Connect with us

Hi, what are you looking for?

သတင်း

မြေနီကုန်း ခုံးတံတားအောက် ဗုံးပေါက်ကွဲ၊ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရ

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားအများအပြား ရောက်ရှိလာပြီး မြေနီကုန်းခုံးတံတားအောက်နှင့် ပြည်လမ်းတို့၌ လမ်းများပိတ်ဆို့၍ စစ်ဆေးနေကြောင်း သိရသည်။

မြေနီကုန်း ခုံးတံတားအောက် ဗုံးပေါက်ကွဲ၊ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရ
မြေနီကုန်း ခုံးတံတားအောက် ဗုံးပေါက်ကွဲ၊ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရ

▪️ဝါဆိုလပြည့်​နေ့ အများပြည်သူ အပြင်ထွက်သည့်​နေ့ ​ဖောက်ခွဲခြင်းမှာ စစ်အုပ်စုပင်ဖြစ်နိုင်ဟု မြို့ပြတော်လှန် ရေးအင်အားစုမှ လူငယ်တစ်ဦးပြော

ရန်ကုန်ုမြို့ စမ်းချောင်းမြို့နယ် မြေနီကုန်း ခုံးတံတားအောက်တွင် ယနေ့ (ဇူလိုင် ၁၂) ညနေပိုင်း၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ​ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စမ်းချောင်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

” ၃နာရီခွဲလောက်က မြေနီကုန်းခုံးတံတားအောက်မှာ ဗုံးက ထပေါက်တာပါ။ အသံကတော့ နည်းနည်းကျယ်တယ်။ အမျိုးသမီးနှစ်ယောက် ထိသွားတယ်လို့ သိရပါတယ်။ အခုတော့ လူနာတင်ကားတွေ လာခေါ်သွားပါပြီ ” ဟု ၎င်းက ပြောသည်။

Public Service Announcement
Public Service Announcement

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားအများအပြား ရောက်ရှိလာပြီး မြေနီကုန်းခုံးတံတားအောက်နှင့် ပြည်လမ်းတို့၌ လမ်းများပိတ်ဆို့၍ စစ်ဆေးနေကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

“မြေနီကုန်း မီးပွိုင့်ထိပ်မှာ စစ်သားတစ်စီး ရဲကားတစ်စီး ရပ်ထားပြီး လမ်းတွေပိတ်စစ်နေပါတယ်။ အိမ်စီးကားတွေကိုလည်း တားစစ်နေတာ တွေ့ရပါတယ် “ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

အဆိုပါ ဗုံး​ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့က လုပ်​ဆောင်သည်ကို မသိရ​သေး​ပေ။

ယ​နေ့ ဝါဆိုလပြည့်နေ့တွင် အများပြည်သူများ ဘုရားသွားခြင်း၊ မိသားစုလိုက်လည်ပတ်ခြင်းများ ပြုလုပ်နေသည့်အတွက် ပြည်သူများ ထိခိုက်အောင် ဗုံးပေါက်ကွဲမှု လုပ်ဆောင်ခြင်းမှာ အကြမ်းဖက် စစ်ကောင်စီဝင်များသာ ဖြစ်နိုင်ကြောင်း မြို့ပြတော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက လူမှုကွန်ရက်၌ ရေးသားထားသည်။

ယ​နေ့ မွန်းလွှဲပိုင်းက တာ​မွေမြို့နယ်တွင်လည်း မြို့ပြ UG အဖွဲ့က စစ်​ကောင်စီယာဥ်အား ​ဖောက်ခွဲတိုက်ခိုက်ရန် ဗုံးချ၍ စီစဥ်ခဲ့​သော်လည်း ပြည်သူများထိခိုက်မည်စိုးရိမ်၍ ​ဖောက်ခွဲမှုအစီအစဥ်ကို ဖျက်သိမ်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

နိုင်ငံတကာ

မိုနာကိုမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲမှုရဲ့ အဓိက သံသယရှိသူ အမျိုးသမီးကို ယူကရိန်း နိုင်ငံမှာ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆီးရီးယားနိုင်ငံ၊ ဒမတ်စကက် မြို့တော်မှာ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန် တည်းခိုနေတဲ့ ဟိုတယ်နားမှာ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။