Connect with us

Hi, what are you looking for?

သတင်း

ဆန္ဒပြလူငယ်များကိုစစ်ကောင်စီကကားဖြင့်တိုက်ဖမ်းဆီး​သော်လည်းကားတိုက်ခံရသူအပါအဝင်အားလုံးလွတ်​မြောက်

ကားဖြင့် တိုက်ခံရသည့် လူငယ်သည် Yangon Revolution Strike သပိတ်အဖွဲ့မှ ရဲဘော်တစ်ဦးဖြစ်ပြီးဒဏ်ရာရရှိခဲ့သော်လည်း ဖမ်းဆီးခံရခြင်းမရှိဘဲ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ ကျန်ဆန္ဒပြလူငယ်များလည်းလွတ်​မြောက်ခဲ့​ကြောင်းသပိတ်​ကော်မတီဝင်များထံမှသိရသည်။

(ဆန္ဒပြလူငယ်များကို စစ်​ကောင်စီတပ်က ကားဖြင့်တိုက်​နေစဥ်။ ။ဓာတ်ပုံ - AAMIJ)
(ဆန္ဒပြလူငယ်များကို စစ်​ကောင်စီတပ်က ကားဖြင့်တိုက်​နေစဥ်။ ။ဓာတ်ပုံ - AAMIJ)

ရန်ကုန်မြို့ လှိုင်မြို့နယ် သုခမှတ်တိုင်အနီးတွင်ယနေ့ ညနေပိုင်း၌ ပြုလုပ်သည့် 7July အထိမ်းအမှတ်အဖြစ်စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲမှ လူငယ်များကိုစစ်ကောင်စီက အိမ်စီးကားဖြင့်တိုက်၍ ဖမ်းဆီးခဲ့​သော်လည်းကားဖြင့်တိုက်ခံရ​သောလူငယ်အပါအဝင်ဆန္ဒပြလူငယ်များလွတ်​မြောက်ခဲ့ကြောင်းသပိတ်ကော်မတီဝင်များကပြောသည်။

(ဆန္ဒပြလူငယ်များကို စစ်​ကောင်စီတပ်က ကားဖြင့်တိုက်​နေစဥ်။ ။ဓာတ်ပုံ - AAMIJ)
(ဆန္ဒပြလူငယ်များကို စစ်​ကောင်စီတပ်က ကားဖြင့်တိုက်​နေစဥ်။ ။ဓာတ်ပုံ – AAMIJ)

ကားဖြင့် တိုက်ခံရသည့် လူငယ်သည် Yangon Revolution Strike သပိတ်အဖွဲ့မှ ရဲဘော်တစ်ဦးဖြစ်ပြီးဒဏ်ရာရရှိခဲ့သော်လည်း ဖမ်းဆီးခံရခြင်းမရှိဘဲ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ ကျန်ဆန္ဒပြလူငယ်များလည်းလွတ်​မြောက်ခဲ့​ကြောင်းသပိတ်​ကော်မတီဝင်များထံမှသိရသည်။

“အဖွဲ့က ကလေးတစ်ယောက်ကို ငှဲ့လိုက်တာ။ ကားလမ်းပေါ်ကို ကလေးတစ်ယောက်က နေရာယူနေလို့ ကျွန်တော် စိတ်မချလို့ ထောင့်မှာ ကာလိုက်တာပါ။ အိမ်က အဖေ၊ အမေ မျက်နှာပြန်မြင်ပြီး ဇောနဲ့ထပြေးရတာ အခုတော့ အရမ်းနာနေတယ် ” ဟု ကားဖြင့် တိုက်ခံရသည့်လူငယ်၏ ပြောကြားချက်ကို သပိတ်ကော်မတီဝင်တစ်ဦးကလူမှုကွန်ယက်မှတဆင့် မျှဝေအသိ​ပေးထားသည်။

(ဆန္ဒပြလူငယ်များကို စစ်​ကောင်စီတပ်က ကားဖြင့်တိုက်​နေစဥ်။ ။ဓာတ်ပုံ - AAMIJ)
(ဆန္ဒပြလူငယ်များကို စစ်​ကောင်စီတပ်က ကားဖြင့်တိုက်​နေစဥ်။ ။ဓာတ်ပုံ – AAMIJ)

ဇူလိုင် ၇ ရက် ညနေ ၃နာရီဝန်းကျင်တွင်ပြုလုပ်သည့်ဆန္ဒပြပွဲကို အကြမ်းဖက် စစ်ကောင်စီကအိမ်စီးကား Toyota Belta အဖြူရောင် ကားနံပါတ် YGN/7J-5050 ဖြင့်ဝင်တိုက်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။ကားဖြင့်တိုက်ပြီးနောက်အိမ်စီးကားဖြင့်ပင်စစ်​ကောင်စီတပ်သားများ​ရောက်လာပြီး​သေနတ်ပစ်များပစ်​​​ဖောက်ခဲ့​သော်လည်း ဆန္ဒပြလူငယ်များထွက်​ပြေးလွတ်​မြောက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။