Connect with us

Hi, what are you looking for?

သတင်း

မုံရွာ(နမခ)မှထွက်လာသော စစ်ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်၊ ထိခိုက်သေဆုံးရှိနိုင်

MMUPDFနှင့် ညီနောင်မဟာမိတ်များမှ ဇွန်လ ၂၇ ရက်က စစ်ကိုင်းမှ မုံရွာမြို့ဘက်ထွက်လာသော စစ်ကောင်စီတပ်မှ ယာဥ်လေးစီးကို မြင်းမူနှင့် ထီးဆောင်းကြား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးခဲ့သည်။

(မြင်းမူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MMUPDF)မှ ရဲဘော်များအား တွေ့ရစဥ်)
(မြင်းမူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MMUPDF)မှ ရဲဘော်များအား တွေ့ရစဥ်)

မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ထွက်လာသော စစ်ကောင်စီတပ်မှ ယာဥ်နှစ်စီးကို ညီနောင်မဟာမိတ်အဖွဲ့များနှင့်အတူ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြင်းမူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MMUPDF)က ယနေ့(ဇူလိုင် ၇)ထုတ်ပြန်သည်။

ယနေ့ညနေ ၅ နာရီ ၄၀မိနစ်ခန့်က မုံရွာ(နမခ)မှ ထွက်လာသော စစ်ကားနှစ်စီးကို ထီးဆောင်းနှင့် ကန်ဖျားဇရပ်ကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ခေါင်းပြာ၊ မိုးကာအစိမ်းဖြင့်အုပ်ထားသော ယာဥ်တစ်စီးအား ထိမှန်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ထို့ကြောင့် ယာဥ်မှာပျက်စီးသွားပြီး စစ်ကောင်စီတပ်မှ အများအပြားဒဏ်ရာရသည့်အပြင် ထိ ခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတိအကျမသိရသေးဟု MMUPDFက ဆိုသည်။

အထက်ပါတိုက်ခိုက်မှုကို MMUPDFနှင့် Black Eagle PDF ၊ Black Hawk Force Myinmu ၊ People Guerrilla Commando-MMU နှင့် Myinmu Civil Revolution Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

MMUPDFနှင့် ညီနောင်မဟာမိတ်များမှ ဇွန်လ ၂၇ ရက်က စစ်ကိုင်းမှ မုံရွာမြို့ဘက်ထွက်လာသော စစ်ကောင်စီတပ်မှ ယာဥ်လေးစီးကို မြင်းမူနှင့် ထီးဆောင်းကြား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။