Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုတွင် စစ်ကောင်စီယာဉ်တန်းကို KNU/PDF ပူးပေါင်းအဖွဲ့ မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီယာဉ် ၂စီး ထိမှန်ပျက်စီးခဲ့ဟု KRF အသိပေး

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီယာဉ် ၂စီး ထိမှန်ပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုအခြေအနေကို စုံစမ်းလျှက်ရှိ ကြောင်း ထုတ်ပြန်သည်။

KRF အသိပေး
KRF အသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီ ယာဉ်တန်းကို ယနေ့ နံနက်က တိုက်ခိုက်ခဲ့ရာ ယာဉ် ၂စီး ထိမှန်ပျက်စီးခဲ့ကြောင်း ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF)က သတင်းထုတ်ပြန်သည်။

ကျိုက်ထိုမှ ဝေါဘက်သို့ ထွက်လာသည့် စစ်ယာဉ်တန်းကို ယနေ့ (ဇူလိုင် ၂၆ရက်)နံနက် ၁၁နာရီကျော်တွင် KRF၊ KNU/KNLA၊ PDF ပူးပေါင်းအဖွဲ့မှ ပဒေသာမိုင်းဖြင့် တိုက်ခိုက်ကာ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီယာဉ် ၂စီး ထိမှန်ပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုအခြေအနေကို စုံစမ်းလျှက်ရှိ ကြောင်း ထုတ်ပြန်သည်။

KRF အနေဖြင့် စစ်ကောင်စီလက်ပါးစေများ၊ သတင်းပေး ဒလန်များနှင့် စစ်ကောင်စီ ထောက်တိုင်များကို ဆက်လက်တိုက်ခိုက်ချေမှုန်း သွားမည်ဟု လည်း အသိပေးကြေညာခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook