Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီနဲ့ ရန် ငါ ပြတ်သားကြဖို့ ကိုဂျင်မီရဲ့ဇနီး တိုက်တွန်း

မိသားစုဝင်တွေက ထောင်အာဏာပိုင်တွေကို ရုပ်အလောင်းတောင်းတဲ့အခါ ရုပ်အလောင်းထုတ်ပေးဖို့ ဥပဒေမရှိကြောင်း တုံ့ပြန်ခဲ့ပါတယ်။

Photo- Nilar Thein facebook
Photo- Nilar Thein facebook

အာဏာသိမ်းစစ်ကောင်စီနဲ့ ရန်ငါ ရှင်းရှင်းလင်းလင်းပြတ်သားကြဖို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီရဲ့ ဇနီးဖြစ်သူ မနီလာသိန်းက သူရဲ့ဖေ့ဘွတ်ခ်လူမှုကွန်ရက်ကနေတိုက်တွန်းလိုက်ပါတယ်။

ပိုပြီး ချစ်ခင်စည်းလုံးကြဖို့ ၊ ခွန်အားဖြစ်ပြောင်းလဲပြီး စစ်အာဏာရှင်မှန်သမျှ ဒီမြေပေါ်မှာ ရှင်သန်ခွင့်မရစေရဖို့ မနီလာသိန်းက တိုက်တွန်းထားတာတွေ့ရပါတယ်။

“ကြယ်တွေကြွေတာ ရှင်သန်သူတွေ ရပ်တန်ဖို့ မဟုတ် ၊ ရှုံးနိမ့်ဖို့မဟုတ်” လို့ မနီလာသိန်းက ပြောပါတယ်။

ဒါအပြင် ကိုဂျင်မီရဲ့ ရုပ်အလောင်းကိုမတွေ့မချင်း ” ဆွမ်းမသွပ်ပါ။အမျှမဝေပါ။နာရေးမလုပ်ပါ။” လို့လည်း မနီလာသိန်းက ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

နွေဦးတော်လှန်ရေးကာလအတွင်း ဖမ်းဆီးခံရတဲ့ ကိုဂျင်မီ၊ ကိုဇေယျာသော် ၊ကိုလှမျိုးအောင် ၊ ကိုအောင်သူရဇော်တို့ ၄ ဦးကို ကွပ်မျက်လိုက်တယ်လို့ စစ်ကောင်စီက ဒီနေ့မှာ ကြေညာပါတယ်။

ဒီသတင်းကို အတိအကျ သိရဖို့ မိသားစုဝင်တွေက အင်းစိန်ထောင်က ထောင်အာဏာပိုင်တွေနဲ့ တွေ့ဆုံတဲ့အခါ ကွပ်မျက်လိုက်တယ်ဆိုတာကို အတည်ပြုပေမယ့် ဘယ်နေ့ ၊ဘယ်ရက်မှာ စီရင်ခဲ့တယ်ဆိုတာကို အတိအကျမပြောကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ ( ဇူလိုင်လ ၂၂ ) ညနေပိုင်းက မိသားစုဝင်တွေကို ထောင်ဆီကားနဲ့ခေါ်ပြီး အွန်လိုင်းကနေ တဆင့် စစ်ကောင်စီက ပေးတွေ့ခဲ့ပါတယ်။ အဲလိုပေးတွေ့ပြီး နောက်နေ့မနက်ပိုင်းမှာ ကွပ်မျက်ခဲ့တာလို့ သိရပါတယ်။

မိသားစုဝင်တွေက ထောင်အာဏာပိုင်တွေကို ရုပ်အလောင်းတောင်းတဲ့အခါ ရုပ်အလောင်းထုတ်ပေးဖို့ ဥပဒေမရှိကြောင်း တုံ့ပြန်ခဲ့ပါတယ်။

ဘီဘီစီသတင်းဌာနနဲ့ အင်တာဗျုးမှာ ကိုဇေယျာသော်အမေက လည်း အသက်ပေးသွားတဲ့ သားဖြစ်သူအတွက် ဂုဏ်ယူရကြောင်းပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။