Connect with us

Hi, what are you looking for?

သတင်း

တွံတေးမြို့နယ် လျှပ်စစ်ရုံးကို သတိပေးဖောက်ခွဲ

ထို့ကြောင့် ၎င်းတို့အနေဖြင့် ယခုကဲ့သို့အများပြည်သူအားထိခိုက်စေရန်ပြုမူမှုအား ဆက် လက်လုပ်ဆောင် နေမည်ဆိုပါက မည်သူမဆို သတိပေးနေတော့မည်မဟုတ်ဘဲ အသက်အန္တရာယ်ထိခိုက်သည်အထိ အပြစ်ပေးအရေးယူမည်ဖြစ်ကြောင်း သတိပေးထားသည်။

တွံတေးမြို့နယ်
တွံတေးမြို့နယ်

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် လျှပ်စစ်မန်နေဂျာရုံးကို သတိပေးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့(တွံတေး)က ယနေ့(ဇူလိုင် ၇)ထုတ်ပြန်သည်။

ယမန်နေ့ည ၈ နာရီခန့်က တွံတေးမြို့နယ် လျှပ်စစ်မန်နေဂျာရုံးအား မြို့ပြပြောက်ကျားတပ်ဖွဲ့(တွံတေး)နှင့် မဟာမိတ်အဖွဲ့မှ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

အဆိုပါ မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် ဝန်ထမ်းများသည် အများပြည်သူတို့၏ လျှပ်စစ်မီတာများအား ဖြုတ်သိမ်းခြင်းဖြင့် အကြမ်းဖက်စစ်‌ကောင်စီအလိုကျ ဆောင်ရွက်နေခြင်းကြောင့် ယခုလိုဖောက်ခွဲတိုက်ခိုက်၍ သတိပေးရခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ လျှပ်စစ်မီတာများအား ဖြုတ်သိမ်းရန်စေခိုင်းသည့် တာဝန်ရှိသူနှင့်ဝန်ထမ်းများ၏ အမည်များအား သိရှိထားပြီး ၎င်းတို့၏နေရပ်လိပ်စာများကိုပါ ထပ်မံစုံစမ်းလျှက်ရှိကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့ကြောင့် ၎င်းတို့အနေဖြင့် ယခုကဲ့သို့အများပြည်သူအားထိခိုက်စေရန်ပြုမူမှုအား ဆက် လက်လုပ်ဆောင် နေမည်ဆိုပါက မည်သူမဆို သတိပေးနေတော့မည်မဟုတ်ဘဲ အသက်အန္တရာယ်ထိခိုက်သည်အထိ အပြစ်ပေးအရေးယူမည်ဖြစ်ကြောင်း သတိပေးထားသည်။

ဇူလိုင် ၁ ရက်​ ညပိုင်းကလည်း မြို့ပြပြောက်ကျားတပ်ဖွဲ့(တွံတေး)မှ တွံတေးမြို့ပေါ်ရှိ ရွှေဆံတော်၊ စျေးသစ်၊ အိုးဘိုအရှေ့၊ အိုးဘိုအနောက်စသည့်ရပ်ကွက်များမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှစ်ဦးနှင့် ရာအိမ်မှူးနှစ်ဦး၏ နေအိမ်များကို သတိပေး ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်တွင်းသတင်းပေးနဲ့ပူးပေါင်းပြီး ရေးမြို့အခြေစိုက် စစ်တပ်ရဲ့ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၉)ဝင်းအတွင်း ဝင်ရောက်ပြီး လက်နက်ခဲယမ်းတိုက် ဖောက်ခွဲခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာနက ဒီကနေ့ဧပြီ ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

လက်ဘနွန်ကို အစ္စရေးက ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် နောင်တရသွားလောက်အောင် လက်တုံ့ပြန်ရလိမ့်မယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

သတင်း

ကျင့်ဝတ်မဲ့စွာ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသည့် တရုတ်နိုင်ငံ၏ လုပ်ရပ်အပေါ် NUG အပါအဝင် တော်လှန်ရေးအင်အားစုများက လက်မခံကြောင်း ထုတ်ဖော် အသိပေးထားသည်။

သတင်း

သတိပေးချက်အား မလိုက်နာပါက ၎င်းတို့ကို စစ်သား၊ ရဲများနှင့် တန်းတူမှတ်ယူ၍ ထိရောက်ပြင်းထန်စွာ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။