Connect with us

Hi, what are you looking for?

သတင်း

မဲဇာရဲစခန်းသို့စစ်ကူသွား​သော ခမရ ၃၀၉တပ်က​ဒေသခံပြည်သူ ၁၅ ဦးကိုဖမ်းဆီး၍စစ်ဝတ်စုံဝင်​စေပြီးဓါးစာခံလုပ်

ယနေ့(ဇူလိုင် ၁၂ ရက်)က အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံကသာအခြေစိုက်ခမရ ၃၀၉ တပ်သည် ရာဇဂြိုလ်တောင် မှတဆင့်အင်းတော်နယ်ဘက်သို့ စစ်​ကြောင်းထိုးလာခြင်းဖြစ်သည်။

(စစ်​ကောင်စီ၏ ခမရ ၃၀၉ တပ်ရင်းအတွင်းတစ်​နေရာ။ ဓါတ်ပုံ-IR)
(စစ်​ကောင်စီ၏ ခမရ ၃၀၉ တပ်ရင်းအတွင်းတစ်​နေရာ။ ဓါတ်ပုံ-IR)

စစ်​ကောင်စီတပ်ကတိုက်ခိုက်ခံရသည့် မဲဇာရဲစခန်းသို့ တပ်ကူလွှတ် လိုက်သည့် ခမရ ၃၀၉ တပ်သည် ဒေသခံပြည်သူ ၁၅ ဦးကို ဖမ်းဆီးပြီး စစ်ယူနီဖောင်းများဝတ် ဆင်၍ ဓါးစာခံအဖြစ် ဖမ်းဆီးထားကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(ဇူလိုင် ၁၂ ရက်)က အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံကသာအခြေစိုက်ခမရ ၃၀၉ တပ်သည် ရာဇဂြိုလ်တောင် မှတဆင့်အင်းတော်နယ်ဘက်သို့ စစ်​ကြောင်းထိုးလာခြင်းဖြစ်သည်။

ထို့နောက် ၎င်းတို့လာရာ လမ်းတလျှောက်ရှိကူးဆိပ်၊ ကျန်တော၊နားနောင်၊ကျော်ရွာနှင့်နားခါရွာမှ ပြည်သူ ၁၅ ဦးခန့်အား ပေါ်တာဆွဲ ဖမ်းဆီးခဲ့သည်ဟု Indaw Revolution ကဖော်ပြသည်။

“ဖမ်းခံထားရတဲ့သူတွေ ငိုနေတယ်လို့ သိရတယ်။အခုစခ စစ်ကြောင်းအတိုင်း ပါသွားတယ်။ပြန်မလွှတ်ပေးသေးဘူး”ဟု IR တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ခမရ ၃၀၉ စစ်ကြောင်းသည်အင်းတော်မြို့၏တောင်ဘက် နတ်မဟုတ်ကြီး၊သံဘိုနှင့် မဲဇာရွာဘက်ကို ဦးတည်ပြီးလယ်ပြင်လမ်းအတိုင်း မဲဇာရဲစခန်းသို့ ဦးတည်သွားနေကြောင်းလည်း ၎င်းကဆက်​ပြောသည်။

“ကျွန်တော်တို့ သူတို့လာမှာကို သိတယ်။ဒါပေမယ့် ပြည်သူတွေ ကိုစစ်ဝတ်စုံဝတ်ပြီး ဓားစားခံလုပ်ထားတော့ တိုက်ပွဲဖော်ဖို့ အဆင်မပြေသေးဘူး။ဒါကြောင့် တိုက်ပွဲမရှိသေးဘူးလို့ ပြောလို့ရတယ်”ဟု အင်းတော်မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တစ်ဦးက People’s Springသို့ပြော သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ဒေသခံသ တင်းရင်းမြစ်များနှင့် စစ်ကောင်စီတပ်၏ လှုပ် ရှား မှုများကို သတင်းပေးနားစွင့်ရန်အစဥ်အမြဲ လိုအပ်ကြောင်းIR မှတာဝန်ရှိသူကတိုက်တွန်းသည်။

ဇူလိုင် ၁၀ ရက်ကစစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်ရှိ မဲဇာရဲစခန်းကိုKIA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၃၀ ထက်မနည်းသေဆုံးကြောင်း Indaw Revolution က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ကနေ စက်သုံးဆီနဲ့ စက်ပစ္စည်းတွေတင်လာတဲ့​လှေ တစ်စီးဟာရမ်းဗြဲမြို့နယ်၊မင်းကြောင်းချောင်းရွာအနီး ပင်လယ်ပြင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ​လှေပေါ် ပါလာသူ ခုနစ်ဦးပါ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။