မီးတောက်ကြီး ကောင်းကင်ပေါ် ထိုးတက်နေတဲ့ မီးလောင်မှုမျိုး ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံတကာ

နယ်မြေပိုင်နက် သတ်မှတ်ချက်နဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ဖြစ်ပေါ်စေတဲ့ မြေပုံကို appထဲမှာ ထည့်သွင်းမိခဲ့တဲ့နောက် တရုတ်ရဲ့ နို့လက်ဖက်ရည် လုပ်ငန်းစုကြီး Chageeဟာ မလေးရှားနဲ့ ဗီယက်နမ် ပြည်သူတွေရဲ့ ဒေါသနဲ့ ကြုံတွေ့နေပါတယ်။