Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးမိတ်ခရိုင်ထွေအုပ်ရုံး မိုင်းခွဲတိုက်ခိုက်ခံရပြီး Non CDM ဝန်ထမ်းသုံးဦး ဒဏ်ရာရ

မိုးမိတ်ခရိုင်ကို အခြေပြု၍ မိုးမိတ်ခရိုင် (KPDF) တပ်ရင်းသစ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIO/KIA အစိုးရ၏ အကူအညီ၊အသိအမှတ်ပြုမှုတို့ဖြင့် ဖွဲ့စည်းထားကြောင်း ဇူလိုင် ၆ရက်က ကြေညာထား သည်။

မိုးမိတ်မြို့
မိုးမိတ်မြို့

ရှမ်းပြည်နယ် မိုးမိတ်ခရိုင်အ​ထွေထွေအုပ်ချုပ်​ရေးဦးစီးဌာနရုံး မိုင်းခွဲတိုက်ခိုက်ခံရပြီး Non CDM ဝန်ထမ်းသုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့(ဇူလိုင် ၁၁ရက်) နေ့လယ်က မိုးမိတ်မြို့ မြို့သစ်ရပ်ရှိ ခရိုင်ထွေအုပ်ရုံး မိုင်းပစ်သွင်းတိုက်ခိုက်ခံရခြင်းဖြစ်သည်။

“လူငယ်တစ်ဦးက ဆိုင်ကယ်စီးလာပြီး မိုင်းပစ်သွင်းသွားတာ။Non CDM သုံးယောက် ဒဏ်ရာရတယ်။ တစ်ယောက်ကတော့ ဆေးရုံတင်ထားရတယ်”ဟု ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက ပြောသည်။

မိုင်းဖြင့်တိုက်ခိုက်ခံရပြီးနောက် ထွေအုပ်ဝန်ထမ်းများ လတ်တလော ရုံးမတက်ရန် ခရိုင်မှူးက ညွှန်ကြားထား သည်ဟု ယင်းဝန်ထမ်းက ပြောသည်။

Public Service Announcement

Public Service Announcement

မိုင်းခွဲတိုက်ခိုက်သည့်အဖွဲ့သည် မည်သည့်အဖွဲ့ဆိုသည်ကို မသိရသေးပေ။ မိုးမိတ်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီသည် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ SSPP၊ တအာင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ TNLA တို့နှင့် စစ်ရေးတင်းမာနေသည်။ ထို့အပြင် မိုးမိတ်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လည်း ဖွဲ့စည်းထားပြီးဖြစ်သည်။

မိုးမိတ်ခရိုင်ကို အခြေပြု၍ မိုးမိတ်ခရိုင် (KPDF) တပ်ရင်းသစ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIO/KIA အစိုးရ၏ အကူအညီ၊အသိအမှတ်ပြုမှုတို့ဖြင့် ဖွဲ့စည်းထားကြောင်း ဇူလိုင် ၆ရက်က ကြေညာထား သည်။

ထို့အပြင် Non CDM ဝန်ထမ်းများအနေဖြင့် စစ်ကောင် စီ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်နေခြင်းသည် စစ်ရာဇဝတ်မှုများ ပိုမိုကျူးလွန်ရန် အားပေးအားမြှောက်ပြုခြင်းဖြစ်ပြီး ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံး ခိုလှုံကြရန် KPDF က ယမန်နေ့နံနက်က တိုက်တွန်းချက် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

လွယ်ဂျယ်မြို့ကို ဝိုင်းထားပြီး စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့နှင့် ဝန်ထမ်းများထွက်ခွာခွင့်ကို ယနေ့ ၁ ရက်အချိန်ပေးထားသည်ဟု သိရသည်။

သတင်း

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ဖြင့် စိစစ်ဆောင်ရွက်ခဲ့ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ကနဦး အသိပေးသည်။

သတင်း

ယမန်နေ့ (ဇန်နဝါရီ၂၁ရက်)နံနက် ၁၁ နာရီခန့်က မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် ဗုံးသီး နှစ်လုံးချတိုက်ခိုက်ခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေး၏ တာဝန်ရှိသူက ပြောသည်။

သတင်း

Non-CDM ဝန်ထမ်းများ အလင်းဝင်ခြင်းဆိုင်ရာ ကြေညာချက်ကို အင်းတော်မြို့နယ်ပြည်သူ့ချုပ်ရေးအဖွဲ့က ပြီးခဲ့သည့် နိဝင်ဘာ၂၄ရက်က ကြေညာခဲ့ခြင်းဖြစ်သည်။