Connect with us

Hi, what are you looking for?

သတင်း

မေ့လျော့ခံမြန်မာ့တော်လှန်ရေးမှတ်တမ်းရုပ်ရှင်ကို ဗြိတိန်ရုပ်သံလိုင်းက ထုတ်လွှင့်ပြသမည်

စိတ်ခံစားမှုဆိုင်ရာ သက်သေခံချက်များတွင် Gen Z လူငယ်များက စစ်ဗိုလ်ချုပ်ကြီးများကို အန်တုရင်ဆိုင်ရာ၌ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ၎င်းတို့၏ အသက်ခန္ဓာစွန့်လွှတ်ထားရ သည်ကို ထုတ်ဖော်ပြောဆိုထားသည်။

Evan Williams Productions
Evan Williams Productions

ဗြိတိန် Channel 4 ရုပ်သံလိုင်းသည် စစ်တပ်၏အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၃ ခုကို သီးသန့် ရုပ်သံမှတ်တမ်း၊ မျက်မြင်သက်သေထွက်ဆိုချက်များနှင့်အတူ စုံစမ်းဖော်ထုတ်ထားသော တစ်နာရီကြာဖြစ်ရပ်မှန်ဇာတ်ကားကို ထုတ်လွှင့်ပြသတော့မည်ဟု ကြေညာလိုက်သည်။

အဆိုပါ ဖြစ်ရပ်မှန်ဇာတ်ကားကို မေ့လျော့ခံတော်လှန်ရေး(THE FORGOTTEN REVOLUTION)ဟု အမည်ပေးထားပြီး Evan Williams Productions က စုံစမ်းဖော်ထုတ် ရိုက်ကူးထားခြင်းဖြစ်သည်ဟု သိရသည်။

“ဒီမှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးဖို့ လူငယ်တွေဟာ သူတို့အသက်တွေကို စွန့်စားထားရခြင်းနဲ့အတူ သူတို့ ဖော်ထုတ်ထားတဲ့ စိတ်ဝင်စားဖွယ်ဇာတ်ကြောင်းတွေဟာ နိုင်ငံတကာအသိုင်းအဝန်းက လုံးလုံးလျားလျားလျစ်လျူရှုထားတဲ့ မြန်မာစစ်တပ်ထိပ်တန်း ခေါင်းဆောင်တွေရဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုတွေကို ထင်ထင်ရှားရှားတွေ့မြင်ရမှာပါ” ဟု ရုပ်ရှင်ထုတ် လုပ်ရေးတာဝန်ခံ Evan Williams က ပြောသည်။

ဇာတ်ကားတွင် ပါဝင်သော အထောက်အထားများက မြန်မာစစ်တပ်သည် ငြိမ်းချမ်းစွာဆန္ဒ ပြသူများနှင့် ဒဏ်ရာရရှိသူများကို ကူညီရန် ကြိုးစားသူများကို စနစ်တကျပစ်မှတ်ထားကာ ဖြစ်နိုင် ချေရှိသော ရာဇဝတ်မှုများမည်သို့ကျူးလွန်ကြသည်များ၊ အရှင်လတ်လတ် မီးတင်ရှို့ခံရသူများ အကြောင်းကို ပထမဆုံးအကြိမ် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သူ အရပ်သားများကို ချေမှုန်းရန် မြန်မာစစ်တပ်၏ကြိုး ပမ်းမှုများ၊ သွေးထွက်သံယိုပဋိပက္ခကြားမှ ကမ္ဘာကြီး၏ လုံးလုံးလျားလျား လျစ်လျူရှုခံထားရဆဲ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်အတွင်းသို့ သက်ဆင်းနေပုံကို အထက်ပါရုပ်ရှင်ဇာတ်ကားက အကောင်းဆုံးပုံဖော်ထားသည်ဟု ဆိုသည်။

အဆိုပါ မေ့လျော့ခံတော်လှန်ရေးရုပ်ရှင်ကားကို မြန်မာလူငယ်တက်ကြွလှုပ်ရှားသူများအဖွဲ့တစ်ဖွဲ့က တစ်နှစ်ကျော်ကြာ ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်းစွာဆန္ဒပြသူများ ရင်ဆိုင်ခဲ့ရသည့် စိန်ခေါ်မှုများလည်းပါဝင်သည်။ ယခုအခါ အဆိုပါငြိမ်းချမ်းစွာဆန္ဒပြသူများက ၎င်းတို့၏ဘ၀များအတွက် အာရှ၏ အင်အားအကြီးဆုံးစစ်တပ်များထဲမှတစ်ခုဖြစ်သော မြန်မာစစ်တပ်ကို စိန်ခေါ် အံတုလာပြီဖြစ်သည်။

စိတ်ခံစားမှုဆိုင်ရာ သက်သေခံချက်များတွင် Gen Z လူငယ်များက စစ်ဗိုလ်ချုပ်ကြီးများကို အန်တုရင်ဆိုင်ရာ၌ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ၎င်းတို့၏ အသက်ခန္ဓာစွန့်လွှတ်ထားရ သည်ကို ထုတ်ဖော်ပြောဆိုထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန်နိုင်ငံ၊ ဝေးလ်စ်ပြည်နယ်က ဆေးရုံတစ်ခု ခေါင်မိုးပေါ်မှာ သေမင်းပုံစံ ဝတ်ဆင်ပြီး လူတွေ အထိတ်တလန့်ဖြစ်အောင် လုပ်ခဲ့တဲ့ လူငယ်ဟာ ဒဏ်ငွေတပ်ရိုက်တာ ခံလိုက်ရပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မြန်မာတွေ စုပေါင်းပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ သံတမန်ဆက်ဆံရေးတွေ မပြုလုပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို သြဂုတ် ၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။