Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့တွင် အာဇာနည်နေ့က မြို့ပေါ်စစ်ဆေးရေး နှစ်ကြိမ်ပြုလုပ်ပြီး စစ်ကောင်စီတပ်အား တိုက်ခိုက်

ထို့အပြင် ယမန်နေ့နံနက် ၁နာရီခွဲခန့်က စစ်ကောင်စီတပ် တပ်စွဲထားသော မုံရွာစီးပွားရေး တက္ကသိုလ်ဝင်းအတွင်းအား ဒေသတွင်း PDFများက ပစ်ခတ်တိုက်ခိုက်ခဲ့ကြသေးသည်။

(အာဇာနည်နေ့အထိမ်းအမှတ် စာတန်းများအား ချိတ်ဆွဲခဲ့ကြစဥ်။ဓာတ်ပုံ-MRI)
(အာဇာနည်နေ့အထိမ်းအမှတ် စာတန်းများအား ချိတ်ဆွဲခဲ့ကြစဥ်။ဓာတ်ပုံ-MRI)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ဇူလိုင်၁၉ရက် အာဇာနည်နေ့က မြို့ပေါ် စစ်ဆေးရေးနှစ်ကြိမ်ပြုလုပ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်အား တိုက်ခိုက် ခဲ့ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ဇူလိုင် ၁၉ ရက် နံနက် ၁၀နာရီခွဲခန့်က မုံရွာမြို့ ကျောက္ကာလမ်း မိုးကောင်းဘုရားအနီးတွင် တပ်စွဲထားသော ခရီးသွားပြည်သူများကို ဒုက္ခပေးနေသည့် စစ်ကောင်စီတပ်၏ စစ်ဆေးရေး ဂိတ်အား လက်ပစ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က အသိပေးသည်။

ထို့အပြင် ထိုနေ့ည ၇ နာရီသာသာခန့်ကလည်း ဆည်မြောင်းလမ်းအတွင်း ရပ်ထားသော စစ်ကောင်စီတပ်၏ ယာဥ်တစ်စီးအား လက်ပစ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က ထပ်မံအသိပေးသည်။

ယမန်နေ့ညနေပိုင်းက အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် မုံရွာမြို့ ချင်းတွင်းရတနာစျေး နှင့်မြို့လယ်နာရီစင်တို့တွင် တော်လှန်​ရေးဘန်နာ စာတန်းများ ချိတ်ဆွဲတော်လှန်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယမန်နေ့နံနက် ၁နာရီခွဲခန့်က စစ်ကောင်စီတပ် တပ်စွဲထားသော မုံရွာစီးပွားရေး တက္ကသိုလ်ဝင်းအတွင်းအား ဒေသတွင်း PDFများက ပစ်ခတ်တိုက်ခိုက်ခဲ့ကြသေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook