Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကျိုက်ထို KRFနှင့် ပူးပေါင်းတပ်များ၏ ပြောက်ကျားတိုက်ခိုက်မှုကြောင့် သုံးရက်အတွင်း စစ်ကောင်စီတပ် ၅ဦးသေ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေ ဘီးလင်းမြို့နယ် နတ်ကြီးအနီး ဇီးကုန်း စစ်ကောင်စီစခန်းကုန်အား ဇွန်လ ၂၂ရက်တွင် တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၂၃ရက်တွင် နတ်ကြီး စစ်ကောင်စီဂိတ်စခန်းအား တိုက်ခိုက်ခဲ့ကြောင်း၊ ဇွန်လ ၂၄ရက်တွင် ထီးဝါခလု ရွာအနီး စစ်ကောင်စီတပ်စွဲရာ အိမ်တစ်လုံးအား တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

KRF
KRF

စစ်ကောင်စီ၏ တပ်စခန်းနှင့် စစ်ဆေးရေးဂိတ်များ၊ တပ်စွဲရာနေရာများကို ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)၊ ကျိုက်ထို ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ သုံးရက်အတွင်း စစ်ကောင်စီတပ်မှ ၅ဦးသေ၊ ၆ဦး ဒဏ်ရာရခဲ့သည်ဟု KRFက ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေ ဘီးလင်းမြို့နယ် နတ်ကြီးအနီး ဇီးကုန်း စစ်ကောင်စီစခန်းကုန်အား ဇွန်လ ၂၂ရက်တွင် တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၂၃ရက်တွင် နတ်ကြီး စစ်ကောင်စီဂိတ်စခန်းအား တိုက်ခိုက်ခဲ့ကြောင်း၊ ဇွန်လ ၂၄ရက်တွင် ထီးဝါခလု ရွာအနီး စစ်ကောင်စီတပ်စွဲရာ အိမ်တစ်လုံးအား တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ ပြောက်ကျား စစ်ဆင်ရေးအသွင် တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်မှ အနည်းဆုံး ၅ဦး သေဆုံးပြီး ၆ဦးအထက် ဒဏ်ရာရရှိခဲ့သည်ဟု KRFက အသိပေးသည်။

KRF အနေဖြင့် စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်မည်ဖြစ်ကြောင်း၊ စစ်ကောင်စီ လက်ပါးစေများ၊ သတင်းပေး ဒလန်များ၊ စစ်ကောင်စီထောက်တိုင်များအား ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။