Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တွံတေးမြို့နယ် လျှပ်စစ်ရုံးကို သတိပေးဖောက်ခွဲ

ထို့ကြောင့် ၎င်းတို့အနေဖြင့် ယခုကဲ့သို့အများပြည်သူအားထိခိုက်စေရန်ပြုမူမှုအား ဆက် လက်လုပ်ဆောင် နေမည်ဆိုပါက မည်သူမဆို သတိပေးနေတော့မည်မဟုတ်ဘဲ အသက်အန္တရာယ်ထိခိုက်သည်အထိ အပြစ်ပေးအရေးယူမည်ဖြစ်ကြောင်း သတိပေးထားသည်။

တွံတေးမြို့နယ်
တွံတေးမြို့နယ်

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် လျှပ်စစ်မန်နေဂျာရုံးကို သတိပေးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့(တွံတေး)က ယနေ့(ဇူလိုင် ၇)ထုတ်ပြန်သည်။

ယမန်နေ့ည ၈ နာရီခန့်က တွံတေးမြို့နယ် လျှပ်စစ်မန်နေဂျာရုံးအား မြို့ပြပြောက်ကျားတပ်ဖွဲ့(တွံတေး)နှင့် မဟာမိတ်အဖွဲ့မှ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

အဆိုပါ မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် ဝန်ထမ်းများသည် အများပြည်သူတို့၏ လျှပ်စစ်မီတာများအား ဖြုတ်သိမ်းခြင်းဖြင့် အကြမ်းဖက်စစ်‌ကောင်စီအလိုကျ ဆောင်ရွက်နေခြင်းကြောင့် ယခုလိုဖောက်ခွဲတိုက်ခိုက်၍ သတိပေးရခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ လျှပ်စစ်မီတာများအား ဖြုတ်သိမ်းရန်စေခိုင်းသည့် တာဝန်ရှိသူနှင့်ဝန်ထမ်းများ၏ အမည်များအား သိရှိထားပြီး ၎င်းတို့၏နေရပ်လိပ်စာများကိုပါ ထပ်မံစုံစမ်းလျှက်ရှိကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့ကြောင့် ၎င်းတို့အနေဖြင့် ယခုကဲ့သို့အများပြည်သူအားထိခိုက်စေရန်ပြုမူမှုအား ဆက် လက်လုပ်ဆောင် နေမည်ဆိုပါက မည်သူမဆို သတိပေးနေတော့မည်မဟုတ်ဘဲ အသက်အန္တရာယ်ထိခိုက်သည်အထိ အပြစ်ပေးအရေးယူမည်ဖြစ်ကြောင်း သတိပေးထားသည်။

ဇူလိုင် ၁ ရက်​ ညပိုင်းကလည်း မြို့ပြပြောက်ကျားတပ်ဖွဲ့(တွံတေး)မှ တွံတေးမြို့ပေါ်ရှိ ရွှေဆံတော်၊ စျေးသစ်၊ အိုးဘိုအရှေ့၊ အိုးဘိုအနောက်စသည့်ရပ်ကွက်များမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှစ်ဦးနှင့် ရာအိမ်မှူးနှစ်ဦး၏ နေအိမ်များကို သတိပေး ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထောင်ထားသော စွန့်လွှတ်မိုင်းအား နင်းမိသောကြောင့် ပလက်ဝမြို့နယ်၊ ဖွေလိုက်ဝ (၂) ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟုလည်း အသိပေးထားသည်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ အချိုးအစားဟာ လက်ရှိမှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ထိုင်းအနေနဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီက လုပ်သားရင်းမြစ်တွေကို ပိုမို လိုအပ်နေတယ်လို့လည်းဆရက်သာက ဆိုပါတယ်။

သတင်း

ရက္ခိုင်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ် တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်သားများ အနက် ဗိုလ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၁၅ဦးကို ဇန်နဝါရီ ၃၀ရက်တွင် CDF ဒိုင်ရ်ဒေသ၌ ဖမ်းမိခဲ့သည်ဟု အသိပေးထားသည်။

သတင်း

စစ်ပွဲ၌ စစ်ရေးပီပီပြင်ပြင် ပြုမူတုန့်ပြန်ရသည်ကို လက်ခံနိုင်သော်လည်း စစ်ရေးကျင့်ဝတ်နှင့် မလျော်ညီသည်များကိုအမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ခွင့်ပြု၍ မရကြောင်း အလေးအနက်ထား ပြောကြားခဲ့သည်။