စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တင်းတိမ်ရံကျေးရွာရှိ စျေးနှင့် လူနေအိမ်များအား အကြမ်းဖက် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ ဆိုင်ခန်း၂၀၀ ခန့်နှင့်နေအိမ် ၅၀ကျော် ပျက်စီးဆုံးရှုံး ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
စစ်ကောင်စီတပ်သည် ရေဦးမြို့နယ်အနောက်ခြမ်း၊ နှောကုန်းရွာမှ ဇူလိုင်၂၈ရက် တွင် ထွက်ခွာလာခဲ့ပြီး ဇူလိုင်၂၉ရက်မွန်းလွဲ ၁နာရီခန့်တွင် တင်းတိမ်ရံရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
ဆိုင်ခန်း ၂၀၀၊ အိမ် ၅၀ ဝန်းကျင်ခန့် ဆုံးရှုံးခဲ့ကြောင်း Freedom Revolution Forceက ပြောသည်။
စစ်ကောင်စီတပ်က တင်းတိမ်ရံရွာ ဈေးတန်းရှိ မီးသတ်ရုံးနေရာ၊ New Light လျှပ်စစ်ပစ္စည်း ဆိုင်နေရာနှင့် အင်းပတ်တန်း နေရာများသို့ (၃)နေရာခွဲ၍ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း Local Fighter Squadအဖွဲ့က ပြောသည်။

Public Service Announcement

တင်းတိမ်ရံစျေးသည် အနီးဝန်းကျင်ရွာများက အမှီပြုလုပ်ကိုင်နေရသော စျေးတစ်ခုဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုများကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်သည် ရေဦးနှင့်နယ်မြေချင်းဆက်နေသည့် ဒီပဲယင်းနယ်အတွင်းကိုပါ စစ်ကြောင်းထိုး ဖျက်ဆီးမှုများ ပြုလုပ်နေသည်။


















































