Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့နယ်တွင် တပ်စွဲထားသောစစ်အုပ်စုနှင့် ဒေသတွင်း PDFအဖွဲ့များ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား သုံးဦးသေ

သေဆုံးထိခိုက်သည့် စစ်ကောင်စီတပ်သားများအား နာရေးကားများဖြင့် သယ်သွားကြောင်း၊ ထိုအချိန်တွင် တည်သီးတော၊သီးလုံး၊မြင်းခြင်းရွာများမှပျူများ စစ်ကူလာ၍ ပြန်ဆုတ်ချိန် ပြ​ည်သူ့ကာကွယ်ရေး ရဲဘော် သုံးဦး ကျဆုံးခဲ့ရကြောင်း ShweBo Federal Army (S.B.F.A)အဖွဲ့က အသိပေးသည်။

(SNAKE EYES PDFအဖွဲ့ဝင်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ - SNAKE EYES PDF)
(SNAKE EYES PDFအဖွဲ့ဝင်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ - SNAKE EYES PDF)

▪️ပြည်သူ့ရဲဘော် သုံးဦးလည်း ကျဆုံးခဲ့ရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စုနှင့် ဒေသတွင်း PDFအဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး ပြည်သူ့ရဲဘော် သုံးဦး ကျဆုံးခဲ့ရကြောင်း ဒေသတွင်း PDFအဖွဲ့များက ပြောသည်။

ဇူလိုင် ၂၄ ရက် နံနက် ၉နာရီ၁၅မိနစ်ခန့်က ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်မှ သုံးဦးသေဆုံးပြီး ငါးဦးအပြင်းအထန်ဒဏ်ရာ ရရှိသွားကြောင်း SNAKE EYES PDFအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သေဆုံးထိခိုက်သည့် စစ်ကောင်စီတပ်သားများအား နာရေးကားများဖြင့် သယ်သွားကြောင်း၊ ထိုအချိန်တွင် တည်သီးတော၊သီးလုံး၊မြင်းခြင်းရွာများမှပျူများ စစ်ကူလာ၍ ပြန်ဆုတ်ချိန် ပြ​ည်သူ့ကာကွယ်ရေး ရဲဘော် သုံးဦး ကျဆုံးခဲ့ရကြောင်း ShweBo Federal Army (S.B.F.A)အဖွဲ့က အသိပေးသည်။

ထို့အပြင် ၁နာရီခန့်ကြာ အပြန်အလှန်ပစ်ခတ်၍ စစ်အုပ်စုဘက်က တပ်ကူအင်အား ရောက်ရှိလာသောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း SNAKE EYES PDF အဖွဲ့၏ ထုတ်ပြန်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သား သုံးဦး​၏ရုပ်အလောင်းကို ယမန်နေ့ညပိုင်းက ဇီးဖြူကုန်းရွာ တောင်ဘက်၊ ကွက်သစ် ပြည်သူ့နေအိမ်များထဲသို့ ထည့်သွင်းမီးရှို့ဖျက်​ဆီးခဲ့ရာ ပြည်သူ့နေအိမ် လေးလုံးပါသွားကြောင်း S.B.F.Aအဖွဲ့က ပြောသည်။

အဆိုပါစစ်ဆင်ရေးအား တိုက်နယ်(၂) ပ.က.ဖ အဖွဲ့စည်းနှင့် C&T SHWEBO (LDF)၊ Snake Eyes (LPDF)၊ ShweBo Federal Army (S.B.F.A)၊ ဒေါင်းမာန်-SHWEBO (LDF)၊ Alpha-7 (LDF)၊ ဗိုလ်ကျားရိုင်း ရွှေဘို(LDF)၊ ရွှေဘို စွန်ရဲ(LDF)၊ MDF-SHWEBO၊ မတစ်ထောင်(တစ်ကောင်ဖွား)-ဒီပဲယင်း၊ ဇာမဏီဒေါင်း(ဒီပဲယင်း)၊ ကျားရိုင်း(ဇေယျာသွေး) စသည့်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့ကအသိပေးသည်။

ကျဆုံးခဲ့ရသူ ပြည်သူ့ကာကွယ်ရေးရဲဘော် သုံးဦးသည် အသက် ၂၂မှ ၂၄အရွယ်ကြား လူငယ်များဖြစ်ကြောင်း SNAKE EYES PDFအဖွဲ့က​ ပြောသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ SNAKE EYES PDFအဖွဲ့ တာဝန်ရှိသူက “အခုကျဆုံးခဲ့ရတာက တပ်ပြန်အဆုတ်မှာ အပြန်အလှန်ပစ်ခတ်ရင်း ကျဆုံးခဲ့ရတာပါ။ ကျည်ကွယ်မျက်ကွယ် အရမ်းနည်းပြီး အန္တရာယ်အရမ်းများခဲ့တဲ့ ဆုတ်လမ်းမို့ အခုလို ဖြစ်ခဲ့ရတာပါ။ ပထမတော့ သူတို့နဲ့ လက်နက် အင်အားညီမျှပါတယ်။ နောက်ပိုင်း သူတို့တပ်ကူရောက်လာတော့မှ လက်နက်ကြီးတွေ တရစပ်ထုပြီး သူတို့ဘက်က အင်အားသာသွားတာပါ။ သူတို့ဘက်က သေဆုံးမှုကို အတွင်းသတင်းပေးအရ အတည်ပြုထားတာပါ။”ဟု ဖြေကြားသည်။

အကြမ်းဖက်စစ်ကာင်စီတပ်၏ သေဆုံးထိခိုက်မှုအခြေအနေအား People’s Springက ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထိုနေ့ကပင် ရွှေဘိုမြို့နယ် ကူးတို့ဆိပ်ကျေးရွာရှိ ပျူအဖွဲ့နှင့် စစ်ကောင်စီတပ်များ စုပေါင်းနေထိုင်ရာ နေအိမ်များအား မဟာမိတ်ငါးဖွဲ့ပူးပေါင်းကာ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြသေးသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။