Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူတွင် ရွှေဆိုင်ဓားပြတိုက်ခံရမှု Young Force (UG) အဖွဲ့ပုံချရန် ခေါင်းစဥ်တပ်နေသည့် အပေါ်ရှင်းလင်း

ဇူလိုင် ၄ရက်က ပခုက္ကူမြို့ရှိ ရှမ်းဧကရီရွှေဆိုင် ဓားပြတိုက်ခံရမှုအပေါ် ထိုသို့ ရှင်းလင်းခြင်းဖြစ်သည်။ ထိုသို့ ဓားပြတိုက်ခံရ၍ ငွေကြေးနှင့်ရွှေထည်ပစ္စည်းများ ကျပ်သိန်း ၁၀၀ကျော် ဓားပြတိုက်သွားသည်ဟု ဆိုသည်။

(Young Force (UG)မှ ရဲဘော်များအား တွေ့ရစဥ်)
(Young Force (UG)မှ ရဲဘော်များအား တွေ့ရစဥ်)

မကွေးတိုင်း ပခုက္ကူမြို့တွင် ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရမှုနှင့်ပတ်သက်ပြီး ဓားပြတိုက်သည့် အဖွဲ့မှာ Young Force (UG)ဟု အဖွဲ့အမည်ခေါင်းစဉ်တပ်နေမှုရှိ၍ ယင်းဖြစ်စဥ်နှင့် သက်ဆိုင်မှုမရှိကြောင်း Young Force (UG)က ထုတ်ပြန်ရှင်းလင်းလိုက်သည်။

ဇူလိုင် ၄ရက်က ပခုက္ကူမြို့ရှိ ရှမ်းဧကရီရွှေဆိုင် ဓားပြတိုက်ခံရမှုအပေါ် ထိုသို့ ရှင်းလင်းခြင်းဖြစ်သည်။ ထိုသို့ ဓားပြတိုက်ခံရ၍ ငွေကြေးနှင့်ရွှေထည်ပစ္စည်းများ ကျပ်သိန်း ၁၀၀ကျော် ဓားပြတိုက်သွားသည်ဟု ဆိုသည်။

ယင်းနှင့်ပတ်သက်၍ Young Force (UG)က “လတ်တလော ပခုက္ကူမြို့တွင် ဖြစ်ပွားခဲ့သော (ရွှေဆိုင်)နှင့် ပက်သက်ပြီး မိမိတို့ အဖွဲ့အစည်းနာမည်အား ခေါင်းစဥ်တပ်လျှက်ရှိကြောင်း ကြားသိရပါသည်။ ကျွန်တော်တို့ အဖွဲ့အစည်းသည်ယခုအချိန်ထိဆောင်ရွက်ခဲ့သော ကိစ္စအဝဝကို page မှ ထုတ်ပြန်လျှက်ရှိပါသည်။ပြည်သူများအပေါ်မှလည်း ငွေကြေးကောက်ခံခြင်း၊ခြိမ်းခြောက်ခြင်း အလျဥ်းမရှိခဲ့ပါ”ဟု ဖော်ပြထားသည်။

ထို့အပြင် ဆောင်ရွက်ခဲ့သောလုပ်ငန်းကိစ္စများအတွက်လည်းအချိန်မရွေးရှင်းလင်းရန်နှင့် တာဝန်ယူရန်အသင့်ရှိကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဖွဲ့မှ မထုတ်ပြန်သည့် ကိစ္စများနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ပြည်သူများအားအသိ ပေးတင်ပြလိုက်သည်ဟုဆိုသည်။

Young Force (UG) အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏စည်းမျည်းစည်းကမ်းများကျင့်ဝတ်များနှင့်အညီ၊တော်လှန်ရေး အောင်မြင်သည်အထိဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ ဂုဏ်သိက္ခာကျဆင်းစေမည့် ကိစ္စရပ်များအား လုံး၀လုပ်မည်မဟုတ်ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်ထဲက အိုင်ကြီးရွာနဲ့ ပေါက်တော ရွာက်ို အာဏာသိမ်း စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ စက်တပ်လေထီးနဲ့ဗုံးကြဲတာကြောင့်အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်အချို့ဆီက သိရပါတယ်။

သတင်း

မွန်ပြည်နယ် ၊မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကို မနေ့ (သြဂုတ် ၂၈ ရက် ) မနက်ပိုင်းမှာ အမျိုးသား သုံးဦးက သေနတ်ပြပြီး ဓားပြတိုက်သွားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

Facebook