Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဦးနယ် တင်းတိမ်ရံရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က စျေးဆိုင်ခန်း ၂၀၀ကျော်နှင့် နေအိမ်၅၀ ခန့်အား မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်က တင်းတိမ်ရံရွာ ဈေးတန်းရှိ မီးသတ်ရုံးနေရာ၊ New Light လျှပ်စစ်ပစ္စည်း ဆိုင်နေရာနှင့် အင်းပတ်တန်း နေရာများသို့ (၃)နေရာခွဲ၍ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း Local Fighter Squadအဖွဲ့က ပြောသည်။

(တင်းတိမ်ရံရွာ မီးလောင်ကျွမ်းနေစဥ်၊ ဓာတ်ပုံ-Cj)
(တင်းတိမ်ရံရွာ မီးလောင်ကျွမ်းနေစဥ်၊ ဓာတ်ပုံ-Cj)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တင်းတိမ်ရံကျေးရွာရှိ စျေးနှင့် လူနေအိမ်များအား အကြမ်းဖက် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ ဆိုင်ခန်း၂၀၀ ခန့်နှင့်နေအိမ် ၅၀ကျော် ပျက်စီးဆုံးရှုံး ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် ရေဦးမြို့နယ်အနောက်ခြမ်း၊ နှောကုန်းရွာမှ ဇူလိုင်၂၈ရက် တွင် ထွက်ခွာလာခဲ့ပြီး ဇူလိုင်၂၉ရက်မွန်းလွဲ ၁နာရီခန့်တွင် တင်းတိမ်ရံရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ဆိုင်ခန်း ၂၀၀၊ အိမ် ၅၀ ဝန်းကျင်ခန့် ဆုံးရှုံးခဲ့ကြောင်း Freedom Revolution Forceက ပြောသည်။

စစ်ကောင်စီတပ်က တင်းတိမ်ရံရွာ ဈေးတန်းရှိ မီးသတ်ရုံးနေရာ၊ New Light လျှပ်စစ်ပစ္စည်း ဆိုင်နေရာနှင့် အင်းပတ်တန်း နေရာများသို့ (၃)နေရာခွဲ၍ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း Local Fighter Squadအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

တင်းတိမ်ရံစျေးသည် အနီးဝန်းကျင်ရွာများက အမှီပြုလုပ်ကိုင်နေရသော စျေးတစ်ခုဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုများကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ရေဦးနှင့်နယ်မြေချင်းဆက်နေသည့် ဒီပဲယင်းနယ်အတွင်းကိုပါ စစ်ကြောင်းထိုး ဖျက်ဆီးမှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက မြဝတီမြို့ကို ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်းလည်း ဒေသခံများက ပြောသည်။

သတင်း

၂၀၂၃ ဩဂုတ်တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်က ၁,၀၀၀အောက်အထိ ကျဆုံးခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာမှစ၍ တဖြေးဖြေး ပြန်မြင့်တက်လာခဲ့ရာ မတ်လအတွင်း နေအိမ် ၂,၈၃၁လုံး မီးရှို့ခံခဲ့ရကြောင်း အသိပေးသည်။

သတင်း

ရေမျက်နီရွာအတွင်း စစ်ကောင်စီတပ်အထိုင်ချထားသည့် ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ၂၀၂၃ ဒီဇင်ဘာအတွင်းက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု ကာကွယ်ခဲ့ရသည်။

သတင်း

နေအိမ်မီးလောင်၍ မီးငြှိမ်းသတ်သည့် ပြည်သူတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။