Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထို အင်္ဂဘိုရွာတွင် စစ်ကောင်စီယာဉ်တန်းကို KNU/PDFပူးပေါင်းတပ် မိုင်းဆွဲတိုက်ခိုက်

စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားရာနေရာအနီးတဝိုက် လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်စာရင်း အား အတိအကျမသိရကြောင်း PDF တပ်ရင်း(၃)က သတင်းထုတ်ပြန်သည်။

(KNU/PDF ပူးပေါင်းစစ်ကြောင်းအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)
(KNU/PDF ပူးပေါင်းစစ်ကြောင်းအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)

စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦးထွက်ပြေးရာ ကားတိုက်သေဟု သထုံခရိုင် PDFတပ်ရင်းသုံး ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာတွင် စစ်ကော်စီတပ်ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း(၃)က သတင်းထုတ်ပြန်သည်။

ယနေ့ (ဇူလိုင် ၁၅ရက်) နံနက် ၁၀နာရီခန့်တွင် အင်္ဂဘိုကျေးရွာ ဆီအုန်းအမှတ် (၂)လေးဒေါင့်ကန် အနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း – 3 နှင့် KNU/KNLA ပူးပေါင်းတပ်ဖွဲ့များက စစ်ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ယာဉ်တန်းအား အမြဲလုံခြုံရေး ယူပေးနေသော ရှေ့ပြေးကင်းပုန်းမှ ဗိုလ်တစ်ဦးတိုက်ပွဲအတွင်း အလန့်တကြားထွက်ပြေးရာမှ ကားတိုက်သေဆုံး ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားရာနေရာအနီးတဝိုက် လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်စာရင်း အား အတိအကျမသိရကြောင်း PDF တပ်ရင်း(၃)က သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း – ၃ နှင့် KNU/KNLA ပူးပေါင်းတပ်ဖွဲ့များ အထိခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။