Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထို အင်္ဂဘိုရွာတွင် စစ်ကောင်စီတပ်ယာဉ်တန်းကို KNU၊PDF ပူးပေါင်းတပ် မိုင်းဆွဲတိုက်ခိုက်၊ ကားတစ်စီးပျက်စီး

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာ နေရာအနီးတဝိုက်သို့လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

ကျိုက်ထို
ကျိုက်ထို

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ် အင်္ဂဘိုရွာ၌ စစ်ကောင်စီတပ်ယာဉ်တန်းကို ယနေ့ နေ့လည်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း-၃ က ထုတ်ပြန်သည်။

ယနေ့ (ဇူလိုင် ၄ရက်) နေ့လည် ၁နာရီခန့်တွင် အင်္ဂဘိုဘ်ရွာဆီအုန်းအမှတ်(၂) လေးဒေါင့်ကန်အနီးတွင် PDFတပ်ရင်း(၃) နှင့် KNU/KNLA ပူးပေါင်းတပ်က မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ကားတစ်စီး ပျက်စီးခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်အခြေအနေကို မသိရသေးဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာ နေရာအနီးတဝိုက်သို့လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ အင်္ဂဘိုကျေးရွာအနီးတွင် စစ်ကောင်စီယာဉ်တန်းများကို ပူးပေါင်းတပ်ဖွဲ့များက မကြာခဏ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။