Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းအောင်လှိုင်ထံမှ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးနိုင်ဖွယ်ရှိသည့်ကတိရရှိထားဟု အာဆီယံအထူးကိုယ်စားလှယ်ပြော

အထက်ပါ အာဆီယံအထူးကိုယ်စားလှယ်သည် ‘မြန်မာ့အရေးတွင် အာဆီယံ၏ကြိုးပမ်းအားထုတ်မှု နောက်ဆုံးအခြေအနေများ’ ကို ဇူလိုင် ၂၁ ရက်တွင် ဗီဒီယိုကွန်ဖရင့်မှတဆင့် ရှင်းလင်းပြော ကြားခြင်းဖြစ်သည်။

အာဆီယံအထူးကိုယ်စားလှယ်
အာဆီယံအထူးကိုယ်စားလှယ်

●အာဆီယံအထူးကိုယ်စားလှယ်သည် စစ်ကောင်စီကြိုးဆွဲရာကပြနေသူသာဖြစ်ဟု လေ့လာသူအချို့သုံးသပ်

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် အာဆီယံအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးကို အနာဂတ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ပေးမည်ဟု ကတိပြု ထားကြောင်း အဆိုပါနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လကုန်တွင် အာဆီယံအထူးကိုယ်စားလှယ်၏ ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ် အတွင်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် အထူးကိုယ်စားလှယ်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ရရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။

အဆိုပါခရီးစဉ်တွင် မင်းအောင်လှိုင်က အထူးကိုယ်စားလှယ်၏ တောင်းဆိုချက်ကို လိုက်လျော ခြင်းမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်မပေးပေ။

“ကျွန်တော်တို့ အလေးထားရမယ့် ဥပဒေကြောင်းဆိုင်ရာလုပ်ငန်းစဉ်တွေရှိပါတယ်။ ဒါပေမဲ့ အနာဂတ်မှာ ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးနိုင်ဖွယ်ရှိတဲ့ ကတိတစ်ခုကို (မင်းအောင်လှိုင်ဆီက)ရရှိခဲ့ပါတယ်” ဟု ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါ အာဆီယံအထူးကိုယ်စားလှယ်သည် ‘မြန်မာ့အရေးတွင် အာဆီယံ၏ကြိုးပမ်းအားထုတ်မှု နောက်ဆုံးအခြေအနေများ’ ကို ဇူလိုင် ၂၁ ရက်တွင် ဗီဒီယိုကွန်ဖရင့်မှတဆင့် ရှင်းလင်းပြော ကြားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အရေးကြီးဆုံးသော မြန်မာ့နိုင်ငံရေးခေါင်းဆောင်များထဲတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး အားလုံးပါဝင်သောတွေ့ဆုံဆွေးနွေးရေးတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခြင်းက ပိုမိုအကျိုးဖြစ်ထွန်းမည်ဟု အာဆီယံအထူးကိုယ်စားလှယ်က ရှုမြင်သည်။

ထို့အပြင် အာဆီယံအထူးကိုယ်စားလှယ်သည် စက်တင်ဘာ ဒုတိယအပတ်တွင် မြန်မာနိုင်ငံသို့ တတိယအကြိမ်လာရောက်ရန် စီစဉ်ထားပြီး ယင်းခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံနိုင်ရန် မျှော်လင့်ထားကြောင်း CNA သတင်းဌာနသို့ ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများအဆုံးသတ်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ဩဇာကို အသုံးချလိုကြောင်း အာဆီယံအထူးကိုယ်စားလှယ်က ဆိုသည်။

မြန်မာ့နိုင်ငံရေးသုံးသပ်သူအချို့ကမူ အာဆီယံအထူးကိုယ်စားလှယ်သည် တရားမဝင်အာဏာသိမ်းစစ်ကောင်စီ ကြိုးဆွဲရာကပြနေသူတစ်ဦးသာဖြစ်ပြီး မြန်မာပြည်သူလူထု၏ဆန္ဒကိုလျစ်လျူရှုလုပ်ဆောင်နေကြောင်း မှတ်ချက်ပြုသည်။

သက်ဆိုင်သူများအားလုံးနှင့်​တွေ့ဆုံ​ရေး ဟုအာဆီယံကိုယ်စားလှယ်က​ပြော​နေသာ်​လည်း အာဏာသိမ်းစစ်​ကောင်စီကိုဖြုတ်ချရန် အဓိကခုခံတိုက်ခိုက်​နေ​ပြီး ပြည်သူအများစုက အား​ပေး​ထောက်ခံသော NUG ၊ NUCC ၊ အဓိကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်​မူတစ်ကြိမ်မျှ တွေ့ဆုံခြင်းမရှိ​သေး​ပေ ။

၎င်း၏ဒုတိယခရီးစဥ်အပြီးထိုင်းနိုင်ငံတွင်ပြုလုပ်​သောသတင်းစာရှင်းလင်းပွဲတွင် အများစုသည်စစ်​ကောင်စီ ဝါဒဖြန့်ချီမှုများအတိုင်း​ပြောဆို​​နေသည်ကို​တွေ့ရ​သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

တိုင်ကြားသူများထဲတွင် ၂၀၂၁ခုနှစ်စက်တင်ဘာ ၂၉ ရက်က စစ်ကောင်စီတပ်က ပစ်သတ်ခံခဲ့သည့် ပူးရဲလ်တူးသမီးလည်းပါဝင်သည်။ ပူးရဲလ်တူးသည် ပူးဟရမ်ကျင်းနှင့်အတူ ထန်တလန်မြို့က ထွက်ပြေးပြီး ဆေးဝါးများပြန်ယူစဉ် စစ်ကောင်စီတပ်က နှစ်ဦးလုံးကို သတ်ဖြတ်ခဲ့သည်။

သတင်း

မြန်မာနှင့်အတူ လာအိုနိုင်ငံက ၁၅ ဒဿမ ၂ ရာခိုင်နှုန်း၊ ကမ္ဘောဒီယားနိုင်ငံက ၈ ဒသမ ၄ရာခိုင်နှုန်းနှင့် ဗီယက်နမ်နိုင်ငံက ၄ ဒသမ ၆ ရာခိုင်နှုန်းရှိသည်ဟု​ဖော်ပြထားသည်။