Connect with us

Hi, what are you looking for?

သတင်း

လှည်းတန်းခုံးတံတားတွင် “အာဇာနည်မျိုး သေရိုးမရှိ”ဟု စာရေးသားဆန္ဒပြ

ယနေ့တွင် ရန်ကုန်မြို့၌ အကြမ်းဖက် စစ်ကောင်စီဝင်များက လှည့်ကင်းကားများ တင်းကြပ်စွာ လှည့်လည်နေသော်လည်း လူငယ်များက ပုံစံမျိုးစုံဖြင့် အာဇာနည်နေ့ ဂုဏ်ပြုအထိမ်းအမှတ် ဆန္ဒပြခဲ့ကြသည်။

ဓာတ်ပုံ - ဗမာ့လူငယ်ကွန်ရက်
ဓာတ်ပုံ - ဗမာ့လူငယ်ကွန်ရက်

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းခုံးကျော်တံတားတွင် ယနေ့ (ဇူလိုင် ၁၉) အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဗမာ့လူငယ်ကွန်ရက် (ဗလက) မှ တော်လှန်လူငယ်များက စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်းအား ရေးသား၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

လူငယ်များက “အာဇာနည်မျိုး သေရိုးမရှိ” ဟူသော စာသားကို လှည်းတန်းခုံးတံတားဘေးတွင် ဆေးအနီဖြင့် ရေးသား၍ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

ဓာတ်ပုံ - ဗမာ့လူငယ်ကွန်ရက်
ဓာတ်ပုံ – ဗမာ့လူငယ်ကွန်ရက်

ယနေ့တွင် ရန်ကုန်မြို့၌ အကြမ်းဖက် စစ်ကောင်စီဝင်များက လှည့်ကင်းကားများ တင်းကြပ်စွာ လှည့်လည်နေသော်လည်း လူငယ်များက ပုံစံမျိုးစုံဖြင့် အာဇာနည်နေ့ ဂုဏ်ပြုအထိမ်းအမှတ် ဆန္ဒပြခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာအကျဥ်းထောင်မှာ အာဇာနည်​နေ့က ၁မိနစ်ငြိမ်လို့ဆိုပြီး နိုင်ငံရေးအကျဥ်းသားတွေကို စစ်တပ်က ခေါ်ထုတ်သွားကြောင်း နွေဦးနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံးရဲ့ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။

သတင်း

(၇၉)နှစ်မြောက်အာဇာနည်နေ့မှာ အာဇာနည်ကုန်းအနီးဖြတ်သန်းသွားလာတဲ့ လူငယ်တွေကို စစ်တပ်က စစ်ဆေးခဲ့ပြီး လူငယ် ၅ ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေဟာ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်၊ ဩစတေးလျနဲ့ မလေးရှားနိုင်ငံတို့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ စုပေါင်းပြီး (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။