Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူတွင် ခဲယမ်းတင်ဆောင်လာသော စစ်ကားတစ်စီး တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်အုပ်စုဝင်များ ထိခိုက်မှုရှိ

ဇူလိုင်၂၇ရက်တွင် မြိုင်နယ်အရှေ့ဘက် စဘေရွာအနီး၌ ကင်းထောက်နေသည့် သေနတ် တစ်လက်သာပါသော စစ်ကောင်စီတပ်သား သုံးဦးအား တိုက်ခိုက်ရာ တစ်ဦးသေဆုံးခဲ့သည်။

(မြိုင်နယ်အခြေစိုက် PDF တပ်ဖွဲ့ဝင်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ဓာတ်ပုံ-မြိုင်ဒေသတွင်း PDF အဖွဲ့များ)
(မြိုင်နယ်အခြေစိုက် PDF တပ်ဖွဲ့ဝင်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ဓာတ်ပုံ-မြိုင်ဒေသတွင်း PDF အဖွဲ့များ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ယနေ့မွန်းလွဲပိုင်းက ခဲယမ်းများတင်ဆောင် လာသော အကြမ်းဖက်စစ်ကောင်စီတပ်ကားအား ပစ်ခတ်တိုက်ခိုက်ရာ စစ်သားနှင့်ရဲများ ထိခိုက်ဒဏ်ရာများ ရရှိနိုင်ကြောင်း မြိုင်မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ဒေသတွင်းအဖွဲ့များနှင့်ပေါင်းကာ နံနက်ပိုင်းမှ မွန်းလွဲပိုင်းအထိ စစ်ဆင်ရေးနှစ်ကြိမ် ပြုလုပ်ထားသည်။

ယနေ့ မွန်းလွဲ ၁နာရီခွဲခန့်က ဂဠုန်တပ်ဖွဲ့နှင့်ပေါင်းကာ ပခုက္ကူမှ ကမ္မမြို့သို့ ခဲယမ်းတင်လာသော ကားပေါ်ရှိ စစ်ကောင်စီသားနှင့်ရဲသား ၈ဦးအား တွင်းမရွာနှင့်ကိုင်းတောမကျေးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

သို့သော် မိုင်းချို့ယွင်းမှုကြောင့် မိုင်းမအောင်မြင်ခဲ့ဘဲ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ကားမှောက်လုမတတ် မောင်းပြေးသွားပြီး အကြမ်းဖက် စစ်အုပ်စုဝင်များ ထိခိုက်နိုင်ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ယနေ့ နံနက် ၁၀နာရီခန့်ကလည်း မြိုင်မြို့၏အရှေ့ဘက် ၅မိုင်ခန့်အကွာ ထန်းငယ်တောရွာအနီးရှိ ရေကျော်ချောင်းနှင့် ဂွေးပင်လမ်းခွဲတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား ဒေသတွင်း အဖွဲ့များနှင့် ပူးပေါင်းကာ တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်အား မိုင်း၂ လုံး၊ရှေ့ထွက်ပြောင်းကြီး ၃လုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်ဒဏ်ရာများရရှိသွားကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ မြိုင်ပကဖထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြား ခြင်းမရှိသေးပေ။

ဇူလိုင်၂၂ ရက်မှ ၂၆ ရက်ထိ မြိုင်(ပကဖ)နှင့် မြိုင်မြို့နယ်အနောက်ပိုင်းတွင် ထိုးလာသည့်စစ်ကြောင်း ထိတွေမှုဖြစ်ပွားခဲ့ရာ ရေနံကျင်းမီးရှို့သည့် စစ်ကောင်စီတပ်မှ နှစ်ဦးသေကာ နှစ်ဦး ထိခိုက် ဒဏ်ရာရရှိထားသည်။

ဇူလိုင် ၂၆ရက်က မြိုင် – ပခုက္ကူကားလမ်းဘေး လေညှင်းတောင်ကုန်းပေါ်ရှိ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဇူလိုင် ၂၇ ရက်တွင် မြိုင်မြို့နယ်အရှေ့ဘက် ၈မိုင်ခန့်အကွာတွင် စစ်ကောင်စီ တပ်နှင့် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်အုပ်စု တိုက်မိုင်းထိကာ လေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားသည်။

ဇူလိုင်၂၇ရက်တွင် မြိုင်နယ်အရှေ့ဘက် စဘေရွာအနီး၌ ကင်းထောက်နေသည့် သေနတ် တစ်လက်သာပါသော စစ်ကောင်စီတပ်သား သုံးဦးအား တိုက်ခိုက်ရာ တစ်ဦးသေဆုံးခဲ့သည်။

ဇူလိုင်၂၇ရက် မြိုင်နယ်မြောက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်အား ပြောက်ကျားတိုက်ခိုက်ရာ သုံးဦးသေဆုံးခဲ့သည်။

အထက်ပါတိုက်ပွဲများတွင် ပြည်သူ့ရဲဘော် နှစ်ဦး ကျဆုံးခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်ထဲက အိုင်ကြီးရွာနဲ့ ပေါက်တော ရွာက်ို အာဏာသိမ်း စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ စက်တပ်လေထီးနဲ့ဗုံးကြဲတာကြောင့်အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်အချို့ဆီက သိရပါတယ်။

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမှတ်(၂) လမ်းပိုင်းမှာ စစ်ကား ၁စီး မိုင်းထိပြီး သေဆုံးသူများနိုင်တယ်လို့ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ(ပုဏ္ဏဝတီ ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

Facebook