Connect with us

Hi, what are you looking for?

သတင်း

လူသားချင်းစာနာထောက်ထားမှုကင်းမဲ့စွာ မတရားပြစ်ဒဏ်‌စီရင်မှုအပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း YGN _INFO_Alliance ထုတ်ပြန်

YGN_INFO_Allianceသည် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အလိုက် သတင်းတင်ဆက်ပေးနေသည့် ချန်နယ်များစုပေါင်းထားသည့်အဖွဲ့ ဖြစ်သည်။

YGN _INFO_Alliance
YGN _INFO_Alliance

အကြမ်းဖက်စစ်ကောင်စီမှ လူသားချင်းစာနာထောက်ထားမှုကင်းမဲ့စွာ မတရားပြစ်ဒဏ်‌စီရင်မှုအပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း YGN _INFO_Alliance က ထုတ်ပြန်သည်။

“၂၀၂၂ ခုနစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ မနက် ၄ နာရီ ၁၅ မိနစ်တွင် ဦးကျော်မင်းယု(ခ) ဦးဂျင်မီ၊ ကိုမောင်ကျော်(ခ)ကိုဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင် (ခ) ကိုမျိုး (ခ) ဝက်ကြီးနှင့် ဦးအောင်သူရဇော် (ခ) ကတုံး (ခ) သူရတို့ ၄ ဦးအား တရားဥပဒေနှင့် မကိုက်ညီဘဲ သေဒဏ်ချမှတ် ပြစ်ဒဏ်စီရင်ခြင်းကို သိရှိသဖြင့် မိမိတို့ YGN_INFO_Alliance အနေဖြင့် များစွာ အံ့သြစိတ်ထိခိုက်ရပါသည်။ ၎င်းတို့၏ ကျန်ရစ်သူမိသားစုဝင်များ၊ မိဘဆွေမျိုးများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။ ထိုကဲ့သို့ လူသားချင်းစာနာထောက်ထားမှုကင်းမဲ့စွာ မတရားပြစ်ဒဏ်စီရင်ခြင်းအပေါ် YGN_INFO_Alliance အနေဖြင့် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။ “ဟု ဇူလိုင် ၂၇ရက်စွဲဖြင့် ထုတ်ပြန်သည်။

YGN_INFO_Alliance အပါအဝင်တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်အာဏာရှင်ကို အမြန်ဆုံးအမြစ်ဖြတ်ချေမှုန်းနိုင်ရေးအတွက် ပို၍အားစိုက်လုပ်ဆောင်မည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း တော်လှန်ရေးအောင်မြင်ရန် သက်ဆိုင်ရာမြို့နယ် သတင်းချန်နယ်များ ၊ Scout Team များထံသို့ သတင်းပေးပို့ခြင်း ၊ ဘဏ္ဍာရေးအင်အားဖြည့်တင်းပေးခြင်း များလုပ်ဆောင်၍ အဆုံးသတ်တိုက်ပွဲတွင်ပူးပေါင်းပါဝင်ရန် တိုက်တွန်းထားသည်။

YGN_INFO_Allianceသည် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အလိုက် သတင်းတင်ဆက်ပေးနေသည့် ချန်နယ်များစုပေါင်းထားသည့်အဖွဲ့ ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ ကြုံတွေ့နေတဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းတွေကို ကူညီ ဖြေရှင်းဖို့ နှစ်နိုင်ငံ နီးနီးကပ်ကပ် ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း ထိုင်းနဲ့ အင်ဒိုနီးရှား ခေါင်းဆောင်တွေက ပြောပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂက အပြင်းအထန် သတိပေး ကန့်ကွက်နေတဲ့ကြားက အမေရိကန်ဟာ ဂါဇာ ကမ်းမြှောင်ဒေသမှာ လူသားချင်း စာနာမှု အစီအစဉ်တွေအတွက် ပုဂ္ဂလိက ကုမ္ပဏီတွေကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။

သတင်း

နယ်စပ်မှာ မြန်မာနိုင်ငံသားတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ပေးနိုင်မယ့် စင်္ကြံတစ်ခု သတ်မှတ်ပေးရေး ကုလသမဂ္ဂ (UN)ရဲ့ တောင်းဆိုမှုကို ဘင်္ဂလားဒေ့ရှ်က လက်ခံခဲ့ကြောင်းသိရပါတယ်။

သတင်း

အိမ်နီးနားချင်းနိုင်ငံများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ အဓမ္မစစ်သား စုဆောင်းမှုကြောင့် ထွက်ပြေး တိမ်းရှောင်လာသော လူငယ်များကို လူသားချင်းစာနာသော မူဝါဒအားအခြေခံ၍ စောင့်ရှောက်မှုများ လုပ်ဆောင်ပေးပါရန် အထူးတလည် တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဧပြီ ၂၈ရက်တွင် ကြေညာချက် ထုတ်ပြန်တောင်းဆိုသည်။