Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်း မြို့နယ်သုံးခုတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ အဆောက်အအုံအချို့ ပျက်စီး၊ အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရ

ဒီပဲယင်းမြို့နယ် အနောက်ခြမ်း ပုဂံရွာတွင်လည်း စစ်ကောင်စီတပ်များတပ်စွဲကာ ကျေးရွာအတွင်း မွှေနှောက်ဖျက်ဆီးလျက်ရှိသဖြင့် ဒေသခံများ တိမ်းရှောင်နေရသည်ဟု သိရသည်။

(ယနေ့ညနေ ညောင်လှရွာသို့ကျရောက်ခဲ့သော လက်နက်ကြီးတစ်လုံးအား တွေ့ရစဥ်၊ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)
(ယနေ့ညနေ ညောင်လှရွာသို့ကျရောက်ခဲ့သော လက်နက်ကြီးတစ်လုံးအား တွေ့ရစဥ်၊ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)

စစ်ကိုင်းတိုင်းရှိ ဒီပဲယင်း၊ ရေဦးနှင့်ခင်ဦးမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ အဆောက်အအုံအချို့ ပျက်စီးပြီး ဒေသခံအမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(ဇူလိုင်၉ရက်) ညနေ ၆နာရီခွဲခန့်က ရေဦးမြို့မှ ကြာပန်းအဝိုင်းသို့ ထွက်လာသော စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ် အင်းပတ်ရွာနှင့် ညောင်လှရွာဝန်းကျင်ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အဆိုပါ လက်နက်ကြီးများကျရောက်မှုကြောင့် အင်းပတ်ရွာရှိ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရပြီး အဆောက်အအုံအချို့ပျက်စီးမှုရှိခဲ့သည်ဟုသိရကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ဒီပဲယင်းအရှေ့ခြမ်း ညောင်လှရွာတစ်ဝိုက်သို့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ရေဦးမြို့တောင်ဘက်ကျေးရွာများ၊ ဒီပဲယင်းအရှေ့ခြမ်းကျေးရွာအချို့ လက်နက်ကြီးအန္တရာယ်စိုးရိမ်သဖြင့် ဘေးလွတ်ရာ အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ဒီပဲယင်းမြို့နယ် အနောက်ခြမ်း ပုဂံရွာတွင်လည်း စစ်ကောင်စီတပ်များတပ်စွဲကာ ကျေးရွာအတွင်း မွှေနှောက်ဖျက်ဆီးလျက်ရှိသဖြင့် ဒေသခံများ တိမ်းရှောင်နေရသည်ဟု သိရသည်။

ယခုရက်ပိုင်း စစ်ကောင်စီသည် ရဟတ်ယာဉ်အများအပြားအသုံးပြုကာ လေ​ကြောင်းဖြင့်တိုက်ခိုက်ပြီး ရေဦး၊ ဒီပဲယင်းမြို့နယ်များသို့ ထိုးစစ်ဆင်နေ၍ ဒေသခံပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နိုင်ကြရန် ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်ပေါင်း ၁၀ ခုမှာ ရေလွှမ်းမိုးမှုဖြစ်နေပြီး လူဦးရေ ၂သိန်းကျော် ရေဘေးသင့်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ် အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၈)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။