Connect with us

Hi, what are you looking for?

သတင်း

ဖလမ်း-ဟားခါးကြားတွင်ယ​နေ့နံနက်မှစ၍တိုက်ပွဲပြင်းထန်

ထိုအပြင်ယ​နေ့နံနက်တွင် မတူပီမြို့နယ်တွင်စစ်​ကောင်စီတပ်နှင့် ချင်းပြည်ကာကွယ်​ရေးတပ်များကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်​ကောင်စီတပ်မှ​သေဆုံးဒဏ်ရာရမှုများရှိသည်။

ဖလမ်း-ဟားခါးကြားတွင်ယ​နေ့နံနက်မှစ၍တိုက်ပွဲပြင်းထန်
ဖလမ်း-ဟားခါးကြားတွင်ယ​နေ့နံနက်မှစ၍တိုက်ပွဲပြင်းထန်

ဖလမ်း-ဟားခါးကြားတွင် ချင်းပြည်ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ကြားယ​နေ့ နံနက်ပိုင်းမှစ၍တိုက်ပွဲပြင်းထန်နေ​ကြောင်းချင်ပြည်ကာကွယ်​ရေးတပ်ဖွဲ့ဝင်တစ်ဦးက​ပြောသည်

စစ်ကောင်စီတပ်သည် ဇွန် ၂၉ ရက်က ကလေးမြို့မှာ ချင်းတောင်ကို စစ်ကား ၂၂ စီးဖြင့် တက်လာခြင်းဖြစ်ပြီး ထိုစစ်ကြောင်းကို ချင်းပြည်ကာကွယ်ရေးတပ်များကပူး​ပေါင်းတိုက်ခိုက်ခနေခြင်းဖြစ်သည်။ CNA/CNF ၊ CNDF ၊CDF မတူပီစ​သောချင်းပူး​ပေါင်းတပ်များကပူး​ပေါင်း၍စစ်​ကောင်စီတပ်ကိုတိုက်ခိုက်​နေခြင်းဖြစ်​ကြောင်းသိရသည်။

“ဒီနေ့မနက်မှာ စပစ်ကြတယ်။ စခ(စစ်ကောင်စီတပ်)တွေက ရွာတွေထဲဝင် ရမ်းသမ်းပစ်ခတ်နေတယ်”ဟု ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့တစ်ဦးကပြောသည်။ စစ်​ကောင်စီတပ်ကို CNFတိုက်ပွဲအ​ခြေအ​နေအ​သေးစိတ်ကိုမူမသိရသေးကြောင်းလည်း၎င်းကဆက်​ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်က ဖလမ်းမြို့နယ်၊ ခွဲမွှာလ်ကျေးရွာတွင် တပ်ခွဲတစ်ခွဲချကာ စခန်းသစ်တည်ဆောက်ရန်စီစဥ်နေသည်ဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်နေမှုကြောင့် ကလေး-ဟားခါးလမ်းပိုင်းရှိ ကျေးရွာများမှ ဒေသခံများက ဇွန် ၃၀ ရက်ကတည်းက နေအိမ်များကို စွန့်ခွာပြီး စစ်ဘေးရှောင်နေရသည်။ယ​နေ့တွင်လည်း တိုက်ပွဲဖြစ်ပွားရာ လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်​ခတ်​နေ၍ ​ဒေသခံပြည်သူများ ထွက်​ပြေး​တိမ်း​ရှောင်​နေရ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

ထိုအပြင်ယ​နေ့နံနက်တွင် မတူပီမြို့နယ်တွင်စစ်​ကောင်စီတပ်နှင့် ချင်းပြည်ကာကွယ်​ရေးတပ်များကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်​ကောင်စီတပ်မှ​သေဆုံးဒဏ်ရာရမှုများရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

Facebook