Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်ခရိုင်ထွေအုပ်ရုံး မိုင်းခွဲတိုက်ခိုက်ခံရပြီး Non CDM ဝန်ထမ်းသုံးဦး ဒဏ်ရာရ

မိုးမိတ်ခရိုင်ကို အခြေပြု၍ မိုးမိတ်ခရိုင် (KPDF) တပ်ရင်းသစ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIO/KIA အစိုးရ၏ အကူအညီ၊အသိအမှတ်ပြုမှုတို့ဖြင့် ဖွဲ့စည်းထားကြောင်း ဇူလိုင် ၆ရက်က ကြေညာထား သည်။

မိုးမိတ်မြို့
မိုးမိတ်မြို့

ရှမ်းပြည်နယ် မိုးမိတ်ခရိုင်အ​ထွေထွေအုပ်ချုပ်​ရေးဦးစီးဌာနရုံး မိုင်းခွဲတိုက်ခိုက်ခံရပြီး Non CDM ဝန်ထမ်းသုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့(ဇူလိုင် ၁၁ရက်) နေ့လယ်က မိုးမိတ်မြို့ မြို့သစ်ရပ်ရှိ ခရိုင်ထွေအုပ်ရုံး မိုင်းပစ်သွင်းတိုက်ခိုက်ခံရခြင်းဖြစ်သည်။

“လူငယ်တစ်ဦးက ဆိုင်ကယ်စီးလာပြီး မိုင်းပစ်သွင်းသွားတာ။Non CDM သုံးယောက် ဒဏ်ရာရတယ်။ တစ်ယောက်ကတော့ ဆေးရုံတင်ထားရတယ်”ဟု ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက ပြောသည်။

မိုင်းဖြင့်တိုက်ခိုက်ခံရပြီးနောက် ထွေအုပ်ဝန်ထမ်းများ လတ်တလော ရုံးမတက်ရန် ခရိုင်မှူးက ညွှန်ကြားထား သည်ဟု ယင်းဝန်ထမ်းက ပြောသည်။

Public Service Announcement

Public Service Announcement

မိုင်းခွဲတိုက်ခိုက်သည့်အဖွဲ့သည် မည်သည့်အဖွဲ့ဆိုသည်ကို မသိရသေးပေ။ မိုးမိတ်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီသည် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ SSPP၊ တအာင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ TNLA တို့နှင့် စစ်ရေးတင်းမာနေသည်။ ထို့အပြင် မိုးမိတ်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လည်း ဖွဲ့စည်းထားပြီးဖြစ်သည်။

မိုးမိတ်ခရိုင်ကို အခြေပြု၍ မိုးမိတ်ခရိုင် (KPDF) တပ်ရင်းသစ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIO/KIA အစိုးရ၏ အကူအညီ၊အသိအမှတ်ပြုမှုတို့ဖြင့် ဖွဲ့စည်းထားကြောင်း ဇူလိုင် ၆ရက်က ကြေညာထား သည်။

ထို့အပြင် Non CDM ဝန်ထမ်းများအနေဖြင့် စစ်ကောင် စီ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်နေခြင်းသည် စစ်ရာဇဝတ်မှုများ ပိုမိုကျူးလွန်ရန် အားပေးအားမြှောက်ပြုခြင်းဖြစ်ပြီး ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံး ခိုလှုံကြရန် KPDF က ယမန်နေ့နံနက်က တိုက်တွန်းချက် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်နဲ့ ရွှေကူမှာ စစ်ရေးတင်းမာနေချိန်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ စစ်တပ်က စစ်မှုထမ်းစေခိုင်းဖို့အတွက် အတင်းအဓမ္မလူသစ်စုဆောင်းမှုနဲ့ ဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူ၊ ဗန်းမော်နဲ့ ရှမ်းမြောက်က မိုးမိတ်-မဘိမ်းအစပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းပစ်ကူပေး တိုက်ခိုက်တာတွေ နေ့စဉ် ပြုလုပ်နေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့နယ်၊ရွှေတောကျေးရွာဘက်ကိုစစ်တပ်ကလေကြောင်းက​နေ ဗုံးကြဲခဲ့တာကြောင့် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်တပ်က ရှမ်းပြည်နယ် မြောက်ပိုင်း၊ မဘိမ်းနဲ့ မိုးမိတ်မြို့နယ်ကို လေကြောင်းကနေ နေ့စဉ် ဗုံးကြဲနေပြီး ၁၂ရက်အတွင်း အရပ်သား ၄ဦး သေဆုံးခဲ့သလို ဘုန်းကြီး ၁ပါးအပါအဝင် ၉ဦး ဒဏ်ရာရခဲ့ပါတယ်။