Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအပေါ် ပြတ်သားစွာအရေးယူဆောင်ရွက်ရန်နှင့် NUGကို အသိအမှတ်ပြုရန် ဂျပန်အစိုးရကို ဂျပန်ရောက်မြန်မာအဖွဲ့အစည်းများ တောင်းဆို

ဂျပန်အစိုး၏ မြန်မာပြည်အပေါ်ထားရှိသည့် သဘောထားမှာ ယနေ့အချိန်အထိ ပြတ်သားမှုမရှိဘဲ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုနှင့် ပိုမိုပတ်သက်လာနေ ကြောင်းကို စိတ်မကောင်းစွာမြင်တွေ့ နေရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

(စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း ကမ္ဘာလုံးဆိုင်ရာနွေဦးတော်လှန်ရေး အဖြစ် ဂျပန်ရောက် မြန်မာနိုင်ငံသားများ တိုကျိုမြို့၌ ပြီးခဲ့သည့် ဖေဖော်ဝါရီက ဆန္ဒပြနေစဥ်)
(စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း ကမ္ဘာလုံးဆိုင်ရာနွေဦးတော်လှန်ရေး အဖြစ် ဂျပန်ရောက် မြန်မာနိုင်ငံသားများ တိုကျိုမြို့၌ ပြီးခဲ့သည့် ဖေဖော်ဝါရီက ဆန္ဒပြနေစဥ်)

ဂျပန်အစိုးရနှင့် အာဏာသိမ်းစစ်ကောင်စီအကြား ဆက်ဆံမှုသည် ဂျပန်-မြန်မာ ချစ်ကြည်ရေးကို ထိခိုက်စေ၍ ရှုံ့ချကြောင်း ဂျပန်ရောက် မြန်မာနိုင်ငံသား အဖွဲ့အစည်းများက ယမန်နေ့တွင် ထုတ်ပြန်သည်။

ဂျပန်အစိုး၏ မြန်မာပြည်အပေါ်ထားရှိသည့် သဘောထားမှာ ယနေ့အချိန်အထိ ပြတ်သားမှုမရှိဘဲ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုနှင့် ပိုမိုပတ်သက်လာနေ ကြောင်းကို စိတ်မကောင်းစွာမြင်တွေ့ နေရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

စစ်ကောင်စီနှင့် ဆက်စပ်လုပ်ကိုင်နေသည်များနှင့် အကြမ်းဖက်စစ်တပ်၏ စစ်သားများကို ခေါ်ယူပညာသင်ပေးနေခြင်းများကို ရပ်တန့်ရန်၊ လူ့အခွင့်အရေးကို စဉ်ဆက်မပြတ် ချိုးဖောက် နေသည့် စစ်တပ်ကို အရေးယူ ပိတ်ဆို့ရန်နှင့် ODA လုပ်ငန်းများမှ စစ်တပ်ထံငွေများစီးဆင်းနေမှုကို ချက်ချင်းဆိုင်းငံ့ပေးရန် အချက်များကို ဂျပန်အစိုးရထံ တောင်းဆိုလွှာ၌ ထည့်သွင်းတောင်းဆိုသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြုပြီး ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်နှင့် ချိတ်ဆက်လုပ်ကိုင်ရန်၊ လူသားချင်းစာနာမှုအကူအညီများကို NUG နှင့် မိတ်ဖက်အဖွဲ့အစည်း များမှသာတဆင့် ပေးအပ်ရန်၊ ဂျပန်ရောက် မြန်မာလူမျိုးများအတွက် လူဝင်မှုကြီး ကြပ်ရေး၏ သတ်မှတ်ချက်အချို့ကို ပြောင်းလဲပေးရန် အချက်များ ကိုလည်းတောင်းဆို ထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်၏ သတင်းထုတ်ပြန်ပွဲများတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး တက်ရောက်နေမှု၊ စီးပွားရေးရင်းနှီးမြှပ်နှံမှုများ ဆက်လက်လုပ်ဆောင်နေမှု၊ မြန်မာ့ဒီမိုကရေစီရေး ကိုအနှောက်အယှက် ဖြစ်စေသည့် Mr. Sasagawa (Nippon Foundation)၏ မီးစတဖက် ရေမှုတ်တဖက်လုပ်ရပ်များကို ဂျပန်နိုင်ငံရောက်မြန်မာ နိုင်ငံသား များက ပြင်းထန်စွာဆန့်ကျင် ကန့်ကွက်ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန်အစိုးရရဲ့ ဖွဲ့စည်းပုံတွေကို ဝန်ကြီးချုပ် စနအဲ တကအိချိက အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။