Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်နယ်တွင် စစ်ကောင်စီဘတ်ဂျက်ချမှတ်သည့်လုပ်ငန်းများလုပ်ခွင့်မပြုဟု မြို့နယ်(ပအဖ) ကြေညာ

ဇူလိုင် ၁၉ရက်က မင်းတပ်မြို့နယ်(ပအဖ)က မင်းတပ်မြို့နယ်အတွင်း ပြည်သူလူထု၏ အကျိုးကို ထောက်ရှု၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်တင်ဒါအောင်သော ဒေသခံ ကုမ္ပဏီများကို တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုရန် ကြေညာချက်ကို ပြန်လည် ပြင်ဆင်ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

(မင်းတပ်မြို့တစ်​နေရာ ။ ဓါတ်ပုံ-Asian Skyline)
(မင်းတပ်မြို့တစ်​နေရာ ။ ဓါတ်ပုံ-Asian Skyline)

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက ဘတ်ဂျက် ချမှတ်သည့် လုပ်ငန်း များကို မည်သည့်ကုမ္ပဏီအဖွဲ့အစည်းကိုမှ ဆောင်ရွက် ခွင့်ပြုမည်မဟုတ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြန်လည်ထုတ်ပြန်ကြေညာခဲ့သည်။

ဇူလိုင် ၁၉ရက်က မင်းတပ်မြို့နယ်(ပအဖ)က မင်းတပ်မြို့နယ်အတွင်း ပြည်သူလူထု၏ အကျိုးကို ထောက်ရှု၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်တင်ဒါအောင်သော ဒေသခံ ကုမ္ပဏီများကို တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုရန် ကြေညာချက်ကို ပြန်လည် ပြင်ဆင်ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

ဇူလိုင် ၁၉ရက် ကြေညာချက်သည် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သည့် သဘော သက်ရောက် ခြင်း၊ လုံခြုံရေးအမြင်အရ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာများအထိ လျှို့ဝှက်စိမ့်ဝင် လာနိုင်ခြေရှိခြင်း တို့ကို ပြန်လည်စိစစ်သုံးသပ်ရ၍ စစ်ကောင်စီက ဘတ်ဂျက်ချမှတ်သည့် လုပ်ငန်းများကို မည်သည့် ကုမ္ပဏီ အဖွဲ့အစည်းကိုမှ ဆောင်ရွက်ခွင့်ပြု မည်မဟုတ်ကြောင်း မင်းတပ်(ပအဖ)က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၁၉ရက်ကြေညာချက်ကို ယခု ထုတ်ပြန်သည့် အမိန့်စာဖြင့် လွှမ်းမိုး ပယ်ဖျက်လိုက် ကြောင်းလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဩဂုတ် ၃၀ရက်ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့ရာ မူလတန်းကလေးငယ်အပါအဝင် ပြည်သူ ၈ဦးသေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

Facebook