Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန် – မန္တလေးအမြန်လမ်းတွင် စစ်ကောင်စီတပ်မှ ယာဥ်သုံးစီးကို မိုင်းဆွဲတိုက်ခိုက်၊ သုံးဦးထက်မနည်းသေဟုဆို

ဇူလိုင် ၃ ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်မှ နွားထိုးကြီး PDF ၏စခန်းတစ်ခုကို ဝင်စီးခဲ့ရာ လက်နက်ခဲယမ်းများဆုံးရှုံးခဲ့ရပြီး စားဖိုမှူးအရပ်သားတစ်ဦး ဖမ်းဆီးခံခဲ့ရသည်။

ရန်ကုန် - မန္တလေးအမြန်လမ်း
ရန်ကုန် - မန္တလေးအမြန်လမ်း

ရန်ကုန် – မန္တလေးအမြန်လမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ ယာဥ်ကြီးသုံးစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ​ပြောသည်။

ယနေ့နေ့လယ် ၁ နာရီခန့်က ရန်ကုန်-မန္တလေးအမြန်လမ်း တွင် မန္တလေးဘက်မှ မိတ္ထီလာမြို့ဘက်သို့မောင်းနှင်လာသော စစ်ကားအကြီးသုံးစီးကို မိုင်တိုင် (၃၂၀)အနီးတွင် ပဒေသာမိုင်း ၁၁လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း နွားထိုးကြီး PDFက ပြောသည်။

“သုံးဦးကတော့ အဲ့နားမှာ လူတင်ကားပေါ်ပွေ့တင်နေတာ တွေ့တယ် ပြောတယ်။ အနည်းဆုံး သုံးကောင်လောက်တော့ကျမယ်”ဟု နွားထိုးကြီး PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ခိုက်ခံရမှုဖြစ်ပွားပြီးနောက် အခင်းဖြစ်နေရာသို့ လူနာတင်ယာဥ်များရောက်ရှိလာပြီး သေဆုံးနှင့် ထိခိုက်ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို မိတ္ထီလာမြို့ဘက်သို့ သယ်သွားကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၃ ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်မှ နွားထိုးကြီး PDF ၏စခန်းတစ်ခုကို ဝင်စီးခဲ့ရာ လက်နက်ခဲယမ်းများဆုံးရှုံးခဲ့ရပြီး စားဖိုမှူးအရပ်သားတစ်ဦး ဖမ်းဆီးခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မှာအမေရိကန်သံအရာရှိသေဆုံးမှုနဲ့ ပတ်သက်ပြီးထိုင်းအမျိုးသမီးတဦးကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ကြောင်း AP သတင်းဌာနက​ဖော်ပြပါတယ်။