Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၉၃ ဦးကို ဖမ်းဆီးထိန်းသိမ်းကာ ၂ ဦးကို စစ်ကောင်စီသတ်ဖြတ်ခဲ့ကြောင်း CRPH ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ကိုင်စွဲထားသည့် ၂၀၀၈ အခြေခံဥပဒေကို ချိုးဖောက်ပြီး ရွေးကောက်ခံအစိုးရကို ဖယ်ရှားကာ အဓမ္မအာဏာသိမ်းခဲ့ခြင်းဖြစ်ကြောင်း ဥပဒေပညာရှင်များနှင့် နိုင်ငံတကာက ရှုမြင်ထားသည်။

CRPH
CRPH

အကြမ်းဖက်စစ်ကောင်စီသည် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၉၃ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ၂ ဥိီးကိုသတ်ဖြတ်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ယနေ့ထုတ်ပြန်သည်။

စစ်တပ်အာဏာသိမ်းချိန်မှစ၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃၄ ဦး ဖမ်းဆီးခံခဲ့ရပြီး ၇ ဦးပြန်လည်လွတ်မြောက်ခဲ့၍ ၂၇ဦးမှာ ထိန်းသိမ်းခံရဆဲဖြစ်သည်။

အလားတူ တိုင်းနှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၇၉ ဦးကိုလည်း ဥပဒေမဲ့ဖမ်းဆီးခဲ့ပြီး ၁၁ ဦးပြန်လည်လွတ်မြောက်ခဲ့ကာ ၂ ဦးမှာ သတ်ဖြတ်ခံခဲ့ရသည်။ ထို့အတွက် တိုင်း၊ ပြည်နယ် ရွေးကောက်ခံအမတ် ၆၆ ဦးမှာ ထိန်းသိမ်းခံထားရဆဲဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ကိုင်စွဲထားသည့် ၂၀၀၈ အခြေခံဥပဒေကို ချိုးဖောက်ပြီး ရွေးကောက်ခံအစိုးရကို ဖယ်ရှားကာ အဓမ္မအာဏာသိမ်းခဲ့ခြင်းဖြစ်ကြောင်း ဥပဒေပညာရှင်များနှင့် နိုင်ငံတကာက ရှုမြင်ထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှတဆင့် ပြည်သူရွေးချယ်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များကို “လွှတ်တော်ဆိုင်ရာဥပဒေများမှအပ အခြားဥပဒေ များဖြင့် အရေးယူခြင်းမရှိစေရ” ဟူသည့် ဥပဒေပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်နေကြောင်း CRPH က ထောက်ပြသည်။

စစ်ကောင်စီက မတရားအကြမ်းဖက်ပြီး အမှုဆင်ဖမ်းဆီးခံရခြင်း၊ နှိပ်စက်ခံရခြင်း၊ သတင်း အဆက်အသွယ်မရရှိဘဲ ထိန်းသိမ်းခံထားရခြင်း၊ ဖမ်းဆီးထိန်းသိမ်းခံ လွှတ်တော်ကိုယ်စားလှယ် အများစုအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ဆိုသည်ကိုပင် မိသားစုဝင်များ ကိုယ်တိုင် မသိရှိရခြင်းနှင့် တရားဥပဒေအရ အကာအကွယ်ရယူခွင့် အပြည့်အဝမရရှိခြင်း စသည့် အခြေခံလူ့ အခွင့်အရေးများ များစွာဆုံးရှုံး‌နေရခြင်းနှင့်စပ်လျဉ်း၍ CRPH သည် သတင်းအချက်အလက် များကို စနစ်တကျ ကောက်ယူပြီး နိုင်ငံတကာလွှတ်တော် အဖွဲ့အစည်းများ နှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများထံသို့ ချိတ်ဆက်ဆောင်ရွက်နေကြောင်း ထုတ်ပြန်သည်။

ထိုသို့ ရွေးကောက်ခံလွှတ်တော်အမတ်များအပေါ် ဖိနှိပ်ရက်စက်ယုတ်မာမှုများသည် ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်ကြေညာထားသော လူ့အခွင့်အရေး ကြေညာစာတမ်းပါ လူတစ်ဦးတစ်ယောက်ချင်းစီ၏ အခွင့်အရေးများကို အကြမ်းဖက်စစ်ကောင်စီက ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်သည်ဟုလည်း CRPH က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။