Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လူသားချင်းစာနာထောက်ထားမှုကင်းမဲ့စွာ မတရားပြစ်ဒဏ်‌စီရင်မှုအပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း YGN _INFO_Alliance ထုတ်ပြန်

YGN_INFO_Allianceသည် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အလိုက် သတင်းတင်ဆက်ပေးနေသည့် ချန်နယ်များစုပေါင်းထားသည့်အဖွဲ့ ဖြစ်သည်။

YGN _INFO_Alliance
YGN _INFO_Alliance

အကြမ်းဖက်စစ်ကောင်စီမှ လူသားချင်းစာနာထောက်ထားမှုကင်းမဲ့စွာ မတရားပြစ်ဒဏ်‌စီရင်မှုအပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း YGN _INFO_Alliance က ထုတ်ပြန်သည်။

“၂၀၂၂ ခုနစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ မနက် ၄ နာရီ ၁၅ မိနစ်တွင် ဦးကျော်မင်းယု(ခ) ဦးဂျင်မီ၊ ကိုမောင်ကျော်(ခ)ကိုဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင် (ခ) ကိုမျိုး (ခ) ဝက်ကြီးနှင့် ဦးအောင်သူရဇော် (ခ) ကတုံး (ခ) သူရတို့ ၄ ဦးအား တရားဥပဒေနှင့် မကိုက်ညီဘဲ သေဒဏ်ချမှတ် ပြစ်ဒဏ်စီရင်ခြင်းကို သိရှိသဖြင့် မိမိတို့ YGN_INFO_Alliance အနေဖြင့် များစွာ အံ့သြစိတ်ထိခိုက်ရပါသည်။ ၎င်းတို့၏ ကျန်ရစ်သူမိသားစုဝင်များ၊ မိဘဆွေမျိုးများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။ ထိုကဲ့သို့ လူသားချင်းစာနာထောက်ထားမှုကင်းမဲ့စွာ မတရားပြစ်ဒဏ်စီရင်ခြင်းအပေါ် YGN_INFO_Alliance အနေဖြင့် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။ “ဟု ဇူလိုင် ၂၇ရက်စွဲဖြင့် ထုတ်ပြန်သည်။

YGN_INFO_Alliance အပါအဝင်တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်အာဏာရှင်ကို အမြန်ဆုံးအမြစ်ဖြတ်ချေမှုန်းနိုင်ရေးအတွက် ပို၍အားစိုက်လုပ်ဆောင်မည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း တော်လှန်ရေးအောင်မြင်ရန် သက်ဆိုင်ရာမြို့နယ် သတင်းချန်နယ်များ ၊ Scout Team များထံသို့ သတင်းပေးပို့ခြင်း ၊ ဘဏ္ဍာရေးအင်အားဖြည့်တင်းပေးခြင်း များလုပ်ဆောင်၍ အဆုံးသတ်တိုက်ပွဲတွင်ပူးပေါင်းပါဝင်ရန် တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

YGN_INFO_Allianceသည် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အလိုက် သတင်းတင်ဆက်ပေးနေသည့် ချန်နယ်များစုပေါင်းထားသည့်အဖွဲ့ ဖြစ်သည်။