Connect with us

Hi, what are you looking for?

သတင်း

မြိုင်တွင်​​တစ်ပိုင်တစ်နိုင်​ရေနံတွင်းများကိုစစ်​ကောင်စီတပ်မီးရှို့ဖျက်ဆီး၍ကျပ်သိန်း​​ခြောက်​ထောင်ဝန်းကျင်ဆုံးရှုံး

“မြိုင်ကို စစ်​ကြောင်း​လေး​ကြောင်း စစ်​ကောင်စီတပ်က ထိုးစစ်ဆင်​နေတာ။ အဓိက ​ဒေသခံ​​တွေ တစ်ပိုင်တစ်နိုင်လုပ်​နေတဲ့ ​ရေနံတွင်း​တွေကို စစ်​ကောင်စီတပ်က မီးလိုက်ရှို့​နေတာ”ဟု ​မြိုင်မြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်တစ်ဦးက​လည်းပြောသည်။

ကျောက်ခွက်ကျေးရွာအနီး ရေနံတွင်းများ မီးလောင်ကျွမ်းခဲ့စဥ်။ ဓာတ်ပုံ - We Love Myaing
ကျောက်ခွက်ကျေးရွာအနီး ရေနံတွင်းများ မီးလောင်ကျွမ်းခဲ့စဥ်။ ဓာတ်ပုံ - We Love Myaing

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်းကျောက်ခွက်ကျေးရွာအနီးရှိဒေသခံပြည်သူများ၏တစ်ပိုင်တစ်နိုင်ရေနံကျင်းများကိုစစ်ကောင်စီတပ်က သုံးရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ရာ ရေနံကျင်းတစ်ရာဝန်းကျင်ပျက်စီးခဲ့ပြီးတန်ဖိုးကျပ်သိန်းခြောက်ထောင်ဝန်းကျင်ဆုံးရှုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဇူလိုင် ၇ ရက်က မြိုင်နယ်တောင်ပိုင်းမှ စစ်ကြောင်းထိုးလာကာ ကျောက်ခွက်ရွာကို ရောက်ရှိလာပြီးနောက် တပ်စွဲခဲ့ကြောင်း၊ ထို့နောက် ကျောက်ခွက်ရွာအနီးရှိ ဒေသခံများ၏ ရေနံကျင်းများကို လိုက်လံမီးရှို့ဖျက်ဆီး​နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ထိုအပြင် နေအိမ် ၇ လုံး မီးလောင်ပြာကျတာပြီးတန်ဖိုး သိန်း တစ်ထောင်ဝန်းကျင်ခန့်ဆုံးရှုံးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ကျောက်ခွက်ကျေးရွာအတွင်း အကြမ်းဖက်စစ်တပ်က ဝင်ရောက်မွှေနှောက်ဖျက်ဆီးသွားစဥ် ။ဓာတ်ပုံ - We Love Myaing
ကျောက်ခွက်ကျေးရွာအတွင်း အကြမ်းဖက်စစ်တပ်က ဝင်ရောက်မွှေနှောက်ဖျက်ဆီးသွားစဥ် ။ဓာတ်ပုံ – We Love Myaing

ရေနံတွင်းများ မီးရှို့ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ We Love Myaing အဖွဲ့ တာဝန်ရှိသူက “ရေနံကျင်းက(၁၀၀) ဝန်းကျင်၊ အိမ်က ၇ လုံး။ ရေနံကျင်းတစ်ကျင်းကို သိန်း ၆၀ လောက်တန်တယ်လို့ ဒေသခံတစ်ယောက်ကပြောပြလို့သိရတယ်။ အိမ် ၇ လုံးက ကာလတန်ကြေးသိန်းတစ်ထောင်ဆိုတာက အနည်းဆုံးပဲ။ ဒီကောင်တွေ ရွာကနေ ၁၁ရက်နေ့ မနက်ပိုင်းက ထွက်သွားတာလို့ ပြောတယ်”ဟု ပြောသည်။

ကျောက်ခွက်ရွာသည် မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်တွင်ရှိပြီး ရွာပတ်ပတ်လည်တွင်ရေနံကျင်းများတူး၍လုပ်ကိုင်နေ​သောရွာဖြစ်သည်။

Public Service Announcement

Public Service Announcement

ကျောက်ခွက်ကျေးရွာအတွင်း အကြမ်းဖက်စစ်တပ်က ဝင်ရောက်မွှေနှောက်ဖျက်ဆီးသွားစဥ် ။ဓာတ်ပုံ - We Love Myaing
ကျောက်ခွက်ကျေးရွာအတွင်း အကြမ်းဖက်စစ်တပ်က ဝင်ရောက်မွှေနှောက်ဖျက်ဆီးသွားစဥ် ။ဓာတ်ပုံ – We Love Myaing

“မြိုင်ကို စစ်​ကြောင်း​လေး​ကြောင်း စစ်​ကောင်စီတပ်က ထိုးစစ်ဆင်​နေတာ။ အဓိက ​ဒေသခံ​​တွေ တစ်ပိုင်တစ်နိုင်လုပ်​နေတဲ့ ​ရေနံတွင်း​တွေကို စစ်​ကောင်စီတပ်က မီးလိုက်ရှို့​နေတာ”ဟု ​မြိုင်မြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်တစ်ဦးက​လည်းပြောသည်။

မြိုင်နယ်တွင် ရွာပေါင်း ၃၃၀ရှိသည့်အနက် အကြမ်းဖက် စစ်ကောင်စီကို မထောက်ခံသည့်ရွာ အများဆုံးဖြစ်ကြောင်း၊ မြိုင်မို့နယ်တွင်တော်လှန်ရေးအားကောင်းသည့်အတွက် ၎င်းတို့အား မထောက်ခံသူများကို PDF ထောက်ပံ့သူဟု မတရားစွပ်စွဲပြီး ဖမ်းဆီးသတ်ဖြတ်ခြင်း၊ပြည်သူပိုင်ပစ္စည်းများနှင့် ရွာများကို မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ပြီး အကြောက်တရားပေးနေခြင်းဖြစ်ကြောင်း မြိုင်နယ်တော်လှန်ရေးအဖွဲ့များက ပြောသည်။

ကျောက်ခွက်ကျေးရွာအတွင်း အကြမ်းဖက်စစ်တပ်က ဝင်ရောက်မွှေနှောက်ဖျက်ဆီးသွားစဥ် ။ဓာတ်ပုံ - We Love Myaing
ကျောက်ခွက်ကျေးရွာအတွင်း အကြမ်းဖက်စစ်တပ်က ဝင်ရောက်မွှေနှောက်ဖျက်ဆီးသွားစဥ် ။ဓာတ်ပုံ – We Love Myaing

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဇူလိုင်လဆန်းတွင် မြိုင်နယ်အတွင်း၌ စစ်ကြောင်းထိုး အကြမ်းဖက်မှုများ ပြုလုပ်နေပြီး ဒေသတွင်း PDF များနှင့်လည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။