Connect with us

Hi, what are you looking for?

သတင်း

နွေဦးတော်လှန်ရေးခရီးကြမ်းမှသည် ဖက်ဒရယ်ပြည်ထောင်စုအောင်ပွဲဆီသို့ ညီညွတ်စွာလျှောက်လှမ်းကြရန် CRPHတိုက်တွန်း

အကြမ်းဖက်စစ်အာဏာရှင်များက ပြည်သူလူထု၏ဆန္ဒမဲဖြင့် ရွေးကောက်တင်မြှောက်ထားသည့် နိုင်ငံခေါင်းဆောင်များကို လက်နက်အားကိုး၍ ဥပဒေမဲ့ ဖမ်းဆီးကာ ပြည်သူလူထုထံမှဆင်းသက်လာသည့် နိုင်ငံတော်အာဏာကို အကြမ်းဖက်နည်းလမ်းဖြင့် အဓမ္မရယူထားကြောင်းလည်း ဖော်ပြသည်။

CRPH
CRPH

အာဇာနည်အမျိုးသားခေါင်းဆာင်ကြီးများ၏ လမ်းစဉ်နှင့် စိတ်ခွန်အားကိုအခြေပြု၍ နွေဦးတော်လှန်ရေးခရီးကြမ်းမှသည် ဖက်ဒရယ်ပြည်ထောင်စုအောင်ပွဲဆီသို့ ညီညွတ်စွာလျှောက်လှမ်း ကြရန် CRPH က တိုက်တွန်းသည်။

ယနေ့ ကျရောက်သော (၇၅)နှစ်မြောက် အာဇာနည်နေ့၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က သဝဏ်လွှာပေးပို့ခြင်းဖြစ်ပြီး အကြမ်းဖက်အာဏာရှင်စနစ်ကို ခေတ်အဆက်ဆက် ခုခံတော်လှန်ရင်းဖြင့် ကျဆုံးခဲ့ကြရသော၊ အသက်ပေးခဲ့ကြရသော နယ်ပယ်အသီးသီးမှ သူရဲကောင်းအာဇာနည်များ အားလုံး၏စွန့်လွှတ်အနစ်နာခံမှု၊ ရဲစွမ်းသတ္တိနှင့် တိုင်းပြည်နှင့်လူမျိုးများအတွက် ကြိုးစား အားထုတ်ခဲ့မှုများအား အစဉ်ထာဝရ အောက်မေ့သတိရတန်ဖိုးထားကြောင်း ဖော်ပြသည်။

အကြမ်းဖက်စစ်အာဏာရှင်များက ပြည်သူလူထု၏ဆန္ဒမဲဖြင့် ရွေးကောက်တင်မြှောက်ထားသည့် နိုင်ငံခေါင်းဆောင်များကို လက်နက်အားကိုး၍ ဥပဒေမဲ့ ဖမ်းဆီးကာ ပြည်သူလူထုထံမှဆင်းသက်လာသည့် နိုင်ငံတော်အာဏာကို အကြမ်းဖက်နည်းလမ်းဖြင့် အဓမ္မရယူထားကြောင်းလည်း ဖော်ပြသည်။

သို့ရာတွင် ပြည်သူလူထု၏ ဆန္ဒသဘောထားကိုအလေးမထားဘဲ ဖျက်ဆီးရန် ကြိုးပမ်းခဲ့သည့် လူမဆန်သော စစ်အာဏာရှင်တို့၏ လက်နက်အားကိုးဖြင့် ဖိနှိပ်ချုပ်ချယ်ရန် ကြိုးပမ်းမှုကိုခေါင်းငုံ့မခံဘဲ ပြည်သူတစ်ရပ်လုံးသည် တိုင်းပြည်နှင့်လူမျိုး၏အနာဂတ်အတွက် အသက်ပင်ပဓာနမထားဘဲ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုမှသည် အမျိုးမျိုးသော ခုခံတော်လှန်စစ်အထိ အရှိန်အဟုန်ဖြင့် ရဲဝံ့စွာပါဝင်ဆင်နွှဲနေကြောင်း ဆက်လက်ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အားလုံး၏ တူညီသောပန်းတိုင် ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် တစ်နှစ်ကျော် ကြာမြင့်သည့်ကာလတိုင်အောင် စစ်အာဏာရှင်စနစ်အား လုံးဝအုပ်ချုပ်ခွင့်မရရှိစေရန် ဖိအားပေးတွန်းလှန်နေနိုင်ခြင်းသည် တိုင်းရင်းသားအင်အားစုများ၏ စည်းလုံးညီညွတ်ခြင်းနှင့် တိုင်းပြည်အပေါ် ထားရှိသော မှန်ကန်သော ဒီမိုကရေစီစိတ်ထားကြောင့်ဖြစ်သည်ဟုလည်း CRPH က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

လက်ရှိနွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေအပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ချင်းရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(AA)ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က ဒီကနေ့ ဧပြီ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)အား နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်ခဲ့တယ်လို့ CRPHက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဒီကနေ့ ဧပြီ ၁၀ရက်မှာ ကျရောက်တဲ့ အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇) နှစ်မြောက် အထိမ်းအမှတ်နေ့သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး နောင်နှစ်ပေါင်းများစွာ တိုင် အာရက္ခပြည်သူတို့ ယုံကြည်အားကိုးရသော တပ်မတော်ကြီးအဖြစ် ခိုင်မာစွာရပ်တည် နိုင်ပါ စေကြောင်း ဖော်ပြထားပါတယ်။