Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် လှည်းတန်း ပေ ၅၀ စျေးတွင်ယ​နေ့နံနက်ဆိုင်အချို့သာ ပြန်ဖွင့်

ရန်ကုန်မြို့လယ်၌ လက်နက်အားကိုးဖြင့် မီးရှို့ရမ်းကားခဲ့သည့် အကြမ်းဖက်စစ်ကောင်စီ၏လုပ်ရပ်အပေါ် အပြင်းအထန် ရှုတ်ချကြောင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY) ကယနေ့ (ဇူလိုင် ၁)တွင်ထုတ်ပြန်သည်။

(လှည်းတန်းလမ်း ၅၀ ​ဈေးကို ယ​နေ့နံနက်ပိုင်းတွင်​တွေ့ရစဥ်။ ဓာတ်ပုံ - AAMIJ)
(လှည်းတန်းလမ်း ၅၀ ​ဈေးကို ယ​နေ့နံနက်ပိုင်းတွင်​တွေ့ရစဥ်။ ဓာတ်ပုံ - AAMIJ)

လက်နက်အားကိုးဖြင့် မီးရှို့ရမ်းကားခဲ့သည့် စစ်ကောင်စီ၏ လုပ်ရပ်အပေါ် AJAY က အပြင်းအထန် ရှုတ်ချ

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်​နေ့ညတွင်မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် ရန်ကုန်မြို့ လှည်းတန်း ပေ (၅၀) စျေးတွင် ယနေ့ နံနက်ပိုင်း၌​ဈေးသည်အချို့သာ​ ဖြစ်သလို​ဈေး​ရောင်ခဲ့ကြသည်။

” မနေ့က စစ်တပ်က ဆိုင်ခုံတွေ၊ လှည်းတွေကို မီးရှို့သွားတော့ စျေးသည်တွေမှာ ဖြစ်သလို စျေးခင်းပြီး ရောင်းနေရတယ်။ တချို့လည်း အသီးအရွက်တွေကို ကျွတ်ကျွတ်အိတ်လိုက် အထုပ်လေးတွေနဲ့ပဲ ရောင်းနေရတယ်။ လာဖမ်းရင် ထွက်ပြေးရ လွယ်အောင်လို့ လို့ ပြောနေကြတယ်။ စျေးသာ မဖြစ်မနေမို့ လာဖွင့်ကြရတာပါ အားလုံးမျက်နှာတွေ မကောင်းဘူး။ တချို့လည်း ကြောက်ကြောက်လန့်လန့်နဲ့ ဖွင့်နေရတာ တွေ့ရတယ် ” ဟု ၎င်းက ဆိုသည်။

(လှည်းတန်းလမ်း ၅၀ ​ဈေးကို ယ​နေ့နံနက်ပိုင်းတွင်​တွေ့ရစဥ်။ ဓာတ်ပုံ - AAMIJ)
(လှည်းတန်းလမ်း ၅၀ ​ဈေးကို ယ​နေ့နံနက်ပိုင်းတွင်​တွေ့ရစဥ်။ ဓာတ်ပုံ – AAMIJ)

အကြမ်းဖက် စစ်ကောင်စီတပ်များသည် ယမန်နေ့ ည ၈ နာရီခွဲဝန်းကျင်တွင် ကမာရွတ်မြို့နယ် လှည်းတန်း ပေ(၅၀)လမ်းရှိ စျေးသည်များ၏ စျေးဗန်းများ၊ စျေးဆိုင်ခုံများ၊ လှည်းများကို မီးရှို့ဖျက်ဆီးခဲ့ပြီး စျေးသည်များအား အော်ဟစ်ဆဲဆိုခဲ့သည်။

ယနေ့ နံနက်ပိုင်းတွင်မူ စျေးသည်အချို့ ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ဆိုင်ခုံများ မရှိတော့သည့်အတွက် ဖြစ်သလိုသာ ရောင်းချနေရကြောင်း မျက်မြင်တွေ့ရှိခဲ့သူ ပြည်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် မီးကျွမ်း လောင်ကျွမ်းခဲ့သည့် ပစ္စည်းအပိုင်းအစများ၊ ပြာမှုန့်များကိုလည်း ယနေ့နံနက်ပိုင်း၌ တွေ့နေရဆဲ ဖြစ်သည်။

(လှည်းတန်းလမ်း ၅၀ ​ဈေးကို ယ​နေ့နံနက်ပိုင်းတွင်​တွေ့ရစဥ်။ ဓာတ်ပုံ - AAMIJ)
(လှည်းတန်းလမ်း ၅၀ ​ဈေးကို ယ​နေ့နံနက်ပိုင်းတွင်​တွေ့ရစဥ်။ ဓာတ်ပုံ – AAMIJ)

ရန်ကုန်မြို့လယ်၌ လက်နက်အားကိုးဖြင့် မီးရှို့ရမ်းကားခဲ့သည့် အကြမ်းဖက်စစ်ကောင်စီ၏လုပ်ရပ်အပေါ် အပြင်းအထန် ရှုတ်ချကြောင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY) ကယနေ့ (ဇူလိုင် ၁)တွင်ထုတ်ပြန်သည်။

“ဒီလိုမျိုး စစ်တပ်က ရန်ကုန်မြို့လည်ခေါင်မှာ အကြမ်းဖက်မီးရှို့တဲ့လုပ်ရပ်ဟာ ပြည်သူတွေကို ဒဲ့စိန်ခေါ်တာပဲဖြစ်တယ်။ ” ငါတို့လုပ်ချင်တာလုပ်လို့ရတယ် ငါတို့ အခုလိုဖိလိုက်ရင် ကြောက်သွားမှာပဲ” ဆိုပြီး အကြောက်တရား သွပ်သွင်းဖို့ကြိုးစားတာပဲဖြစ်တယ်။ ပြည်သူတွေရဲ့ လက်သုံးချောင်းထောင်တာတွေ လက်ခုပ်တီးသံတွေ၊ တော်လှန်ရေးကို အားပေးထောက်ခံမှုတွေကို အလွန်တရာမှ ကြောက်ရွံ့ကြလို့ ကြောက်ကန်,ကန်ပြီး ပြုမူခြင်းဖြစ်တယ်။ မြို့ပေါ်မှာသပိတ်တွေ ခက်ခက်ခဲခဲ ဖော်ဆောင်နေကြတဲ့ လူငယ်တွေနဲ့ ပြည်သူတွေအကြား ရည်ရွယ်ချက်ရှိရှိ သွေးခွဲခြင်းဖြစ်တယ် ” ဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ဆက်လက်၍ ” ဒီကောင်တွေ ကြောက်တာဟာ လက်သုံးချောင်းလား ဒါဆို ပိုပြီးထောင်ပြဖို့လိုပါပြီ။ ဒီကောင်တွေကြောက်တာ လက်ခုပ်သံလား ဒါဆို တစ်နိုင်ငံလုံးကြားသွားအောင် ပိုတီးပြဖို့လိုပါပြီ။ အလျော့ပေးလိုက်မယ်ဆိုရင် အခုလှည်းတန်းစျေးမှသည် တခြားသောစျေးတွေ၊ ရပ်ကွက်တွေ နောက်ဆုံးကျွန်တော်တို့ရဲ့ အိုးအိမ်တွေအထိပါ အခုထပ်ပိုဆိုးတဲ့ ယုတ်မာလှတဲ့ အကြမ်းဖက်မှုမျိုးတွေ နဲ့ ကြုံလာရနိုင်ပါတယ်။ ဒါကြောင့် ပြည်သူတွေရဲ့ အင်အားတွေ ထပ်ပြကြပါ။ စည်းလုံးကြပါ။ လှည်းတန်းက ပြည်သူတွေနဲ့ အတူ ဝန်းရံကြပါစို့ ” ဟုAJAY တိုက်တွန်းနှိုးဆော်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။