Connect with us

Hi, what are you looking for?

သတင်း

မြဝတီ-ဝေါ်လေလမ်းသို့ဝင်လာသည့် စစ်ကောင်စီပူးပေါင်းတပ်ကို ကော်ဘရာစစ်ကြောင်း တိုက်ခိုက်

တိုက်ပွဲအတွင်း ကော်ဘရာစစ်သည်တော်များ ထိခိုက်ကျဆုံးမရှိသကဲ့သို့ယနေ့မနက် (၄)နာရီခွဲ ခန့်တွင် စစ်ကောင်စီတပ်က ကော်ဘရာစစ်ကြောင်း လုံခြုံရေး ယူထားသည့် တောင်ကုန်းသို့ လေကြောင်းမှ တိုက်ခိုက်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာမရှိကြောင်း ဖော်ပြထားသည်။

(စစ်​ကောင်စီတပ်နှင့် BGFပူး​ပေါင်းတပ်ကို ​ကော်ဘရာစစ်​ကြောင်းကတိုက်ခိုက်၍ ​​သေဆုံးဒဏ်ရာရသူအချို့ကိုလမ်း​ဘေးဆွဲချထားစဥ်။)
(စစ်​ကောင်စီတပ်နှင့် BGFပူး​ပေါင်းတပ်ကို ​ကော်ဘရာစစ်​ကြောင်းကတိုက်ခိုက်၍ ​​သေဆုံးဒဏ်ရာရသူအချို့ကိုလမ်း​ဘေးဆွဲချထားစဥ်။)

●ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား အများအပြား သေဆုံးပြီး လက်နက်ခဲယမ်းအချို့ရထား

●စစ်ကောင်စီတပ် လေကြောင်းမှ တုံ့ပြန်တိုက်ခိုက်ခဲ့သော်လည်း ကော်ဘရာစစ်သည်မှ ထိခိုက်မှုမရှိ

မြ၀တီ – ဝေါ်လေကားလမ်းသို့ ဝင်ရောက်ကျူးကျော်လာသည့် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်(BGF) တပ်များကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ကော်ဘရာ စစ်ကြောင်းမှ လုံခြုံရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် သေဆုံးထိခိုက်များပြားခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက ယနေ့ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံခမရ(၂၀၇)၊ ခလရ(၈)၊ ခမရ(၂၀၄)၊ ခမရ(၉) ၊ ခမရ(၁၀၂) နှင့် လက်ရုံးတပ်ဖွဲ့များ၊ ဗိုလ်မုတ်သုန် ဦးစီးသော BGF အင်အား (၁၀၀) ခန့်၊ ပါဝင်သော စစ်ကောင်စီ စစ်ကြောင်းများသည် ဖလူးလေး၊ ဖလူးကြီးဒေသတွင် စုဖွဲ့၍ မြ၀တီ -ဝေါ်လေလမ်း ဒေသများအား ကျူးကျော်ရန် ကြိုးစားလာ၍ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီတပ်စစ်ကြောင်း မြ၀တီ-ဝေါ်လေလမ်း ရှိ သုံးထပ်ကွေ့သို့ ရောက်ရှိလာရာ ဇူလိုင် ၇ရက် တွင် လုံခြုံရေး ရယူထားသော ကော်ဘရာစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပြီးယနေ့ ဇူလိုင်လ (၈) ရက် မနက် (၉) နာရီ အချိန်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတစ်ဦး၊ ဆေးမှူး တစ်ဦး အပါအဝင် အလောင်း (၅) လောင်း အတည်ပြုတွေ့ရှိရသည်ဟု အသိပေးထားသည်။

စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံး၊ ဒဏ်ရာ ရရှိထားသည်ကို တွေ့ရှိရပြီး တိုက်ပွဲဖြစ်နေဆဲဖြစ်၍ အတည်ပြုနိုင်ရန် စီစစ်ဆဲဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ထံမှ လက်နက် ၁လက် နှင့် ကျည်၊ ကျည်ဘောက် ၊ ဗုံးသီးနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိထားကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း ကော်ဘရာစစ်သည်တော်များ ထိခိုက်ကျဆုံးမရှိသကဲ့သို့ယနေ့မနက် (၄)နာရီခွဲ ခန့်တွင် စစ်ကောင်စီတပ်က ကော်ဘရာစစ်ကြောင်း လုံခြုံရေး ယူထားသည့် တောင်ကုန်းသို့ လေကြောင်းမှ တိုက်ခိုက်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာမရှိကြောင်း ဖော်ပြထားသည်။

ထိုအပြင် KNU တပ်မဟာ (၆)လေ့ကေ့ကော်ဒေသရှိ တောင်ကုန်းတစ်ခုပေါ်သို့ စစ်ကောင်စီတပ်ကဇူလိုင်လ (၂) ရက်နေ့ မနက် (၂) နာရီ ခန့် မှ စတင်၍ လက်နက်ကြီး ပစ်ခတ်ခဲ့ပြီး မနက် (၃) နာရီခွဲခန့်အချိန်တွင် စတင်ကျူးကျော်လာခဲ့ရာ အသင့်နေရာယူထားသော ကော်ဘရာစစ်သည်တော်များနှင့်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရှိရာသို့ ​ကော်ဘရာစစ်​ကြောင်းကပစ်ခတ်​သော RPG နှင့် (၄၀)မမတိုက်ရိုက်ထိမှန်ခဲ့သဖြင့်စစ်ကောင်စီတပ်သားများ အထိအခိုက် အကျအဆုံးများပြားစွာဖြင့် ယင်းနေ့ နံနက် (၄) နာရီ (၂၀) မိနစ်ခန့်တွင် ထွက်ပြေးသွားခဲ့​ကြောင်းလည်း ထုတ်ပြန်သည်။

ကော်ဘရာစစ်သည်များ တစ်စုံတစ်ရာ ထိခိုက်မှု မရှိခဲ့ပါ။ အကြမ်းဖက် စစ်ကောင်စီဘက်မှ သေဆုံး၊ ထိခိုက်မှုအား အတည်ပြုနိုင်ရန် ဆက်လက် စုံစမ်းနေ‌‌ဆဲ ဖြစ်​ကြောင်းအသိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့တောင်ဘက် မင်းလက်ပံ၊ ဖလူးဒေသနဲ့ ဝေါ်လေဗျုဟာဘက်မှာ စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ ၆ တို့ နှစ်ဖက်တပ်တွေအကြားမှာ လက်ရှိ မေလကုန်ပိုင်းအထိ ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ မြေပြင်ရှိ ကရင်သတင်းရင်းမြစ်ထံကသိရပါတယ်။