Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-အမြင့်လမ်းပိုင်းတွင်မိုးသည်းထန်စွာရွာ​နေသဖြင့်မိုင်းများ​ပေါက်ကွဲနိုင်၍ဖြတ်သန်းသွားလာခြင်းမပြုရန်သတိ​ပေး

အရေးပေါ်ကိစ္စများကြောင့် မဖြစ်မနေဖြတ်သန်းသွားလာရပါက ဂရုတစိုက်ဖြင့် ဖြတ်သန်းသွားလာကြပါရန် ပြည်သူများအား မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက မေတ္တာရပ်ခံထားသည်။

မုံရွာ-အမြင့်လမ်းပိုင်း
မုံရွာ-အမြင့်လမ်းပိုင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-အမြင့်လမ်းပိုင်းတွင်မိုးသည်းထန်စွာ ရွာသွန်းနေ၍ မိုင်းများပေါက်ကွဲနိုင်သောကြောင့် ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်းအဖွဲ့များက သတိပေးသည်။

မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် မိုင်းများ မိုးရေစိုကာ ပေါက်ကွဲနိုင်ပါသဖြင့် မုံရွာ-အမြင့်လမ်းပိုင်း လမ်းခရီးသွားလာခြင်းများကို ရှောင်ရှားပေးကြရန် မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ယနေ့ဇူလိုင်လ၂၂ရက်နေ့တွင် သတိပေးကြေညာသည်။

အရေးပေါ်ကိစ္စများကြောင့် မဖြစ်မနေဖြတ်သန်းသွားလာရပါက ဂရုတစိုက်ဖြင့် ဖြတ်သန်းသွားလာကြပါရန် ပြည်သူများအား မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မုံရွာမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတွေက ၆ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း ၁၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) အတွင်း ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။