Connect with us

Hi, what are you looking for?

သတင်း

မြေမြှုပ်မိုင်းနင်းမိပြီး ကလေးငယ်တစ်ဦးသေဆုံး

ဇူလိုင်(၁၀)ရက်ကစပြီး စစ်ကောင်စီတပ်က အများပြည်သူအသုံးပြုသွားလာနေတဲ့ တုံးတံတား ကျောက်ကြီးလမ်းမှာ ကုန်ခြောက်တွေကူးသန်းရောက်ဝယ်ဖို့အတွက် ပိတ်ပင်ခဲ့သေးပြီး ဇူလိုင်(၁၁)ရက်က စတင်ကာ ကေအဲန်ယူ-လယ်ဒိုမြို့နယ်ရှိ ကူးတို့ဆိပ်အားလုံးကို သွားလာမှုမပြုလုပ်ဖို့ စစ်ကောင်စီက ပိတ်ပင်ခဲ့တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

KNU
KNU

ကေအဲန်ယူ-လယ်ဒို(ကျောက်ကြီး)မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က ရွာသားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို ကလေးတစ်ဦးလည်း မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးသွားခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် တပ်မဟာ ၃ နယ်မြေ လယ်ဒိုမြို့နယ်စီမံအုပ်ချုပ်ရေးနယ်မြေအတွင်းမှာ ဇူလိုင်(၁၁)ရက်က အင်းနက်ကျေးရွာသား အသက်(၆၂)အရွယ်ရှိတဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တာဖြစ်ပြီး အဆိုပါအမျိုးသားဟာ သူ့ရဲ့နေအိမ်မှာကျန်ခဲ့တဲ့ နွားတွေကိုပြန်လွတ်ပေးဖို့အတွက် ရွာထဲကိုပြန်လာစဉ် ဖမ်းဆီးသတ်ဖြတ်ခံရတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ကျေးရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နေ့ညမပြတ်ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာနေပြည်သူလူထုတွေဟာ နေအိမ်နဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို ထားခဲ့ပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ကျွန်းကုန်းကျေးရွာသားတစ်ဦးရဲ့ လယ်တဲကို မီးရှို့ဖျက်ဆီးခဲ့ပြီး လယ်ဒိုမြို့နယ် လယ်ပိုင်ကြီးကျေးရွာက ဒေသခံတွေရဲ့ လယ်တဲငါးလုံးကို ပြီးခဲ့တဲ့ ဇူလိုင်(၁၀)ရက်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

Public Service Announcement

Public Service Announcement

ဇူလိုင်(၁၀)ရက်ကစပြီး စစ်ကောင်စီတပ်က အများပြည်သူအသုံးပြုသွားလာနေတဲ့ တုံးတံတား ကျောက်ကြီးလမ်းမှာ ကုန်ခြောက်တွေကူးသန်းရောက်ဝယ်ဖို့အတွက် ပိတ်ပင်ခဲ့သေးပြီး ဇူလိုင်(၁၁)ရက်က စတင်ကာ ကေအဲန်ယူ-လယ်ဒိုမြို့နယ်ရှိ ကူးတို့ဆိပ်အားလုံးကို သွားလာမှုမပြုလုပ်ဖို့ စစ်ကောင်စီက ပိတ်ပင်ခဲ့တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

ဒါ့အပြင် ဇူလိုင်(၉)ရက်က ကေအဲန်ယူ-လယ်ဒိုမြို့နယ် ကျွန်းကြီးကူးတို့ဆိပ်မှာ လှေတန်းကျွန်းကြီးရွာရှိ အသက်(၅)နှစ်ရှိတဲ့ ကလေးငယ်တစ်ဦးဟာ စစ်ကောင်စီတပ်က ထောင်ထားတဲ့မြေမြှုပ်မိုင်းကို နင်းမိခဲ့ပြီး မိုင်းနင်မိတဲ့ကလေးငယ်ကို မိဘတွေက ကညင်ကျိုးဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် ဇူလိုင်(၁၀)ရက်နေ့မှာ သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကေအဲန်ယူ-လယ်ဒိုမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ မေလကစပြီး စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ နေ့ညမပြတ်ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာပေါင်း(၂၈)ရွာက ဒေသခံပြည်သူဦးရေ(၁၁၁၃၉)ဦးဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး အခုချိန်ကာလဟာ မိုးရာသီဖြစ်လို့ စစ်ရှောင်ပြည်သူတွေအတွက် နေရာထိုင်ခင်းကျဉ်းကြပ်တဲ့အပြင် ခြင်ထောင်ထောင်ဖို့ နေရာမရှိတာ၊ ဝတ်စရာအလုံအလောက်မရှိတာတွေကြောင့် အဝတ်စိုနဲ့သာ ဝတ်ကြရတယ်လို့ ကေအဲန်ယူက ဆိုထားပါတယ်။

ဒါကြောင့် စစ်ဘေးရှောင်တွေဟာ နေထိုင်မကောင်းဖြစ်တာ၊ ချောင်းဆိုးရင်ကြပ်၊ ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားရောဂါကို ခံစားရပြီး စစ်ဘေးရှောင်တွေအတွက် ကေအဲန်ယူကျန်းမာရေးဌာနက တာဝန်ယူဆောင်ရွက်ပေးပေမယ့် ဆေးဝါးလုံလောက်မှုမရှိတာနဲ့ လမ်းပန်းဆက်သွယ်ရေးကြောင့် လိုအပ်သလို အချိန်မှီကုသမပေးနိုင်တာတွေလည်း ရှိနေတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့ မေလ ၇ရက် မနက်ပိုင်းမှာဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ထောင်ထားတဲ့မိုင်းပေါက်ကွဲလို့ (၂)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ချောင်းသာကမ်းခြေဒေသမှာ ‌ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရပြီးစွန့်ပစ်ထားတဲ့ရုပ်အလောင်းကိုဒေသခံတွေက တွေ့ရှိခဲ့ကြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။