Connect with us

Hi, what are you looking for?

သတင်း

ချင်းပြည်သူ သုံးဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့သည့် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုအပေါ် ICNCC ရှုတ်ချ

မင်းတပ်မြို့ရှိ ချပ်ကျေးရွာနှင့် စွန်တောင်ကျေးရွာတို့အား စစ်ကောင်စီတပ်က ဇူလိုင် ၂ရက်တွင် စစ်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ချင်းတိုင်းရင်းသား သုံးဦး သေဆုံးပြီး ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပေါ် ICNCCက ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်သည်။

ICNCC
ICNCC

မင်းတပ်မြို့နယ်ရှိ ကျေးရွာအချို့အား စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့သည့် လုပ်ရပ်သည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ပြီး ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ(ICNCC)က ယနေ့ ထုတ်ပြန်သည်။

မင်းတပ်မြို့ရှိ ချပ်ကျေးရွာနှင့် စွန်တောင်ကျေးရွာတို့အား စစ်ကောင်စီတပ်က ဇူလိုင် ၂ရက်တွင် စစ်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ချင်းတိုင်းရင်းသား သုံးဦး သေဆုံးပြီး ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပေါ် ICNCCက ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်သည်။

ချင်းတိုင်းရင်းသားများနေထိုင်ရာ ကျေးရွာများကို စစ်လေယာဉ်ဖြင့် ကျူးကျော်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခြင်းသည် စစ်ကောင်စီတပ်က ချင်းတိုင်းရင်းသားပြည်သူများအပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှု ဖြစ်ကြောင်း ဖော်ပြသည်။

ချင်းပြည်နယ်အပါအဝင် တိုင်းရင်းသား ပြည်နယ်များနှင့် ပြည်မဒေသများရှိ ပြည်သူများအား စစ်လေယာဉ်များ အသုံးပြု၍ သာလွန်အင်အားအသုံးပြုပစ်ခတ်တိုက်ခိုက်ခြင်းဖြင့် မည်သည့် ကောင်းကျိုးမျှ ဖြစ်လာမည်မဟုတ်ဘဲ စစ်ကောင်စီအပေါ် တိုင်းရင်းသား လူထု၏နာကျည်းမှုကိုသာ ပိုမိုကြီးထွားလာစေမည်ဖြစ်သည်ဟု ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီက ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook