Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆန္ဒပြလူငယ်များကိုစစ်ကောင်စီကကားဖြင့်တိုက်ဖမ်းဆီး​သော်လည်းကားတိုက်ခံရသူအပါအဝင်အားလုံးလွတ်​မြောက်

ကားဖြင့် တိုက်ခံရသည့် လူငယ်သည် Yangon Revolution Strike သပိတ်အဖွဲ့မှ ရဲဘော်တစ်ဦးဖြစ်ပြီးဒဏ်ရာရရှိခဲ့သော်လည်း ဖမ်းဆီးခံရခြင်းမရှိဘဲ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ ကျန်ဆန္ဒပြလူငယ်များလည်းလွတ်​မြောက်ခဲ့​ကြောင်းသပိတ်​ကော်မတီဝင်များထံမှသိရသည်။

(ဆန္ဒပြလူငယ်များကို စစ်​ကောင်စီတပ်က ကားဖြင့်တိုက်​နေစဥ်။ ။ဓာတ်ပုံ - AAMIJ)
(ဆန္ဒပြလူငယ်များကို စစ်​ကောင်စီတပ်က ကားဖြင့်တိုက်​နေစဥ်။ ။ဓာတ်ပုံ - AAMIJ)

ရန်ကုန်မြို့ လှိုင်မြို့နယ် သုခမှတ်တိုင်အနီးတွင်ယနေ့ ညနေပိုင်း၌ ပြုလုပ်သည့် 7July အထိမ်းအမှတ်အဖြစ်စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲမှ လူငယ်များကိုစစ်ကောင်စီက အိမ်စီးကားဖြင့်တိုက်၍ ဖမ်းဆီးခဲ့​သော်လည်းကားဖြင့်တိုက်ခံရ​သောလူငယ်အပါအဝင်ဆန္ဒပြလူငယ်များလွတ်​မြောက်ခဲ့ကြောင်းသပိတ်ကော်မတီဝင်များကပြောသည်။

(ဆန္ဒပြလူငယ်များကို စစ်​ကောင်စီတပ်က ကားဖြင့်တိုက်​နေစဥ်။ ။ဓာတ်ပုံ - AAMIJ)
(ဆန္ဒပြလူငယ်များကို စစ်​ကောင်စီတပ်က ကားဖြင့်တိုက်​နေစဥ်။ ။ဓာတ်ပုံ – AAMIJ)

ကားဖြင့် တိုက်ခံရသည့် လူငယ်သည် Yangon Revolution Strike သပိတ်အဖွဲ့မှ ရဲဘော်တစ်ဦးဖြစ်ပြီးဒဏ်ရာရရှိခဲ့သော်လည်း ဖမ်းဆီးခံရခြင်းမရှိဘဲ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ ကျန်ဆန္ဒပြလူငယ်များလည်းလွတ်​မြောက်ခဲ့​ကြောင်းသပိတ်​ကော်မတီဝင်များထံမှသိရသည်။

“အဖွဲ့က ကလေးတစ်ယောက်ကို ငှဲ့လိုက်တာ။ ကားလမ်းပေါ်ကို ကလေးတစ်ယောက်က နေရာယူနေလို့ ကျွန်တော် စိတ်မချလို့ ထောင့်မှာ ကာလိုက်တာပါ။ အိမ်က အဖေ၊ အမေ မျက်နှာပြန်မြင်ပြီး ဇောနဲ့ထပြေးရတာ အခုတော့ အရမ်းနာနေတယ် ” ဟု ကားဖြင့် တိုက်ခံရသည့်လူငယ်၏ ပြောကြားချက်ကို သပိတ်ကော်မတီဝင်တစ်ဦးကလူမှုကွန်ယက်မှတဆင့် မျှဝေအသိ​ပေးထားသည်။

(ဆန္ဒပြလူငယ်များကို စစ်​ကောင်စီတပ်က ကားဖြင့်တိုက်​နေစဥ်။ ။ဓာတ်ပုံ - AAMIJ)
(ဆန္ဒပြလူငယ်များကို စစ်​ကောင်စီတပ်က ကားဖြင့်တိုက်​နေစဥ်။ ။ဓာတ်ပုံ – AAMIJ)

ဇူလိုင် ၇ ရက် ညနေ ၃နာရီဝန်းကျင်တွင်ပြုလုပ်သည့်ဆန္ဒပြပွဲကို အကြမ်းဖက် စစ်ကောင်စီကအိမ်စီးကား Toyota Belta အဖြူရောင် ကားနံပါတ် YGN/7J-5050 ဖြင့်ဝင်တိုက်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။ကားဖြင့်တိုက်ပြီးနောက်အိမ်စီးကားဖြင့်ပင်စစ်​ကောင်စီတပ်သားများ​ရောက်လာပြီး​သေနတ်ပစ်များပစ်​​​ဖောက်ခဲ့​သော်လည်း ဆန္ဒပြလူငယ်များထွက်​ပြေးလွတ်​မြောက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။