Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြေနီကုန်း ခုံးတံတားအောက် ဗုံးပေါက်ကွဲ၊ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရ

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားအများအပြား ရောက်ရှိလာပြီး မြေနီကုန်းခုံးတံတားအောက်နှင့် ပြည်လမ်းတို့၌ လမ်းများပိတ်ဆို့၍ စစ်ဆေးနေကြောင်း သိရသည်။

မြေနီကုန်း ခုံးတံတားအောက် ဗုံးပေါက်ကွဲ၊ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရ
မြေနီကုန်း ခုံးတံတားအောက် ဗုံးပေါက်ကွဲ၊ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရ

▪️ဝါဆိုလပြည့်​နေ့ အများပြည်သူ အပြင်ထွက်သည့်​နေ့ ​ဖောက်ခွဲခြင်းမှာ စစ်အုပ်စုပင်ဖြစ်နိုင်ဟု မြို့ပြတော်လှန် ရေးအင်အားစုမှ လူငယ်တစ်ဦးပြော

ရန်ကုန်ုမြို့ စမ်းချောင်းမြို့နယ် မြေနီကုန်း ခုံးတံတားအောက်တွင် ယနေ့ (ဇူလိုင် ၁၂) ညနေပိုင်း၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ​ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စမ်းချောင်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

” ၃နာရီခွဲလောက်က မြေနီကုန်းခုံးတံတားအောက်မှာ ဗုံးက ထပေါက်တာပါ။ အသံကတော့ နည်းနည်းကျယ်တယ်။ အမျိုးသမီးနှစ်ယောက် ထိသွားတယ်လို့ သိရပါတယ်။ အခုတော့ လူနာတင်ကားတွေ လာခေါ်သွားပါပြီ ” ဟု ၎င်းက ပြောသည်။

Public Service Announcement
Public Service Announcement

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားအများအပြား ရောက်ရှိလာပြီး မြေနီကုန်းခုံးတံတားအောက်နှင့် ပြည်လမ်းတို့၌ လမ်းများပိတ်ဆို့၍ စစ်ဆေးနေကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

“မြေနီကုန်း မီးပွိုင့်ထိပ်မှာ စစ်သားတစ်စီး ရဲကားတစ်စီး ရပ်ထားပြီး လမ်းတွေပိတ်စစ်နေပါတယ်။ အိမ်စီးကားတွေကိုလည်း တားစစ်နေတာ တွေ့ရပါတယ် “ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

အဆိုပါ ဗုံး​ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့က လုပ်​ဆောင်သည်ကို မသိရ​သေး​ပေ။

ယ​နေ့ ဝါဆိုလပြည့်နေ့တွင် အများပြည်သူများ ဘုရားသွားခြင်း၊ မိသားစုလိုက်လည်ပတ်ခြင်းများ ပြုလုပ်နေသည့်အတွက် ပြည်သူများ ထိခိုက်အောင် ဗုံးပေါက်ကွဲမှု လုပ်ဆောင်ခြင်းမှာ အကြမ်းဖက် စစ်ကောင်စီဝင်များသာ ဖြစ်နိုင်ကြောင်း မြို့ပြတော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက လူမှုကွန်ရက်၌ ရေးသားထားသည်။

ယ​နေ့ မွန်းလွှဲပိုင်းက တာ​မွေမြို့နယ်တွင်လည်း မြို့ပြ UG အဖွဲ့က စစ်​ကောင်စီယာဥ်အား ​ဖောက်ခွဲတိုက်ခိုက်ရန် ဗုံးချ၍ စီစဥ်ခဲ့​သော်လည်း ပြည်သူများထိခိုက်မည်စိုးရိမ်၍ ​ဖောက်ခွဲမှုအစီအစဥ်ကို ဖျက်သိမ်းခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

၂၀၂၂ ခုနှစ်တုန်းက ကောက်ယူတဲ့ စစ်တမ်းတစ်ခုအရ ကင်ညာနိုင်ငံမှာ အမျိုးသမီး သုံးပုံတစ်ပုံဟာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အနည်းနဲ့အများ ခံစားဖူးကြောင်း သိရှိရပါတယ်။

သတင်း

မုန်လိုင်ချောင်းသည် ရေတိမ်ချောင်းဖြစ်ကြောင်း၊ ရေစီးမကြမ်းသော်လည်း ယခုရက်ပိုင်း မိုးရွာသွန်းနေချိန် လူမျောပါသွားခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကပြောသည်။

သတင်း

အောင်မြေသာစံမြို့နယ်က နေအိမ်မှာ မနေ့ နေ့ခင်းပိုင်းက လာရောက်ဖမ်းဆီးသွားတာလို့ ဒေါ်နွယ်နွယ်ဝင်းနဲ့နီးစပ်သူတစ်ဦးကအတည်ပြုပါတယ်။

သတင်း

စစ်ကောင်စီက အင်တားတိုးချဲ့နေသည်ကို တားဆီးရန် နှင့် စစ်ရေးအရှိန်မြှင့်ရန်အတွက်အမှတ် (၈) လမ်းမကြီးအသုံးပြုမည့် ကားများအား လုံခြုံရေးအရစစ်ဆေးသွားမည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ပြီးခဲ့သည့် ဇွန်လတွင် ထုတ်ပြန်ထားသည်။