Connect with us

Hi, what are you looking for?

သတင်း

ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၉၃ ဦးကို ဖမ်းဆီးထိန်းသိမ်းကာ ၂ ဦးကို စစ်ကောင်စီသတ်ဖြတ်ခဲ့ကြောင်း CRPH ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ကိုင်စွဲထားသည့် ၂၀၀၈ အခြေခံဥပဒေကို ချိုးဖောက်ပြီး ရွေးကောက်ခံအစိုးရကို ဖယ်ရှားကာ အဓမ္မအာဏာသိမ်းခဲ့ခြင်းဖြစ်ကြောင်း ဥပဒေပညာရှင်များနှင့် နိုင်ငံတကာက ရှုမြင်ထားသည်။

CRPH
CRPH

အကြမ်းဖက်စစ်ကောင်စီသည် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၉၃ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ၂ ဥိီးကိုသတ်ဖြတ်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ယနေ့ထုတ်ပြန်သည်။

စစ်တပ်အာဏာသိမ်းချိန်မှစ၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃၄ ဦး ဖမ်းဆီးခံခဲ့ရပြီး ၇ ဦးပြန်လည်လွတ်မြောက်ခဲ့၍ ၂၇ဦးမှာ ထိန်းသိမ်းခံရဆဲဖြစ်သည်။

အလားတူ တိုင်းနှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၇၉ ဦးကိုလည်း ဥပဒေမဲ့ဖမ်းဆီးခဲ့ပြီး ၁၁ ဦးပြန်လည်လွတ်မြောက်ခဲ့ကာ ၂ ဦးမှာ သတ်ဖြတ်ခံခဲ့ရသည်။ ထို့အတွက် တိုင်း၊ ပြည်နယ် ရွေးကောက်ခံအမတ် ၆၆ ဦးမှာ ထိန်းသိမ်းခံထားရဆဲဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ကိုင်စွဲထားသည့် ၂၀၀၈ အခြေခံဥပဒေကို ချိုးဖောက်ပြီး ရွေးကောက်ခံအစိုးရကို ဖယ်ရှားကာ အဓမ္မအာဏာသိမ်းခဲ့ခြင်းဖြစ်ကြောင်း ဥပဒေပညာရှင်များနှင့် နိုင်ငံတကာက ရှုမြင်ထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှတဆင့် ပြည်သူရွေးချယ်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များကို “လွှတ်တော်ဆိုင်ရာဥပဒေများမှအပ အခြားဥပဒေ များဖြင့် အရေးယူခြင်းမရှိစေရ” ဟူသည့် ဥပဒေပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်နေကြောင်း CRPH က ထောက်ပြသည်။

စစ်ကောင်စီက မတရားအကြမ်းဖက်ပြီး အမှုဆင်ဖမ်းဆီးခံရခြင်း၊ နှိပ်စက်ခံရခြင်း၊ သတင်း အဆက်အသွယ်မရရှိဘဲ ထိန်းသိမ်းခံထားရခြင်း၊ ဖမ်းဆီးထိန်းသိမ်းခံ လွှတ်တော်ကိုယ်စားလှယ် အများစုအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ဆိုသည်ကိုပင် မိသားစုဝင်များ ကိုယ်တိုင် မသိရှိရခြင်းနှင့် တရားဥပဒေအရ အကာအကွယ်ရယူခွင့် အပြည့်အဝမရရှိခြင်း စသည့် အခြေခံလူ့ အခွင့်အရေးများ များစွာဆုံးရှုံး‌နေရခြင်းနှင့်စပ်လျဉ်း၍ CRPH သည် သတင်းအချက်အလက် များကို စနစ်တကျ ကောက်ယူပြီး နိုင်ငံတကာလွှတ်တော် အဖွဲ့အစည်းများ နှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများထံသို့ ချိတ်ဆက်ဆောင်ရွက်နေကြောင်း ထုတ်ပြန်သည်။

ထိုသို့ ရွေးကောက်ခံလွှတ်တော်အမတ်များအပေါ် ဖိနှိပ်ရက်စက်ယုတ်မာမှုများသည် ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်ကြေညာထားသော လူ့အခွင့်အရေး ကြေညာစာတမ်းပါ လူတစ်ဦးတစ်ယောက်ချင်းစီ၏ အခွင့်အရေးများကို အကြမ်းဖက်စစ်ကောင်စီက ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်သည်ဟုလည်း CRPH က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။