Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပခုက္ကူတွင် ခဲယမ်းတင်ဆောင်လာသော စစ်ကားတစ်စီး တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်အုပ်စုဝင်များ ထိခိုက်မှုရှိ

ဇူလိုင်၂၇ရက်တွင် မြိုင်နယ်အရှေ့ဘက် စဘေရွာအနီး၌ ကင်းထောက်နေသည့် သေနတ် တစ်လက်သာပါသော စစ်ကောင်စီတပ်သား သုံးဦးအား တိုက်ခိုက်ရာ တစ်ဦးသေဆုံးခဲ့သည်။

(မြိုင်နယ်အခြေစိုက် PDF တပ်ဖွဲ့ဝင်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ဓာတ်ပုံ-မြိုင်ဒေသတွင်း PDF အဖွဲ့များ)
(မြိုင်နယ်အခြေစိုက် PDF တပ်ဖွဲ့ဝင်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ဓာတ်ပုံ-မြိုင်ဒေသတွင်း PDF အဖွဲ့များ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ယနေ့မွန်းလွဲပိုင်းက ခဲယမ်းများတင်ဆောင် လာသော အကြမ်းဖက်စစ်ကောင်စီတပ်ကားအား ပစ်ခတ်တိုက်ခိုက်ရာ စစ်သားနှင့်ရဲများ ထိခိုက်ဒဏ်ရာများ ရရှိနိုင်ကြောင်း မြိုင်မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ဒေသတွင်းအဖွဲ့များနှင့်ပေါင်းကာ နံနက်ပိုင်းမှ မွန်းလွဲပိုင်းအထိ စစ်ဆင်ရေးနှစ်ကြိမ် ပြုလုပ်ထားသည်။

ယနေ့ မွန်းလွဲ ၁နာရီခွဲခန့်က ဂဠုန်တပ်ဖွဲ့နှင့်ပေါင်းကာ ပခုက္ကူမှ ကမ္မမြို့သို့ ခဲယမ်းတင်လာသော ကားပေါ်ရှိ စစ်ကောင်စီသားနှင့်ရဲသား ၈ဦးအား တွင်းမရွာနှင့်ကိုင်းတောမကျေးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

သို့သော် မိုင်းချို့ယွင်းမှုကြောင့် မိုင်းမအောင်မြင်ခဲ့ဘဲ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ကားမှောက်လုမတတ် မောင်းပြေးသွားပြီး အကြမ်းဖက် စစ်အုပ်စုဝင်များ ထိခိုက်နိုင်ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ယနေ့ နံနက် ၁၀နာရီခန့်ကလည်း မြိုင်မြို့၏အရှေ့ဘက် ၅မိုင်ခန့်အကွာ ထန်းငယ်တောရွာအနီးရှိ ရေကျော်ချောင်းနှင့် ဂွေးပင်လမ်းခွဲတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား ဒေသတွင်း အဖွဲ့များနှင့် ပူးပေါင်းကာ တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်အား မိုင်း၂ လုံး၊ရှေ့ထွက်ပြောင်းကြီး ၃လုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်ဒဏ်ရာများရရှိသွားကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ မြိုင်ပကဖထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြား ခြင်းမရှိသေးပေ။

ဇူလိုင်၂၂ ရက်မှ ၂၆ ရက်ထိ မြိုင်(ပကဖ)နှင့် မြိုင်မြို့နယ်အနောက်ပိုင်းတွင် ထိုးလာသည့်စစ်ကြောင်း ထိတွေမှုဖြစ်ပွားခဲ့ရာ ရေနံကျင်းမီးရှို့သည့် စစ်ကောင်စီတပ်မှ နှစ်ဦးသေကာ နှစ်ဦး ထိခိုက် ဒဏ်ရာရရှိထားသည်။

ဇူလိုင် ၂၆ရက်က မြိုင် – ပခုက္ကူကားလမ်းဘေး လေညှင်းတောင်ကုန်းပေါ်ရှိ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဇူလိုင် ၂၇ ရက်တွင် မြိုင်မြို့နယ်အရှေ့ဘက် ၈မိုင်ခန့်အကွာတွင် စစ်ကောင်စီ တပ်နှင့် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်အုပ်စု တိုက်မိုင်းထိကာ လေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားသည်။

ဇူလိုင်၂၇ရက်တွင် မြိုင်နယ်အရှေ့ဘက် စဘေရွာအနီး၌ ကင်းထောက်နေသည့် သေနတ် တစ်လက်သာပါသော စစ်ကောင်စီတပ်သား သုံးဦးအား တိုက်ခိုက်ရာ တစ်ဦးသေဆုံးခဲ့သည်။

ဇူလိုင်၂၇ရက် မြိုင်နယ်မြောက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်အား ပြောက်ကျားတိုက်ခိုက်ရာ သုံးဦးသေဆုံးခဲ့သည်။

အထက်ပါတိုက်ပွဲများတွင် ပြည်သူ့ရဲဘော် နှစ်ဦး ကျဆုံးခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

အမှတ်(၂)တံတားအနီးရှိ မွေးမြူရေးဇုန်အနီးတွင်လည်း လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။