Connect with us

Hi, what are you looking for?

သတင်း

ဖလမ်း – ဟာခါးလမ်းတိုက်ပွဲ၌ သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများကို လမ်းဘေးတွင် မီးရှို့ခဲ့

အဆိုပါတိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးဒဏ်ရာရရှိသူ ရှိမရှိကို မသိရသေးကြောင်း၊ ယနေ့ ညနေပိုင်း၌လည်း ဟားခါး-ချွန်ကျုံးအကြားတွင် တော်လှန်ရေးတပ်ဖွဲ့မှ စစ်​ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သတင်း၌ ပါရှိသည်။

(စစ်​ကောင်စီတပ်သားများ၏ ရုပိအ​လောင်းများကို မီးရှို့ထားစဥ်၊ ဓာတ်ပုံ - The Chin Journal)
(စစ်​ကောင်စီတပ်သားများ၏ ရုပိအ​လောင်းများကို မီးရှို့ထားစဥ်၊ ဓာတ်ပုံ - The Chin Journal)

▪️ယနေ့တွင်လည်း စစ်ကောင်စီတပ်ကို ချင်းပူးပေါင်းတပ် မိုင်းဆွဲတိုက်ခိုက်

ချင်းပြည်နယ် ဖလမ်း – ဟားခါးလမ်းတိုက်ပွဲ၌ သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများ၏ အလောင်းများကိုရမ်ထလိုကျေးရွာနှင့် ဒိုထဲကျေးရွာအကြား လမ်းဘေးတွင် မီးရှို့ခဲ့ကြောင်း The Chin Journal က ဖော်ပြသည်။

အဆိုပါ နေရာများကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့မှ ဓာတ်ပုံမှတ်တမ်းတင်ထားကြောင်း ၊ စစ်ကောင်စီတပ်သည် ဟာခါးမြို့နယ် ချွန်ကျုံးကျေးရွာနေအိမ် ၁၄လုံးကို မီးရှို့ပြီးနောက် ဟားခါမြို့ဖက်သို့ ဆက်လက်ထွက်ခွာကြရာ ယမန်နေ့ ဇူလိုင် ည ၇နာရီခန့်တွင် ချွန်ကျုံးနှင့် ဟားခါးအကြားတွင် ချင်းတော်လှန်ရေးတပ်မှ ကြားဖြတ်တိုက်ခိုက်ခဲံ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

အဆိုပါတိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးဒဏ်ရာရရှိသူ ရှိမရှိကို မသိရသေးကြောင်း၊ ယနေ့ ညနေပိုင်း၌လည်း ဟားခါး-ချွန်ကျုံးအကြားတွင် တော်လှန်ရေးတပ်ဖွဲ့မှ စစ်​ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သတင်း၌ ပါရှိသည်။

စစ်ကောင်စီတပ်သည် ဟားခါးနှင့် ၉မိုင်ခန့်ကွာဝေးသည့်နေရာတွင် ရောက်ရှိ‌နေကြပြီး အဆိုပါနေရာတွင် စခန်းချညအိပ်ကြကြောင်း The Chin Journal ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဖလမ်းမှ ဟာခါးမြို့သို့ တက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဇူလိုင် ၈ရက်မှစ၍ ချင်းလက်နက်ကိုင် ပူးပေါင်းတပ်များက တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲပြင်းထန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။