Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်းပြည်သူ သုံးဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့သည့် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုအပေါ် ICNCC ရှုတ်ချ

မင်းတပ်မြို့ရှိ ချပ်ကျေးရွာနှင့် စွန်တောင်ကျေးရွာတို့အား စစ်ကောင်စီတပ်က ဇူလိုင် ၂ရက်တွင် စစ်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ချင်းတိုင်းရင်းသား သုံးဦး သေဆုံးပြီး ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပေါ် ICNCCက ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်သည်။

ICNCC
ICNCC

မင်းတပ်မြို့နယ်ရှိ ကျေးရွာအချို့အား စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့သည့် လုပ်ရပ်သည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ပြီး ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ(ICNCC)က ယနေ့ ထုတ်ပြန်သည်။

မင်းတပ်မြို့ရှိ ချပ်ကျေးရွာနှင့် စွန်တောင်ကျေးရွာတို့အား စစ်ကောင်စီတပ်က ဇူလိုင် ၂ရက်တွင် စစ်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ချင်းတိုင်းရင်းသား သုံးဦး သေဆုံးပြီး ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပေါ် ICNCCက ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်သည်။

ချင်းတိုင်းရင်းသားများနေထိုင်ရာ ကျေးရွာများကို စစ်လေယာဉ်ဖြင့် ကျူးကျော်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခြင်းသည် စစ်ကောင်စီတပ်က ချင်းတိုင်းရင်းသားပြည်သူများအပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှု ဖြစ်ကြောင်း ဖော်ပြသည်။

ချင်းပြည်နယ်အပါအဝင် တိုင်းရင်းသား ပြည်နယ်များနှင့် ပြည်မဒေသများရှိ ပြည်သူများအား စစ်လေယာဉ်များ အသုံးပြု၍ သာလွန်အင်အားအသုံးပြုပစ်ခတ်တိုက်ခိုက်ခြင်းဖြင့် မည်သည့် ကောင်းကျိုးမျှ ဖြစ်လာမည်မဟုတ်ဘဲ စစ်ကောင်စီအပေါ် တိုင်းရင်းသား လူထု၏နာကျည်းမှုကိုသာ ပိုမိုကြီးထွားလာစေမည်ဖြစ်သည်ဟု ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီက ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။