Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ မိုက်မဲစွာသေဒဏ်စီရင်မှု နိုင်ငံတကာကြိုးပမ်းနေသည့် ငြိမ်းချမ်းစွာဖြေရှင်းရေးကို နင်းခြေဖျက်ဆီးပြလိုက်ခြင်းဟု AA သုံးသပ်

ယခု အဖြစ်အပျက် နှင့်ပတ်သက်၍ မြန်မာပြည်သူလူထု တစ်ရပ်လုံးမှ ဒေါသကြီးစွာဖြင့် တုံ့ပြန်လာ၍ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ အခြေအနေများအပေါ်ကိုလည်း အထူးစိုးရိမ်ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီ၏ မိုက်မဲစွာသေဒဏ်စီရင်မှု နိုင်ငံတကာကြိုးပမ်းနေသည့် ငြိမ်းချမ်းစွာဖြေရှင်းရေးကို နင်းခြေဖျက်ဆီးပြလိုက်ခြင်းဟု AA သုံးသပ်
စစ်ကောင်စီ၏ မိုက်မဲစွာသေဒဏ်စီရင်မှု နိုင်ငံတကာကြိုးပမ်းနေသည့် ငြိမ်းချမ်းစွာဖြေရှင်းရေးကို နင်းခြေဖျက်ဆီးပြလိုက်ခြင်းဟု AA သုံးသပ်

နွေဦးတော်လှန်ရေးအတွက် အနာဂတ်သူရဲကောင်းများ ထပ်မံမွေးဖွားလာမည် ဟု ဖော်ပြ

သေဒဏ်ချမှတ်ခြင်းအလုပ်ကို မလုပ်သင့်သည့်အချိန်၌ မလုပ်မိစေရန် ယဉ်ကျေး သော သံတမန်ရေး နှင့် နိုင်ငံရေးအသိုင်းအဝိုင်းများက မေတ္တာရပ်ခံတားမြစ် နေသည့်ကြားမှ စစ်ကောင်စီ ထုတ်ပြန် လိုက်သည့် မိုက်မဲစွာ သေဒဏ် စီရင်သည့် သတင်းသည် ပြည်သူတစ်ရပ်လုံး၏ ဒေါသနှင့် မခံချင်စိတ်ကို ပို၍ ဆိုးရွားစွာ နှိုးဆွ စိန်ခေါ်လိုက်ခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်သည်။

ဦးဂျင်မီ၊ ဦးဇေယျာသော် အပါအဝင် ၄ဦးကို သေဒဏ် ပြစ်ဒဏ်စီရင်ဆောင်ရွက် ပြီးစီးကြောင်း စစ်ကောင်စီက ယနေ့ ထုတ်ပြန်လိုက်သည့်အပေါ် AAက ၎င်းတို့၏ သဘောထားသုံးသပ်ချက်ကို အသိပေးခြင်းဖြစ်ပြီး များစွာ ထိတ်လန့် တုန်လှုပ်ရကြောင်း ဖော်ပြသည်။

ဤလုပ်ရပ် အမှန်တကယ် ဖြစ်ခဲ့ပါက နိုင်ငံတကာ ၊ အိမ်နီးနားချင်း နိုင်ငံကြီးများ နှင့် အာဆီယံ အသိုင်းအဝိုင်းမှ ကမကထ ပြု တိုက်တွန်းကူညီ လုပ်ဆောင်ပေးနေသော ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်နိုင်မည့် နိုင်ငံရေး အလားအလာ လမ်းစကောင်းများကို စစ်ကောင်စီက ရင့်သီးစွာ ခြေဖြင့် နင်းခြေဖျက်ဆီးပြလိုက်သည်ဟု ရှုမြင်သုံးသပ်ကြောင်း ဖော်ပြထားသည်။

ယခု အဖြစ်အပျက် နှင့်ပတ်သက်၍ မြန်မာပြည်သူလူထု တစ်ရပ်လုံးမှ ဒေါသကြီးစွာဖြင့် တုံ့ပြန်လာ၍ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ အခြေအနေများအပေါ်ကိုလည်း အထူးစိုးရိမ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဦးဂျင်မီ၊ ဦးဇေယျာသော်၊ ကိုမျိုးနှင့် ကိုအောင်သူရဇော် တို့အား ရက်စက်စွာ စစ်ကောင်စီက သေဒဏ်ပေးလိုက်သော်လည်း ၎င်းတို့ ၄ဦးထက်ပို၍ ရဲရင့်ပြီး မြန်မာနိုင်ငံ အပြောင်းအလဲအတွက် စွန့်လွှတ်စွန့်စားစိတ်များနှင့်အတူ နွေဦးတော်လှန်ရေးအတွက် ပို၍ အကျိုးပြုသော အနာဂတ် သူရဲကောင်းများ ထပ်မံ မွေးဖွားလာမည်ဟု ယုံကြည်ကြောင်း AAက ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။