Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပခုက္ကူတွင် ရွှေဆိုင်ဓားပြတိုက်ခံရမှု Young Force (UG) အဖွဲ့ပုံချရန် ခေါင်းစဥ်တပ်နေသည့် အပေါ်ရှင်းလင်း

ဇူလိုင် ၄ရက်က ပခုက္ကူမြို့ရှိ ရှမ်းဧကရီရွှေဆိုင် ဓားပြတိုက်ခံရမှုအပေါ် ထိုသို့ ရှင်းလင်းခြင်းဖြစ်သည်။ ထိုသို့ ဓားပြတိုက်ခံရ၍ ငွေကြေးနှင့်ရွှေထည်ပစ္စည်းများ ကျပ်သိန်း ၁၀၀ကျော် ဓားပြတိုက်သွားသည်ဟု ဆိုသည်။

(Young Force (UG)မှ ရဲဘော်များအား တွေ့ရစဥ်)
(Young Force (UG)မှ ရဲဘော်များအား တွေ့ရစဥ်)

မကွေးတိုင်း ပခုက္ကူမြို့တွင် ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရမှုနှင့်ပတ်သက်ပြီး ဓားပြတိုက်သည့် အဖွဲ့မှာ Young Force (UG)ဟု အဖွဲ့အမည်ခေါင်းစဉ်တပ်နေမှုရှိ၍ ယင်းဖြစ်စဥ်နှင့် သက်ဆိုင်မှုမရှိကြောင်း Young Force (UG)က ထုတ်ပြန်ရှင်းလင်းလိုက်သည်။

ဇူလိုင် ၄ရက်က ပခုက္ကူမြို့ရှိ ရှမ်းဧကရီရွှေဆိုင် ဓားပြတိုက်ခံရမှုအပေါ် ထိုသို့ ရှင်းလင်းခြင်းဖြစ်သည်။ ထိုသို့ ဓားပြတိုက်ခံရ၍ ငွေကြေးနှင့်ရွှေထည်ပစ္စည်းများ ကျပ်သိန်း ၁၀၀ကျော် ဓားပြတိုက်သွားသည်ဟု ဆိုသည်။

ယင်းနှင့်ပတ်သက်၍ Young Force (UG)က “လတ်တလော ပခုက္ကူမြို့တွင် ဖြစ်ပွားခဲ့သော (ရွှေဆိုင်)နှင့် ပက်သက်ပြီး မိမိတို့ အဖွဲ့အစည်းနာမည်အား ခေါင်းစဥ်တပ်လျှက်ရှိကြောင်း ကြားသိရပါသည်။ ကျွန်တော်တို့ အဖွဲ့အစည်းသည်ယခုအချိန်ထိဆောင်ရွက်ခဲ့သော ကိစ္စအဝဝကို page မှ ထုတ်ပြန်လျှက်ရှိပါသည်။ပြည်သူများအပေါ်မှလည်း ငွေကြေးကောက်ခံခြင်း၊ခြိမ်းခြောက်ခြင်း အလျဥ်းမရှိခဲ့ပါ”ဟု ဖော်ပြထားသည်။

ထို့အပြင် ဆောင်ရွက်ခဲ့သောလုပ်ငန်းကိစ္စများအတွက်လည်းအချိန်မရွေးရှင်းလင်းရန်နှင့် တာဝန်ယူရန်အသင့်ရှိကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဖွဲ့မှ မထုတ်ပြန်သည့် ကိစ္စများနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ပြည်သူများအားအသိ ပေးတင်ပြလိုက်သည်ဟုဆိုသည်။

Young Force (UG) အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏စည်းမျည်းစည်းကမ်းများကျင့်ဝတ်များနှင့်အညီ၊တော်လှန်ရေး အောင်မြင်သည်အထိဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ ဂုဏ်သိက္ခာကျဆင်းစေမည့် ကိစ္စရပ်များအား လုံး၀လုပ်မည်မဟုတ်ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကားအစီးရေ ၁၀၀ ခန့်ပါရှိသည့် စစ်ကောင်စီယာဉ်တန်းသည် မတ်လ ၂၂ရက်တွင် ပခုက္ကူမြို့မှထွက်လာပြီး မတ်လ ၂၃ ရက်တွင် ကမ္မမြို့သို့ရောက်ရှိခဲ့သည်။ ကမ္မမြို့သို့‌မရောက်ခင် ကာကွယ်ရေးတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

"မိုင်းတွေရော၊ ဒရုန်းဗုံးရောမိတာ။ မြေပြင်အဖွဲ့တွေလူစုကွဲနေပြီး ဂစဥ့်ကလျားဖြစ်နေတယ်။ စစ်သုံးဒရုန်းတွေလည်း ပျက်စီးတယ်ကြားတယ်" ဟု ဒေသကာကွယ်ရေးဘော်တဦးကပြောသည်။

သတင်း

ဓားပြတိုက်မှုကြောင့် ကျပ်သိန်း ၃,၀၀၀ခန့်ပါသွားကြောင်းလည်း ဒေသခံများက ပြောသည်။ သို့သော် မည်မျှအရေအတွက်ပါသွားသည်ကို လူထုနွေဦးက အတည်မပြုနိုင်သေးပေ။

သတင်း

Southern YSO PDFသည် ထပ်မံ၍ လက်နက်အပ်အလင်းဝင်ရောက်မည့် စစ်ကောင်စီတပ်သားများအား နွေးထွေးစွာကြိုဆိုနေကြောင်း အသိပေးထားသည်။