Connect with us

Hi, what are you looking for?

သတင်း

ဖလမ်း – ဟားခါးလမ်းတိုက်ပွဲ ဒဏ်ရာရ စစ်ကောင်စီတပ်သား ၁၅ဦး ဟားခါးဆေးရုံရောက်နေ

တိုက်ပွဲ၌အထိနာသည့် စစ်ကောင်စီတပ်သည် ဖလမ်း – ဟားခါးအကြားရှိ တာလ်ကျေးရွာနှင့် ချွန်ကျုံးကျေးရွာ တို့မှ နေအိမ် ၃၅လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။

(ပြီးခဲ့သည့် မတ်လအတွင်းက စစ်​ကောင်စီယာဥ်တန်း ဟားခါးမြို့သို့ ဝင်​ရောက်လာစဥ်၊ ဓာတ်ပုံ - The Chin Journal)
(ပြီးခဲ့သည့် မတ်လအတွင်းက စစ်​ကောင်စီယာဥ်တန်း ဟားခါးမြို့သို့ ဝင်​ရောက်လာစဥ်၊ ဓာတ်ပုံ - The Chin Journal)

▪️စစ်ကောင်စီယာဉ်တန်းအား ချင်းပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် မိုင် ၄၀ကျော်ခရီးကို ၁၀ရက်ကြာ သွားခဲ့ရ

ချင်းပြည်နယ် ဖလမ်းမြို့နှင့် ဟားခါးမြို့အကြား တိုက်ပွဲ တွင် ဒဏ်ရာရခဲ့သည့် စစ်ကောင်စီတပ်သား ၁၅ဦး ဟားခါးဆေးရုံသို့ရောက်ရှိနေကြောင်းThe Chin Journalက ဖော်ပြသည်။

အဆိုပါ လမ်းပိုင်း၌ ဇူလိုင် ၈ရက်မှစ၍ စစ်ကောင်စီတပ်များကို ချင်းလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့က ခုခံတိုက် ခိုက်ခဲ့ရာ တိုက်ပွဲများမကြာခဏဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် ယာဉ်တန်းသည် ယနေ့ (ဇူလိုင် ၁၇ရက်)ညနေပိုင်း၌ ဟားခါးမြို့သို့ရောက်ရှိလာသည်ဟု ဆိုသည်။

အဆိုပါ ယာဉ်တန်းမြို့တွင်းသို့ ဝင်ရောက်နေချိန်တွင်ဟားခါးမြို့ စျေးသစ်ရပ်ကွက်၌ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သည်ဟု ဖော်ပြထားသည်။

“စကစတွေ စစ်ကား၁၈စီးနဲ့ မြို့ထဲကို ၀င်လာတုန်း ပေါက်ကွဲမှုဖြစ်တာ။ ထိခိုက်ဒဏ်ရာရရှိမှုတွေတော့မရှိဘူး”ဟု ဒေသခံ၏ ပြောကြားချက်ကို The Chin Journalက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ဇူလိုင် ၇ရက်က ဖလမ်းမြို့မှထွက်ခွာလာရာခြင်းဖြစ်သည်။ အဆိုပါလမ်းကို မော်တော် ယာဉ်ဖြင့်သွားပါက ပုံမှန်အားဖြင့် နာရီအနည်းငယ်သာကြာသော်လည်း ယခုအခါ ၁၀ရက်ကြာမြင့်ခဲ့သည်။ ဖလမ်းနှင့်ဟားခါးမြို့သည် မိုင် ၄၀ကျော်သာ ကွာဝေးသည်။

ဖလမ်း – ဟားခါးအကြားတွင် စစ်ကောင်စီ၏ယာဉ်တန်းကို ချင်းပြည်ပူးတွဲကာကွယ်ရေးကော်မတီ(CJDC) အဖွဲ့ဝင်များ ဖြစ်သည့် ချင်းအမျိုးသားတပ်မတော်(CNA)၊ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)၊ ဟားခါး ချင်းကာကွယ်ရေးတပ်(CDF)၊ ထန်တလန် CDF၊ မတူပီ CDFစသည့် ချင်းလက်နက်ကိုင် ပူးပေါင်းတပ်က အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးများပြားခဲ့သည်ဟု ဆိုသည်။ အဆိုပါ တိုက်ပွဲ၌ ချင်းပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် နှစ်ဦးကျဆုံးပြီး ဒဏ်ရာရသူ ၁၀ဦးခန့်ရှိကြောင်း The Chin Journalက ဖော်ပြထားသည်။

တိုက်ပွဲ၌အထိနာသည့် စစ်ကောင်စီတပ်သည် ဖလမ်း – ဟားခါးအကြားရှိ တာလ်ကျေးရွာနှင့် ချွန်ကျုံးကျေးရွာ တို့မှ နေအိမ် ၃၅လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။