Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ဖြုတ်ချရေးတွင်ပါဝင်ကြသည့် အစ္စလာမ်ဘာသာဝင်များအား လေးစားဂုဏ်ပြုကြောင်း NUGက ကုရ်ဗာနီအီးဒ်နေ့သို့ သဝဏ်လွှာပေးပို့ပြောကြား

တရားမျှတမှုမတည်ရှိ၊ မဖြစ်ထွန်းလျှင် စစ်မှန်သောငြိမ်းချမ်းခြင်းဆိုသည်မှာ မဖြစ်လာနိုင်သောကြောင့် စစ်မှန်သောငြိမ်းချမ်းခြင်းအတွက် တရားမျှတမှုရှိရေးဖော်ဆောင်ရန် အားလုံး၌ တာဝန်ရှိသည်ဟု NUGက ဆို သည်။

NUG
NUG

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အစ္စလာမ်ဘာသာဝင်များ၏ အီဒွလ်အဿွ်ဟာ (ကုရ်ဗာနီအီးဒ်) နေ့သို့ သဝဏ်လွှာပေးပို့ခဲ့ရာ စစ်အာဏာရှင်စနစ်ဖြုတ်ချရေးတွင် စိတ်စေတနာထက်သန်စွာ ပါဝင်ဆောင်ရွက်နေကြသည့် အစ္စလာမ်ဘာသာဝင်အပေါင်းအား လေးစားဂုဏ်ပြု ကြောင်းဖော်ပြခဲ့သည်။

ယနေ့ (ဇူလိုင် ၁၀ရက်)သည် အိုလမာ-အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်၊ ဗဟိုလကြည့်စိစစ်ရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ “အီဒွလ် အဿွ်ဟာ” (ကုရ်ဗာနီအီးဒ်) နေ့မြတ်ဖြစ်သည်။

ဤနေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတဝှမ်း မှီတင်းနေထိုင်ကြသည့် အစ္စလာမ်ဘာသာဝင်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာလုံခြုံကြပါစေကြောင်း NUGက သဝဏ်လွှာပေးပို့ ဆုတောင်းပေးသည်။

NUG
NUG

အစ္စလာမ်ဘာသာဝင်တစ်ဦးအတွက် အရေးအကြီးဆုံးမှာ အလ္လာဟ်အရှင်မြတ်၏သွန်သင်ချက်ကို ရိုသေစွာနာခံ လိုက်လျှောက်ခြင်းဖြစ်ကြောင်း၊ အစ္စလာမ်၏အဓိပ္ပါယ်မှာ ငြိမ်းချမ်းခြင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းခြင်းရှိရန်မှာ တရားမျှတမှု လိုအပ်ကြောင်းသဝဏ်လွှာ၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

တရားမျှတမှုမတည်ရှိ၊ မဖြစ်ထွန်းလျှင် စစ်မှန်သောငြိမ်းချမ်းခြင်းဆိုသည်မှာ မဖြစ်လာနိုင်သောကြောင့် စစ်မှန်သောငြိမ်းချမ်းခြင်းအတွက် တရားမျှတမှုရှိရေးဖော်ဆောင်ရန် အားလုံး၌ တာဝန်ရှိသည်ဟု NUGက ဆို သည်။

အကြမ်းဖက်စစ်အာဏာရှင်စနစ်ကြီးစိုးပြီး နိုင်ငံသူနိုင်ငံသားများ၏ အခြေခံလူ့အခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်း ခွင့်များကို လျစ်လျူရှုကာ၊ ဥပဒေမဲ့ လူမဆန်ရက်စက်စွာပြုကျင့်နေသမျှကာလပတ်လုံး စစ်မှန်သောလုံခြုံငြိမ်းချမ်းမှုရရှိနိုင်မည် မဟုတ်သောကြောင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ရိုက်ချိုးဖယ်ရှားကာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်ကြရမည်ဟု NUG၏သဝဏ်လွှာ၌ ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook