Connect with us

Hi, what are you looking for?

သတင်း

နတ္တလင်းမြို့နယ် ကြက်မနက်ရွာတွင် တပ်စွဲထားသောစစ်ကောင်စီတပ်ကို အလက်အငိုက်ဝင်တိုက်၊ စစ်ကောင်စီတပ် သုံးဦးသေ နှစ်ဦးဒဏ်ရာရ

အထက်ပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြန်လည်ပစ်ခတ်မှု များပြုလုပ် ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဘဲ အောင် မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

နတ္တလင်းမြို့နယ်
နတ္တလင်းမြို့နယ်

ပဲခူးတိုင်းအနောက်ခြမ်း နတ္တလင်းမြို့နယ် ကြက်မနက်ကျေးရွာတွင် တပ်စွဲထား သော အကြမ်းဖက် စစ်ကောင်စီတပ်ကို အလက်အငိုက်ဝင်ရောက်တိုက်ခိုက် ခဲ့ကြောင်း တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၂)Phoenix DF က ယနေ့(ဇူလိုင် ၂၃)ရက်တွင် အသိပေးထုတ်ပြန်သည်။

ယနေ့နံနက်အစောပိုင်း ၁ နာရီခန့်က နတ္တလင်းမြို့နယ်အရှေ့ပိုင်း ကြက်မနက်ရွာတွင် တပ်စွဲထား သော စစ်ကောင်စီတပ်အား Phoenix DF တပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုတွင် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ခန့်ဖြစ်ပွားခဲ့ပြီး ကနဦးသတင်းများအရ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာ ရသွားကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

နတ္တလင်းမြို့နယ် ကြက်မနက်ရွာတွင် တပ်စွဲထားသောစစ်ကောင်စီတပ်ကို အလက်အငိုက်ဝင်တိုက်
နတ္တလင်းမြို့နယ် ကြက်မနက်ရွာတွင် တပ်စွဲထားသောစစ်ကောင်စီတပ်ကို အလက်အငိုက်ဝင်တိုက်

“ကျွန်တော်တို့က အရင်ပစ်တယ်။ သူတို့က ပြန်ပစ်တယ်။ အဲဒီမှာ အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ လောက်တော့ ကြာသွားတာပေါ့။ အဓိကကတော့ သူတိုလတပ်စွဲထားတဲ့နေရာကို ကျွန်တော်တို့ သွားပစ်တာ”ဟု တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၂)Phoenix DF မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်များသည် နတ္တလင်းမြို့နယ်အရှေ့ခြမ်းမှ ကျေးရွာများသို့ လွန်ခဲ့သော ၁၀ ရက်ခန့် ကတည်းက ရောက်ရှိနေပြီး အပြစ်မဲ့ပြည်သူများ နေထိုင်သော ကျေးရွာများသို့ လက်နက်ကြီး များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ကြက်မနက်ရွာမှ ပြည်သူတစ်ဦး၏ ဖုန်းအားသိမ်းယူခဲ့သည့်အပြင် ငွေကျပ် ၁၂ သိန်းကိုပါ ယူဆောင်သွားခဲ့သည့် ပြည်သူအပေါ်အနိုင်ကျင့်သည့်လုပ်ရပ်အား ယခုကဲ့သို့လက်တုန့်ပြန်တိုက်ခိုက်ခြင်းဖြစ် ကြောင်း ၎င်းတော်လှန်ရေးရဲဘော်က ရှင်းပြသည်။

ဒေသခံပြည်သူလူထုအပေါ် ယခုထက်ပို၍ ဖိနှိပ်အကြမ်း ဖက်လာမည်ဆိုပါက စစ်ရေးအခြေအနေ ပိုတင်းမလာလာနိုင်ပြီး ထို့အတွက် စစ်ရေးတိုက်ခိုက်မှုပြုလုပ်ရန် အသင့်ပြင်ထားကြောင်း ၎င်းရဲဘော်က ဆိုသည်။

အထက်ပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြန်လည်ပစ်ခတ်မှု များပြုလုပ် ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဘဲ အောင် မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။