Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံမြို့တွင် ယနေ့နံနက် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေ

ဇွန်လ ၁၃ ရက်ကစ၍ စစ်ကောင်စီတပ်က ခေါင်းအိရွာသစ်အပါအဝင် ဖယ်ခုံအင်းအရှေ့ခြမ်း ဆောင်းနန်းခဲ၊လွယ်ပေါ၊နန်းပေါ်လုံ၊နန်းဆွန့်၊ပိန္နဲကုန်း၊မခေခမ်း နှင့်လဟယ်ကျေးရွာများ စစ် ကြောင်းထိုးဝင်လာခဲ့ခြင်း ဖြစ်သည်။

(KNDF တပ်ရင်း (၃) တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်)
(KNDF တပ်ရင်း (၃) တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်)

ရှမ်း – ကရင်နီ(ကယား)ပြည်နယ်အစပ် ဖယ်ခုံမြို့တွင် ယနေ့(ဇူလိုင် ၄ ရက်) နံနက်ပိုင်း၌
စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဖယ်ခုံ – ပင်လောင်းလမ်းမကြီးကိုလည်း အသုံးမပြုရန် ပြည်သူလူထုအား ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း(၃)က အသိပေးသည်။

“မနက် ၇နာရီကျော်လောက်မှာ စဖြစ်တယ်။။နေရာနဲ့တိုက်ပွဲ အသေးစိတ်ကတော့ လောလော ဆယ်ပြောဖို့ ခဲယဥ်းနေသေးတယ်”ဟု ဖယ်ခုံ PDFတပ်ဖွဲ့ဝင်တစ်ဦးက People’s Springသို့ ပြောသည်။

ဇွန်လ ၁၃ ရက်ကစ၍ စစ်ကောင်စီတပ်က ခေါင်းအိရွာသစ်အပါအဝင် ဖယ်ခုံအင်းအရှေ့ခြမ်း ဆောင်းနန်းခဲ၊လွယ်ပေါ၊နန်းပေါ်လုံ၊နန်းဆွန့်၊ပိန္နဲကုန်း၊မခေခမ်း နှင့်လဟယ်ကျေးရွာများ စစ် ကြောင်းထိုးဝင်လာခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်နှင့်အတူ PNO ပြည်သူ့စစ်အဖွဲ့က ပူးပေါင်း၍ စစ်ရှောင်ပြည်သူများ၏ နေအိမ်အဆောက်အဦးများ မီးရှို့ခံရသည့်အပြင် ကိုင်းရှည်စက်၊ ထော်လာဂျီ၊ဆိုင်ကယ်၊ မြေသြဇာနှင့်ပြောင်းမျိုးအိတ်များပါမကျန် ညောင်ရွှေမြို့နယ်ဘက်သို့ ယူဆောင်နေသည်ဟုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောကြားသည်။

ထို့အပြင် ဖယ်ခုံမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်အင်အား ဖြည့်တင်းလျက်ရှိ
ကြောင်း KNDFက မကြာသေးမီရက်ပိုင်းက ထုတ်ပြန်ထားသည်။

အလားတူ ဖယ်ခုံမြို့၊ လွယ်မကူးရွာ‌တောင် နှင့်လွယ်ဟယ်ရွာတို့တွင်တပ်စွဲထားသောစစ်ကောင် စီတပ်ကို ဝင်တိုက်ရာ စစ်ကောင်စီတပ်သား ခုနှစ်ဦး သေဆုံးကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့က ဇူလိုင် ၁ရက်တွင် ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။