Connect with us

Hi, what are you looking for?

သတင်း

ခရီးသွားလာခြင်းမပြုရန်နှင့် အန္တရာယ်အရှိဆုံး ၇ နိုင်ငံစာရင်းတွင် မြန်မာထိပ်ဆုံးမှပါဝင်

ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ခရီးသွားလာခြင်းမပြုရန် တားမြစ်သော နိုင်ငံ များစာရင်းတွင် အီရတ်၊ အာဖဂန်နစ္စတန်၊ ယူကရိန်းတို့နှင့်အတူ မြန်မာနိုင်ငံကို ထည့်သွင်းထားသည်။

ခရီးသွားလာခြင်းမပြုရန်နှင့် အန္တရာယ်အရှိဆုံး ၇ နိုင်ငံစာရင်းတွင် မြန်မာထိပ်ဆုံးမှပါဝင်
ခရီးသွားလာခြင်းမပြုရန်နှင့် အန္တရာယ်အရှိဆုံး ၇ နိုင်ငံစာရင်းတွင် မြန်မာထိပ်ဆုံးမှပါဝင်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကမ္ဘာပေါ်တွင် ခရီးသွားလာခြင်းမပြုရန် တားမြစ်သည့် ၇ နိုင်ငံစာရင်းထုတ်ပြန်ခဲ့ရာ စစ်အာဏာသိမ်းခံထားရသော မြန်မာနိုင်ငံက ထိပ်ဆုံး၌ရပ်တည်နေသည်။

ပြည်တွင်းမငြိမ်သက်မှုနှင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာနိုင်ငံသို့ အ​မေရိကန်နိုင်ငံသားများခရီးသွားလာခြင်း မပြုရန် သတ်မှတ်ခြင်းဖြစ်ပြီး မတရားဖမ်းဆီးထိမ်းသိန်းခံရမှုများလည်း မြင့်တက်နေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ခရီးသွားများအတွက် အကြံပြုချက်ကို အဆင့် ၄ ဆင့်ဖြင့်သတ်မှတ်သတိပေးရာ အဆင့် ၄ မှာအ​ခြေအ​နေအဆိုးဆုံးဖြစ်ပြီး အနီ​ရောင် ခရီးမသွားရန်သတ်မှတ်ထားခြင်းဖြစ်သည်။

ခရီးသွားလာခြင်းမပြုရန်နှင့် အန္တရာယ်အရှိဆုံး ၇ နိုင်ငံစာရင်းတွင် မြန်မာထိပ်ဆုံးမှပါဝင်
ခရီးသွားလာခြင်းမပြုရန်နှင့် အန္တရာယ်အရှိဆုံး ၇ နိုင်ငံစာရင်းတွင် မြန်မာထိပ်ဆုံးမှပါဝင်

မြန်မာနိုင်ငံ​နှင့်အတူဟောင်ကောင်၊ အီရန် ၊အီရတ် ၊​မြောက်ကိုရီးယား၊ ရုရှား၊ဗင်နီဇွဲလား နိုင်ငံတို့ကိုလည်း အ​မေရီကန်က ခရီးမသွားရန်နိုင်ငံများသတ်မှတ်ထားသည်။

မြန်မာစစ်တပ်သည် ရွေးကောက်ခံအစိုးရအဖွဲ့ဝင်များကို ဖယ်ရှားထိန်းသိမ်းထားပြီး စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ဆန္ဒပြသူများကို ဖမ်းဆီးမှုဆက်လက်လုပ်ဆောင်မည်ဟုလည်း မျှော်လင့်ထားသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် အမေရိကန်နိုင်ငံသားများ အာဏာသိမ်းမြန်မာစစ်တပ်၏ မတရားဖမ်းဆီးခံရခြင်း မရှိရန် မြန်မာနိုင်ငံသို့ခရီးသွားလာခြင်းမပြုရန် တားမြစ်ခြင်းဖြစ်သည်။

မငြိမ်သက်မှုနှင့် လက်နက်ကိုင်ပဋိပက္ခမြင့်မားနေသော ဒေသများကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ချင်းပြည်နယ် ပလက်၀၊ မတူပီ၊ ကချင်ပြည်နယ် ဗန်မော်၊ မိုးကောင်း၊ ဖားကန့်၊ မန်စီ၊ မိုးမောက်၊ ဆွမ်ပရာဘုံ၊ တနိုင်း၊ ဝိုင်းမော်၊ ရှမ်းပြည် နယ် ဟိုပန်၊ သိန်းနီ၊ မိုင်းကိုင်၊ နမ့်ဆမ်၊ နမ္မတူ၊ နမ့်ခမ်း၊ ကယားပြည်နယ် ရှားတော၊ ကရင်ပြည်နယ် ဖာပွန် စသည့် မြို့နယ်များ ပါဝင်သည်။

ခရီးသွားလာခြင်းမပြုရန်နှင့် အန္တရာယ်အရှိဆုံး ၇ နိုင်ငံစာရင်းတွင် မြန်မာထိပ်ဆုံးမှပါဝင်
ခရီးသွားလာခြင်းမပြုရန်နှင့် အန္တရာယ်အရှိဆုံး ၇ နိုင်ငံစာရင်းတွင် မြန်မာထိပ်ဆုံးမှပါဝင်

ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိမြို့နယ်များ၊ ကချင်၊ ရခိုင်နှင့် ချင်းပြည်နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများလည်း ပါဝင်သည်။

ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ခရီးသွားလာခြင်းမပြုရန် တားမြစ်သော နိုင်ငံ များစာရင်းတွင် အီရတ်၊ အာဖဂန်နစ္စတန်၊ ယူကရိန်းတို့နှင့်အတူ မြန်မာနိုင်ငံကို ထည့်သွင်းထားသည်။

တားမြစ်ထားသည့်ဒေသသို့ သွားရောက်ပါက သေဆုံးခြင်း၊ အကျဉ်းချထားခံရခြင်း၊ ပြန်ပေးဆွဲခံရ ခြင်းနှင့် ပြင်းထန်သောဒဏ်ရာရရှိခြင်းစသည့် ကြီးမားသောအန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်ဖွယ် ရှိပြီး သံရုံးကလည်း ကူညီရန် လက်လှမ်းမီရန် တတ်နိုင်မည်မဟုတ်ကြောင်း ဩစတြေးလျနိုင်ငံ ခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။