Connect with us

Hi, what are you looking for?

သတင်း

NUGထိန်းချုပ်နယ်​မြေများတွင်အသုံးပြု​နေ​သောအခွန်ချလံပုံစံကို အသိ​ပေး

အခွန်ချလံပုံစံများကို အများပြည်သူသိရှိရန် NUGက ထုတ်ပြန်ခြင်းဖြစ်ပြီး NUGကကြားကာလဒေသန္တရ ပြည်သူ့ အုပ်ချုပ်ရေးဖော်ဆောင်ရာတွင်အခွန်ကောက်ခံခြင်းနှင့်မျှဝေသုံးစွဲခြင်းဆိုင်ရာ မူဝါဒကို ၂၀၂၂ ဖေဖော်ဝါရီ ၆ ရက်တွက် ထုတ်ပြန်ခဲ့သည်။

NUGထိန်းချုပ်နယ်​မြေများတွင်အသုံးပြု​နေ​သောအခွန်ချလံပုံစံကို အသိ​ပေး
NUGထိန်းချုပ်နယ်​မြေများတွင်အသုံးပြု​နေ​သောအခွန်ချလံပုံစံကို အသိ​ပေး

အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)၊ စီမံကိန်းဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ထိန်းချုပ်နယ်မြေများတွင် အခွန်ထမ်းပြည်သူများကအခွန်ပေးဆောင်ရာတွင်အသုံးပြု​နေ​သောအခွန်ချလံပုံစံများကို ယမန့်နေ့(ဇူလှိုင် ၂၂ ရက်)ကထုတ်ပြန်လိုက်သည်။

လက်ရှိတွင် NUGထိန်းချုပ်နယ်မြေများတွင် ပြည်သူများက အခွန်ပေးဆောင်ရန် စိတ်အားထက်သန်လျက်ရှိပြီး ကြိုတင်အခွန်ပေးဆောင်လျက်ရှိသည်ဟု NUG ဆိုသည်။အခွန်​ပေး​ဆောင်လျက်ရှိ​သောလုပ်ငန်းရှင်မျာအတွက်မြို့နယ်ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့များ (ပအဖ)ကလုပ်ထုံးလုပ်နည်းများနှင့်အညီသတ်မှတ်အခွန်ချလံပုံစံများဖြင့် ကောက်ခံလျက်ရှိသည်ဟုအသိ​ပေးထားသည်။

NUGထိန်းချုပ်နယ်​မြေများတွင်အသုံးပြု​နေ​သောအခွန်ချလံပုံစံကို အသိ​ပေး
NUGထိန်းချုပ်နယ်​မြေများတွင်အသုံးပြု​နေ​သောအခွန်ချလံပုံစံကို အသိ​ပေး

အခွန်ချလံပုံစံများကို အများပြည်သူသိရှိရန် NUGက ထုတ်ပြန်ခြင်းဖြစ်ပြီး NUGကကြားကာလဒေသန္တရ ပြည်သူ့ အုပ်ချုပ်ရေးဖော်ဆောင်ရာတွင်အခွန်ကောက်ခံခြင်းနှင့်မျှဝေသုံးစွဲခြင်းဆိုင်ရာ မူဝါဒကို ၂၀၂၂ ဖေဖော်ဝါရီ ၆ ရက်တွက် ထုတ်ပြန်ခဲ့သည်။ ထိုမူဝါဒကိုအ​ကောင်အထည်​ဖော်ရန် ကြားကာလဒေသန္တရ ပြည်သူ့ အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် သက်ဆိုင်ရာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ချိတ်ဆက်ဆောင်ရွက်နေသည်ဟုထုတ်ပြန်ထားသည်။

NUG သည် စစ်ကိုင်းတိုင်းနှင့်မ​ကွေးတိုင်းရှိမြို့နယ်အချို့တွင် ထိန်းချုပ်နယ်​မြေများထူထောင်ကာ သက်ဆိုင်ရာ ပအဖ၊ပကဖများကလည်း အခွန်မြို့နယ်အချို့တွင် စတင်အခွန်​ကောက်ခံနေပြီဟု​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook