Connect with us

Hi, what are you looking for?

သတင်း

သေဒဏ်စီရင်မှုတွေကို ကန့်ကွက်ဖို့ မြန်မာ သံအမတ်ကို ပြင်သစ်ဆင့်ခေါ်

ဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ ဝေဖန် တုံ့ပြန်မှုတွေကို စစ်ကောင်စီက ထီမထင်သလို တုံ့ပြန်ခဲ့ပြီး ကိုဂျင်မီတို့ ၄ ဦးဟာ အကြိမ်ကြိမ် သေဒဏ်စီရင် ခံထိုက်တယ်လို့ စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဇော်မင်းထွန်းက ပြောကြားထားပါတယ်။

သေဒဏ်စီရင်မှုတွေကို ကန့်ကွက်ဖို့ မြန်မာ သံအမတ်ကို ပြင်သစ် ဆင့်ခေါ်
သေဒဏ်စီရင်မှုတွေကို ကန့်ကွက်ဖို့ မြန်မာ သံအမတ်ကို ပြင်သစ် ဆင့်ခေါ်

တရားမဲ့ သေဒဏ်စီရင်မှုတွေနဲ့ ပတ်သက်လို့ မြန်မာသံအမတ်ကို ဆင့်ခေါ်ပြီး ပြင်သစ်အစိုးရက ကန့်ကွက်ခဲ့ကြောင်း သိရပါတယ်။

အာဏာသိမ်း မြန်မာစစ်တပ်က နိုင်ငံရေး အကျဉ်းသား ၄ ဦးကို သေဒဏ် စီရင်ခဲ့တာနဲ့ ပတ်သက်လို့ ပြင်သစ် အစိုးရက သံတမန်ရေးအရ ဆန့်ကျင် ဆန္ဒပြခဲ့တာလို့ သံတမန် အသိုက်အဝန်းနဲ့ နီးစပ်သူတွေက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ပြင်သစ် နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးကို ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင် ၂၉ ရက်မှာ ပါရီမြို့တော်ဆီ ဆင့်ခေါ်ခဲ့ပြီး စစ်ကောင်စီက နိုင်ငံရေး အကျဉ်းသားတွေကို တရားလက်မဲ့ သေဒဏ် စီရင်တာနဲ့ ပတ်သက်လို့ ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက အာဏာသိမ်းယူလိုက်တဲ့ ဖြစ်စဉ်နောက်ပိုင်း စစ်ကောင်စီက ဆက်တိုက် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို ရပ်တန်းက ရပ်ပစ်ဖို့နဲ့ အဖမ်းဆီး ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံး လွှတ်ပေးဖို့ ပြင်သစ် အစိုးရက တောင်းဆိုကြောင်း မြန်မာ သံအမတ်ဆီ သတိပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ နောက်ပြီး နိုင်ငံရေး အဖွဲ့အစည်းပေါင်းစုံ ပါဝင်တဲ့ စေ့စပ်ဆွေးနွေးမှုတွေ ပြန်လည် စတင်နိုင်ရေး အကောင်အထည် ဖော်ဖို့လည်း ဖိအားပေးခဲ့ကြောင်း သံတမန် အသိုက်အဝန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က စီရင်ခဲ့တယ်လို့ ယုံကြည်ရတဲ့ သေဒဏ် ချမှတ်မှုတွေဟာ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ရမ်းကားပြီး အဆင်အခြင်မဲ့တဲ့ စစ်ကောင်စီဟာ နောက်ထပ် အလားတူ စီရင်မှုတွေ လုပ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်တကြီး ထောက်ပြမှုတွေ ရှိနေပြီး နိုင်ငံတကာက ဒီကိစ္စတွေမှာ လက်ရှိထက်ပိုပြီး တင်းတင်းမာမာ တုံ့ပြန်ဖို့ တောင်းဆိုမှုတွေလည်း မြင့်တက်လာပါတယ်။

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ မီဒီယာတွေက လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်နဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကိုဂျင်မီတို့ အပါအဝင် နိုင်ငံရေး အကျဉ်းသား ၄ ဦးကို သေဒဏ် စီရင်လိုက်ကြောင်း အခုသီတင်းပတ် အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်ပေမယ့် ကိုဂျင်မီတို့ အားလုံးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုတဲ့ ဥပဒေ ခေါင်းစဉ်တပ်ပြီး ကွပ်မျက်ခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ ဝေဖန် တုံ့ပြန်မှုတွေကို စစ်ကောင်စီက ထီမထင်သလို တုံ့ပြန်ခဲ့ပြီး ကိုဂျင်မီတို့ ၄ ဦးဟာ အကြိမ်ကြိမ် သေဒဏ်စီရင် ခံထိုက်တယ်လို့ စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဇော်မင်းထွန်းက ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြင်သစ်နိုင်ငံမှာ ရထားတစ်စီး သံလမ်းချော်မှု ဖြစ်ပွားပြီး လူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဆွီဒင်နဲ့ ပြင်သစ်တို့ဟာ စစ်သင်္ဘော ဝယ်ယူရေး စာချုပ်တစ်ခုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

သတင်း

ပြင်သစ်နိုင်ငံမှာ လူအုပ်ထဲ ကားနဲ့ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် ၁ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရသွားပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

Facebook