Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင်ထံမှ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးနိုင်ဖွယ်ရှိသည့်ကတိရရှိထားဟု အာဆီယံအထူးကိုယ်စားလှယ်ပြော

အထက်ပါ အာဆီယံအထူးကိုယ်စားလှယ်သည် ‘မြန်မာ့အရေးတွင် အာဆီယံ၏ကြိုးပမ်းအားထုတ်မှု နောက်ဆုံးအခြေအနေများ’ ကို ဇူလိုင် ၂၁ ရက်တွင် ဗီဒီယိုကွန်ဖရင့်မှတဆင့် ရှင်းလင်းပြော ကြားခြင်းဖြစ်သည်။

အာဆီယံအထူးကိုယ်စားလှယ်
အာဆီယံအထူးကိုယ်စားလှယ်

●အာဆီယံအထူးကိုယ်စားလှယ်သည် စစ်ကောင်စီကြိုးဆွဲရာကပြနေသူသာဖြစ်ဟု လေ့လာသူအချို့သုံးသပ်

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် အာဆီယံအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးကို အနာဂတ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ပေးမည်ဟု ကတိပြု ထားကြောင်း အဆိုပါနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လကုန်တွင် အာဆီယံအထူးကိုယ်စားလှယ်၏ ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ် အတွင်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် အထူးကိုယ်စားလှယ်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ရရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။

အဆိုပါခရီးစဉ်တွင် မင်းအောင်လှိုင်က အထူးကိုယ်စားလှယ်၏ တောင်းဆိုချက်ကို လိုက်လျော ခြင်းမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်မပေးပေ။

“ကျွန်တော်တို့ အလေးထားရမယ့် ဥပဒေကြောင်းဆိုင်ရာလုပ်ငန်းစဉ်တွေရှိပါတယ်။ ဒါပေမဲ့ အနာဂတ်မှာ ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးနိုင်ဖွယ်ရှိတဲ့ ကတိတစ်ခုကို (မင်းအောင်လှိုင်ဆီက)ရရှိခဲ့ပါတယ်” ဟု ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါ အာဆီယံအထူးကိုယ်စားလှယ်သည် ‘မြန်မာ့အရေးတွင် အာဆီယံ၏ကြိုးပမ်းအားထုတ်မှု နောက်ဆုံးအခြေအနေများ’ ကို ဇူလိုင် ၂၁ ရက်တွင် ဗီဒီယိုကွန်ဖရင့်မှတဆင့် ရှင်းလင်းပြော ကြားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အရေးကြီးဆုံးသော မြန်မာ့နိုင်ငံရေးခေါင်းဆောင်များထဲတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး အားလုံးပါဝင်သောတွေ့ဆုံဆွေးနွေးရေးတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခြင်းက ပိုမိုအကျိုးဖြစ်ထွန်းမည်ဟု အာဆီယံအထူးကိုယ်စားလှယ်က ရှုမြင်သည်။

ထို့အပြင် အာဆီယံအထူးကိုယ်စားလှယ်သည် စက်တင်ဘာ ဒုတိယအပတ်တွင် မြန်မာနိုင်ငံသို့ တတိယအကြိမ်လာရောက်ရန် စီစဉ်ထားပြီး ယင်းခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံနိုင်ရန် မျှော်လင့်ထားကြောင်း CNA သတင်းဌာနသို့ ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများအဆုံးသတ်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ဩဇာကို အသုံးချလိုကြောင်း အာဆီယံအထူးကိုယ်စားလှယ်က ဆိုသည်။

မြန်မာ့နိုင်ငံရေးသုံးသပ်သူအချို့ကမူ အာဆီယံအထူးကိုယ်စားလှယ်သည် တရားမဝင်အာဏာသိမ်းစစ်ကောင်စီ ကြိုးဆွဲရာကပြနေသူတစ်ဦးသာဖြစ်ပြီး မြန်မာပြည်သူလူထု၏ဆန္ဒကိုလျစ်လျူရှုလုပ်ဆောင်နေကြောင်း မှတ်ချက်ပြုသည်။

သက်ဆိုင်သူများအားလုံးနှင့်​တွေ့ဆုံ​ရေး ဟုအာဆီယံကိုယ်စားလှယ်က​ပြော​နေသာ်​လည်း အာဏာသိမ်းစစ်​ကောင်စီကိုဖြုတ်ချရန် အဓိကခုခံတိုက်ခိုက်​နေ​ပြီး ပြည်သူအများစုက အား​ပေး​ထောက်ခံသော NUG ၊ NUCC ၊ အဓိကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်​မူတစ်ကြိမ်မျှ တွေ့ဆုံခြင်းမရှိ​သေး​ပေ ။

၎င်း၏ဒုတိယခရီးစဥ်အပြီးထိုင်းနိုင်ငံတွင်ပြုလုပ်​သောသတင်းစာရှင်းလင်းပွဲတွင် အများစုသည်စစ်​ကောင်စီ ဝါဒဖြန့်ချီမှုများအတိုင်း​ပြောဆို​​နေသည်ကို​တွေ့ရ​သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်