Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေ၍ ကျေးရွာများမှ ‌ဒေသခံပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရ

ရေဦးမြို့နယ်အတွင်းရှိ မူးသာကုန်းရွာ၊ မန်းကျီးစောက်ရွာ၊ အုံးတင်ရွာ၊ ပျံကျ(အေးသာယာ)ရွာ၊ ကြခတ်ရွာ၊ နဘဲလှ ပုဂံရွာ၊ ပေါက်တောရွာ၊ အုန်းတပင်ရွာနှင့် တနယ်ကျေးရွာတို့အား စစ်ကြောင်းထိုးနေ၍ ‌ဒေသခံရွာသူ၊ရွာသားများမှာ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။

(ထွက်ပြေးလာရသည့် ကျေးရွာသူကျေးရွာသားများအား ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ချက်ပြုတ်ကျွေးမွေးနေစဥ်။ဓာတ်ပုံ-ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)
(ထွက်ပြေးလာရသည့် ကျေးရွာသူကျေးရွာသားများအား ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ချက်ပြုတ်ကျွေးမွေးနေစဥ်။ဓာတ်ပုံ-ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဆက်တိုက်စစ်ကြောင်းထိုးနေ၍ ကျေးရွာများမှ ‌ဒေသခံပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ရေဦးမြို့နယ်အတွင်းရှိ မူးသာကုန်းရွာ၊ မန်းကျီးစောက်ရွာ၊ အုံးတင်ရွာ၊ ပျံကျ(အေးသာယာ)ရွာ၊ ကြခတ်ရွာ၊ နဘဲလှ ပုဂံရွာ၊ ပေါက်တောရွာ၊ အုန်းတပင်ရွာနှင့် တနယ်ကျေးရွာတို့အား စစ်ကြောင်းထိုးနေ၍ ‌ဒေသခံရွာသူ၊ရွာသားများမှာ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။

ယခုအခါ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရှိ တနယ်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းနှင့် ရေဦး – ဒီပဲယင်းနယ်စပ်ရှိ မူးသာကုန်းရွာမှ စစ်ကြောင်းတစ်ကြောင်းတို့မှာ နှစ်ဖက်ညှပ်ကာ ထိုးစစ်ဆင်မည့်အနေအထားရှိနေကြောင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းတွင် စစ်ဘေးရှောင်ဦးရေများတိုးပွားလာလျက်ရှိကာ ကူညီထောက်ပံ့နိုင်ရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က အသိပေးသည်။

ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းတွင် စစ်ဘေးရှောင်ဦးရေ ၁,၅၀၀ခန့်ရှိသော Campတစ်ခုအတွက် အဖွဲ့က စုဆောင်းထားရှိခဲ့သော ဆန်၊ဆီ၊ဆား၊ငါးခြောက်၊ကြက်သွန်ရိက္ခာများ ၊ ဟင်းသီ းဟင်းရွက်များ တတ်စွမ်းသရွေ့ကူညီထောက်ပံ့လျက်ရှိသည်ဟု ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းတွင် စစ်ဘေးရှောင်ဦးရေ ၅,၀၀၀ အထက်ရှိနေသည်။

ယနေ့ည ၇နာရီခန့်က ဒီပဲယင်းမြို့နယ်၊ တနယ်ရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သည် တနယ်ရွာကို မီးတင်ရှို့နေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook